ပြည်တွင်းသတင်း

ပြိုနေ‌သောအိမ်ကို အိမ်သစ် ဆောက်ပေးနေသည့် လင်းလင်းနှင့် ချစ်သုဝေ

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အရှေ့ပိုင်း မုဒိတာလမ်းရှိ ပြိုနေ‌သော အိမ်တွင်နေထိုင်သူ မြေးအဖိုးနှစ်ယောက်အတွက် အိမ်သစ်တစ်လုံကို အဆိုတော်လင်းလင်း နှင့် ချစ်သုဝေဇနီး မောင်နှံက အောက်တိုဘာ ၂၉ ရက်မှ စတင်ဆောက်လုပ်ပေးနေကြောင်း သိရသည်။ ချစ်သုဝေ၏ Messenger ထဲသို့ ပရဟိတ နှင့် Clean Yangon ၏ ပဲ့ကိုင် ကိုဇေယျာထွန်း ပို့လိုက်သည့် ပုံလေးတစ်ပုံ ရောက်ရှိလာပြီး ပြိုနေသလို မြေကြီးထဲနစ်ဝင်နေလား မသဲကွဲဘဲ တံခါးပေါက်လည်းမရှိသည့် အိမ်လေးတစ်လုံး ပုံလေးဖြစ်နေသည်။

အဆိုပါ အိမ်ကိုကြည့်ပြီး ” ဘဝတွေဟာ ခါးကြသလို ဒီကိုဗစ်ဟာ သူမကိုသင်ပေးတာတွေ အများကြီးပါ။ ဒါလုပ်ကိုလုပ်ပေးရမှာမို့ ခြေတံရှည် လုံခြုံမယ့် အိမ်လေးဖြစ်စေဖို့ခင်ပွန်းဖြစ်သူကို တိုင်ပင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဖေရေ မေတို့ အိမ်လေးပြန်ဆောက်ပေးကြမယ်လို့တောင်မပြောရသေးဘူး ကိုယ့်လူက မျက်ရည်တွေနဲ့ မိန်းမရယ်၊ ပြတဲ့ပုံတွေရယ်မြင်တာနဲ့ ဖေတို့ ဆောက်ပေးကြမယ်လို့ ပြန်ပြောပြီး ဒီနေ့ အဲ့ဒီအိမ်လေးကို အရောက်သွားကြည့်ခဲ့ကြတယ်” ဟု ချစ်သုဝေက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည် ။

ပြိုနေသည့်အိမ်၌ ချို့ချို့ငဲ့ငဲ့ နေရသည့် အသက် ၇၀အရွယ် အဘိုးမှာ ဝမ်းစာအတွက် ကုန်စိမ်းရောင်းချအသက် မွေးနေရသူဖြစ်သည်။ ၇ တန်းတက်မည့် ကလေး တစ်ယောက်ရှိပြီး ပြိုကျနေတာကြာပြီဖြစ်သော်လည်း ဝမ်းရေးအတွက် အာရုံစိုက်နေရ‌ကြောင်း ဆိုသည်။ အဘိုးတို့နေသည့် မုဒိတာလမ်းသည် ချောင်းဖြင့် နီးသည့်အတွက် မိုးများပြီး ရေတက်လာတိုင်း ညအချိန်မတော်လည်း အိမ်ထဲကထွက်ပြီး ရေလွတ်ရာ လမ်းမကြီးဘက်ကို သွားနေထိုင်ကြောင်း သိရသည်။

ခေတ်သစ်ဖောင်ဒေးရှင်းက Live Donation project ၏ ပထမဆုံးအလှူအဖြစ် ငွေကျပ် ၉၅ သိန်းတန်ဖိုးရှိ HFNC ၂ လုံး ၊ ငွေကျပ် ၃၁ သိန်း‌ကျော် တန်ဖိုးရှိ PAPR ၄ ခု၊ Extra hood ၄ ခုနှင့် လိုအပ်နေသော ဖိနပ် အရံ ၆၀ ကို အောက် တိုဘာ ၂၉ ရက်တွင် မြောက်ဥက္ကလာပဆေးရုံကြီး ICU သို့ပေးပို့လှူဒါန်းခဲ့သေးသည်။