နိုင်ငံတကာသတင်း

စစ်ကောင်စီကို အာဆီယံဝန်ကြီးများက စိတ်ပျက်သွားပါပြီ

မြန်မာစစ်ကောင်စီရဲ့ မလိမ့်တပတ် ကတိကဝတ်တွေကို စိတ်ပျက်ခဲ့ပါပြီ လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့က ရိုက်တာသတင်း

ဌာနကို ပြောကြားခဲ့ပါတယ် ။ ဒီသတင်းကို ရိုက်တာသတင်းဌာနက တင်ထားတာပါ

ဧပြီလက သဘောတူခဲ့တဲ့ အာဆီယံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က လက်မခံခဲ့ပါဘူး ။ ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့်

အာဆီယံအစည်းအဝေးအတွက်စိတ်ပူတယ်လို့အာဆီယံဝန်ကြီးအချို့က ထုတ်ပြောထားတာပါ ။ မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရ

က်နေ့ကတည်းက ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ နှိမ်နင်းနေတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့

ပြစ်တင်ရှုတ်ချမှု့တွေနဲ့ရင်ဆိုင်နေရပါတယ်အမေရိကနတရုတ်နဲ့ကုလသမဂ္ဂအပါအဝင်ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကပါတီအားလုံး

နဲ့တွေ့ဆုံဆွေးနွေးဖို့အာဆီယံအထူးကိုယ်စားလှယ်ကိုတာဝန်ပေးထားပါတယ်

မြန်မာဟာ ထင်ရှားတဲ့ တိုးတက်မှု့မရှိဘူး ။ စစ်တပ်က အထူးသံတမန်ရဲ့ ကြိုးပမ်းမှု့ကို အပြုသဘော မတုံ့ပြန်ခဲ့ဘူးအင်ဒိုနီးရှားနိုင်ငံခြားေ

ရးဝန်ကြီးRENTMARSUDIကဒေသတွင်းအစည်းအဝေးတစ်ခုမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားခဲ့တာပါ ။

” အဖွဲ့ဝင်အများစုက မြန်မာစစ်ခေါင်းဆောင်တွေကို စိတ်ပျက်နေကြတယ် ” လို့လည်း ပြောထားပါတယ် ။ ဒါကိုကြည့်ရရင်

အာဆီယံဟာဒီတာဝန်ကိုစိတ်ပျက်ပြီးမလုပ်ဆောင်နိုင်တော့ဘူးလို့ပြောလိုက်တာပါပဲစင်္ကာပူနိုင်ငံခြားရေးဝန်ကြီးVIVIANက

လည်း”အာဆီယံကိုယ်စားလှယ်ဟာကတိမတည်တဲ့မြန်မာစစ်တပ်နဲ့အလုပ်လုပ်ဖို့ စိန်ခေါ်မှု့တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၊ တိုးတက်မှု့မရခဲ့ဘူး ” လို့

ပြောထားပါတယ်

မလေးရှားနိုင်ငံခြားရေးဝန်ကြီး SAIFUDDIN ကတော့” ခြေတစ်လှမ်းတိုးသွားတာကိုမှ တိုးတက်မှု့မရှိဘူးဆိုရင် မြန်မာစစ်ခေါ

င်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ ခက်ခဲပါလိမ့်မယ် ” လို့ ဆိုပါတယ် ။ အမည်မဖော်လိုသူ အာဆီယံဝန်ကြီးတစ်ဦးက ” ဒီ

လနှောင်းပိုင်းမှာလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နှင်ထုတ်ဖို့ စီစဉ်နေ

ပါတယ် ” လို့

ရိုက်တာသတင်းဌာနကို အသိပေးထားပါတယ် မြန်မာနိုင်ငံရဲ့ ရှည်လျားတဲ့ စစ်အာဏာရှင်စနစ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု့တွေဟာ အာဆီ

ယံရဲ့ အရှုပ်ထွေးဆုံး ကိစ္စတွေပါ ။ နိုင်ငံခြားရေးဝန်ကြီး အများစုက အာဆီယံရဲ့ မစွက်ဖက်ရေးမူဝါဒကို သွေးတိုးစမ်းခံေ

နရပြီး ၊ စစ်အာဏာရှည်လျားနေတဲ့နိုင်ငံကို စိတ်ပျက်နေကြတာပါ ။

အာဆီယံရဲ့ ကူညီဆောင်ရွက်မှု့တွေကို ဘာ့ကြောင့်လက်မခံရတာလဲ“လို့စစ်ကောင်စီရဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ဇော်မင်း

ထွန်းကိုရိုက်တာသတင်းဌာနကဖုန်းနဲ့မေးမြန်းခဲ့ရာမှာဖြေကြားခြင်းမရှိခဲ့ပါဘူး ။ဒီသတင်းကို ရိုက်တာသတင်းဌာနက မလေး

ရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေကို မေးမြန်းထားတာပါ ။ဆိုရရင်

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာ့အရေးကို ကုလအဖွဲ့ရဲ့ ကိုင်တွယ်ပုံဟာ ” ဆင်က ” နေသလို နှေးကွေး

လေးလံလွန်းတယ်လို့ ဝေဖန်လိုက်ချိန်မှာ ၊ ကုလအတွင်းရေးမှုးက မြန်မာ့အရေးကို နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့

လှုံ့ဆော်လိုက်တယ် ။ ဒီအချိန်မှာ အာဆီယံရဲ့ လုပ်ဆောင်မှု့ဟာ မအောင်မြင်နိုင်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သလိုဖြ

စ်သွားတယ် ။

တကယ်လည်းပဲအာဆီယံကိုယ်စားလှယ်ဟာဂျွန်လို့ခေါ်တဲ့စစ်ဗိုလ်ချုပ်အိုကြီးတွေနဲအလုပ်မဖြစ်ခဲ့ပါဘူးဒါဟအာဆီယံကိုယ်စားလှယ်ရဲကြိုးပမ်း

မှု့အားနည်းချက်ကြောင့်သာမဟုတ်ပဲ၊မလိမ့်တပတ်လုပ်နေတဲ့ စစ်ဗိုလ်ချုပ်အိုကြီးတွေဟာ ဘယ်သူနဲ့မှ ဆွေးနွေးဖို့မလွယ်ဘူးဆိုတာ

ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အစီရင်ခံခဲ့ကြတာပါ ။

ဒါ့ကြောင့်လည်း အာဆီယံအစည်းအဝေးကို ရောက်လာနိုင်တဲ့ မြန်မာစစ်ခေါင်းဆောင်ကို နှင်ထုတ်ကြဖို့ တိုင်ပင်နေပြီး ၊ ကုလနဲ့

နိုင်ငံတကာအသိုင်းအဝိုင်းကို ဆက်လက်ကိုင်တွယ်ကြဖို့အသိပေးလိုက်တာပါ

ကြားသိရတဲ့ပြည်တွင်းအခြေအနေတွေကတော့ခုခံစစ်မှာပြည်သူ့တော်လှန်ရေးအဖွဲ့တွေဘက်ကလက်နက်တွေအဆင့်မြင့်လာတ

ယ်။တိုက်ပွဲတွေစိပ်လာတယ။နေပြည်တော်လိုနေရာမှာတောင်အတွဲလိုက်ပစ်တယ်ဆိုတဲ့သတင်းတွေ ကြားနေရပါတယ် ဘကြီးအော

င် LA

crd