News

ပန်းရောင်နှုတ်ခမ်းသားလေးရရှိဖို့ အလွယ်ကူအထိရောက်ဆုံး သဘာဝနည်းလမ်း (၃) မျိုး

နှုတ်ခမ်းသား ခြောက်သွေ့ပြီး ညိုနေလို့ စိတ်ညစ်နေပါသလား။ အခုတလော ခေတ်စားနေတဲ့ matte နှုတ်ခမ်းနီတွေနဲ့၊ အခြားနှုတ်ခမ်းနီ

တွေက နှုတ်ခမ်းသားကို ခြောက်သွေ့စေပါတယ်။

အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကတော့ နှုတ်ခမ်းသားလေးတွေကို နူးညံ့လာစေတဲ့အပြင် ပန်းရောင်သန်းစေနိုင်တဲ့ သဘာဝနည်း

လမ်းလေးတွေဖြစ်ပါတယ်။

(၁) သံပုရာ

သံပုရာကို အမဲစက်တွေ လျော့နည်းစေဖို့ အသုံးပြုကြသလို နှုတ်ခမ်းသားညိုတဲ့ သူတွေ အတွက်လည်း အထူးကောင်းမွန်ပါတယ်။ညိုနေတဲ့

နှုတ်ခမ်းသားတွေကို သဘာဝအတိုင်း ပန်းရောင် သမ်းလာစေပါတယ်။

အသုံးပြုနည်း

သံပုရာသီးကို အရည်ညှစ်ပြီး ညအိပ်ရာ မဝင်ခင် နှုတ်ခမ်းပေါ်ကို လိမ်းပေးပါ။ ဒီရိုးရှင်းတဲ့ နည်းလေးကို တစ်လလောက် ပုံမှန်လေး လုပ်ပေး

ပါ။ နောက်တစ်နည်းကတော့ သံပုရာခြမ်းလေးကို သကြားတို့ပြီး နှုတ်ခမ်းသားကို ပွတ်ပေးပါ။

အဲလိုလုပ်ပေးခြင်းဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး နှုတ်ခမ်းသားလေးကို အသစ်ပြုပြင်ပြောင်းလဲပေးပါတယ်။ သုံးပတ်လောက်ပုံ

မှန် လုပ်ပေးပါ။

နောက်တစ်နည်းကတော့ သံပုရာရည်၊ အလှဆီ နဲ့ ပျားရည်တို့ကို ဆတူရောစပ်ပြီး ညအိပ်ခါနီးတိုင်း ပုံမှန် လိမ်းပေးပါ။ ထူးခြားမှုကို အမြန်

ဆုံး တွေ့ရမှာပါ။

သံလွင်ဆီ

သံလွင်ဆီဟာ နှုတ်ခမ်းသားကို ဖူးဖူးလေးနဲ့ တောက်ပစေတဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်သံလွင်ဆီဟာ သင့်နှုတ်ခမ်းသားတွေကို အစိုဓာတ်

ဖြည့်ပေးပြီး ပျော့ပျောင်း နူးညံ့လာစေမယ့် မရှိမဖြစ် အဆီတစ်မျိုးဖြစ်ပါတယ်။

အသုံးပြုနည်း

သံလွင်ဆီနဲ့သကြားကို ရောပြီး သင့်ရဲ့နှုတ်ခမ်းကို ပွတ်ပေးပါ။

တစ်ပတ်လောက်ကြာရင် ထူးခြားကောင်းမွန်တဲ့ ရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ် လို့ homeremedies က ဖော်ပြပေးထားပါတယ်။

သကြား

သကြားဟာ သင့်နှုတ်ခမ်းပေါ်က ဆဲလ်သေတွေကို အလွှာလိုက် ကွာကျစေနိုင်တဲ့ သဘာဝ ပစ္စည်းကောင်းတစ်လက် ဖြစ်ပါတယ်။

အသုံးပြုနည်း

သကြားနဲ့ထောပတ်ကို ပျစ်ပျစ်လေးရောလိုက်ပါ။ ရလာတဲ့ အနှစ်နဲ့ နှုတ်ခမ်းသားကို ပွတ်လိမ်းပေးပါ။

တစ်ပတ်ကို တစ်ခါလောက်လုပ်ပေးခြင်းဖြင့် သင့်နှုတ်ခမ်သားလေး စိုပြေပြီး ပန်းရောင်သမ်းလာမှာ ဖြစ်ပါတယ်။

တခြားနည်းကတော့ သကြားကို သင်သုံးနေကျ cream တစ်ခုခုနဲ့ ရောပြီး အိပ်ရာမဝင်ခင်တိုင်း နှုတ်ခမ်းသားကို ပွတ်လိမ်းပေးခြင်းဖြင့်

ထူးခြားကောင်းမွန်တဲ့ ရလဒ်ကို တွေ့မြင်ရမှာပါ။

Credit

Zawgyi ဖြင့်ဖတ်ပါ

ပန်းရောင်နှုတ်ခမ်းသားလေးရရှိဖို့ အလွယ်ကူအထိရောက်ဆုံး သဘာဝနည်းလမ်း (၃) မျိုး

နှုတ်ခမ်းသား ခြောက်သွေ့ပြီး ညိုနေလို့ စိတ်ညစ်နေပါသလား။ အခုတလော ခေတ်စားနေတဲ့ matte နှုတ်ခမ်းနီတွေနဲ့၊ အခြားနှုတ်ခမ်းနီ

တွေက နှုတ်ခမ်းသားကို ခြောက်သွေ့စေပါတယ်။

အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကတော့ နှုတ်ခမ်းသားလေးတွေကို နူးညံ့လာစေတဲ့အပြင် ပန်းရောင်သန်းစေနိုင်တဲ့ သဘာဝနည်း

လမ်းလေးတွေဖြစ်ပါတယ်။

(၁) သံပုရာ

သံပုရာကို အမဲစက်တွေ လျော့နည်းစေဖို့ အသုံးပြုကြသလို နှုတ်ခမ်းသားညိုတဲ့ သူတွေ အတွက်လည်း အထူးကောင်းမွန်ပါတယ်။

ညိုနေတဲ့ နှုတ်ခမ်းသားတွေကို သဘာဝအတိုင်း ပန်းရောင် သမ်းလာစေပါတယ်။

အသုံးပြုနည်း

သံပုရာသီးကို အရည်ညှစ်ပြီး ညအိပ်ရာ မဝင်ခင် နှုတ်ခမ်းပေါ်ကို လိမ်းပေးပါ။ ဒီရိုးရှင်းတဲ့ နည်းလေးကို တစ်လလောက် ပုံမှန်လေး လုပ်ပေး

ပါ။ နောက်တစ်နည်းကတော့ သံပုရာခြမ်းလေးကို သကြားတို့ပြီး နှုတ်ခမ်းသားကို ပွတ်ပေးပါ။

အဲလိုလုပ်ပေးခြင်းဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး နှုတ်ခမ်းသားလေးကို အသစ်ပြုပြင်ပြောင်းလဲပေးပါတယ်။ သုံးပတ်လောက်ပုံ

မှန် လုပ်ပေးပါ။

နောက်တစ်နည်းကတော့ သံပုရာရည်၊ အလှဆီ နဲ့ ပျားရည်တို့ကို ဆတူရောစပ်ပြီး ညအိပ်ခါနီးတိုင်း ပုံမှန် လိမ်းပေးပါ။ ထူးခြားမှုကို အမြန်

ဆုံး တွေ့ရမှာပါ။

သံလြင္ဆီ

သံလွင်ဆီဟာ နှုတ်ခမ်းသားကို ဖူးဖူးလေးနဲ့ တောက်ပစေတဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။

သံလွင်ဆီဟာ သင့်နှုတ်ခမ်းသားတွေကို အစိုဓာတ်ဖြည့်ပေးပြီး ပျော့ပျောင်း နူးညံ့လာစေမယ့် မရှိမဖြစ် အဆီတစ်မျိုးဖြစ်ပါတယ်။

အသုံးပြုနည်း

သံလွင်ဆီနဲ့သကြားကို ရောပြီး သင့်ရဲ့နှုတ်ခမ်းကို ပွတ်ပေးပါ။

တစ်ပတ်လောက်ကြာရင် ထူးခြားကောင်းမွန်တဲ့ ရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ် လို့ homeremedies က ဖော်ပြပေးထားပါတယ်။

သၾကား