ျပည္တြင္းသတင္း

ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် ဇင်ဝိုင်းကို ပြန်လည် ဖမ်းဆီး …

(Unicode ဖြင့်ဖတ်ရန်)

ရန်ကုန်၊ အောက်တိုဘာ ၆

ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီးတဲ့နောက် ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ဖခင်ဖြစ်သူ

သရုပ်ဆောင် ဇင်ဝိုင်းကို ဒီကနေ့ ညပိုင်းမှာ ပြန်လည်ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းကြားသိရပါတယ်။

သရုပ်ဆောင် ဇင်ဝိုင်း(ခ) ဦးဌေးလွင်ကို ရပ်ကွက်အတွင်း မူးရူးအော်ဟစ်ခြင်း၊ ဒေသခံကာကွယ်ရေးတပ်ထဲရောက်နေတဲ့ သားဖြစ်သူ PDF

အဖွဲ့ဝင် မင်းမော်ကွန်းနဲ့ ဆက်သွယ်ခြင်း၊ အမျိုးသားညီညွတ်ရေး

အစိုးရ(NUG)ကို လျှို့ဝှက်ထောက်ပံ့ခြင်း စတာတွေကို လုပ်ဆောင်နေတယ်ဆိုပြီး ပြန်လည်ဖမ်းဆီးလိုက်တာလို့ ကနဦးအဖြစ် သိရှိထားရ

ပါတယ်။

သရုပ်ဆောင် ဇင်ဝိုင်းဟာ အောက်တိုဘာ (၆)ရက်နေ့ ည ၇ နာရီအချိန်မှာ ပြန်လည် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာလို့ သိရပါတယ်။

ဝါရင့်သရုပ်ဆောင် မင်းသားကြီး ဦးဇင်ဝိုင်းကတော့ တစ်နိုင်ငံလုံးမှာ ဆန္ဒထုတ်ဖော်ပွဲတွေစတင်တဲ့အချိန်ကစလို့ ယနေ့အချိန်အထိ

တိုင်အောင် ရဲရဲဝင့်ဝင့် အရှေ့ထွက်ခဲ့တဲ့သူတစ်ဦး ဖြစ်ပါတယ် ။

ဦးဇင်ဝိုင်းက အနုပညာလောကသားတွေကို ရှေ့ဆုံးကနေဦးဆောင်ပြီး ရန်ကုန်မြို့အနှံ့သွားရင်း လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါ

တယ် ။သားဖြစ်တဲ့ မင်းမော်ကွန်းက အိမ်မှာနေဖို့တားတာတောင် ဦးဇင်ဝိုင်းက တစ်ရက်မှမနားဘဲ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ခဲ့တာ

ဖြစ်ပါတယ် ။

ဦးဇင်ဝိုင်းကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက အစပြုခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာ

ရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်ခဲ့သူပဲ ဖြစ်ပါတယ်..။

၈၈ အရေးတော်ပုံကြီးမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့သလို လက်ရှိအခြေအနေတွေမှာလည်း လူငယ်တွေနဲ့အတူ ခိုင်မာပြတ်သားစွာ ပါဝင်ခဲ့တဲ့

ဦးဇင်ဝိုင်းကတော့ ပြီးခဲ့တဲ့ ဧပြီလ(၁၅) ရက်နေ့က နေအိမ်ကနေ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကာ

ဇွန်လ(၇)ရက်နေ့မှာပဲ ပြန်လည်လွတ်မြောက်လာခဲ့ကာ ယနေ့ညမှာ ပြန်လည်ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်။

(Zawgyi ဖြင့်ဖတ်ရန်)

ရန္ကုန္၊ ေအာက္တိုဘာ ၆

ဖမ္းဆီးစစ္ေဆးခံခဲ့ရၿပီးတဲ့ေနာက္ ခံဝန္နဲ႕ ျပန္လႊတ္ေပးထားတဲ့ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းရဲ႕ဖခင္ျဖစ္သူ

သ႐ုပ္ေဆာင္ ဇင္ဝိုင္းကို ဒီကေန႕ ညပိုင္းမွာ ျပန္လည္ဖမ္းဆီးထိန္းသိမ္းလိုက္တယ္လို႔ သတင္းၾကားသိရပါတယ္။

သ႐ုပ္ေဆာင္ ဇင္ဝိုင္း(ခ) ဦးေဌးလြင္ကို ရပ္ကြက္အတြင္း မူး႐ူးေအာ္ဟစ္ျခင္း၊ ေဒသခံကာကြယ္ေရးတပ္ထဲေရာက္ေနတဲ့ သားျဖစ္သူ

PDF အဖြဲ႕ဝင္ မင္းေမာ္ကြန္းနဲ႕ ဆက္သြယ္ျခင္း၊ အမ်ိဳးသားညီၫြတ္ေရး

အစိုးရ(NUG)ကို လွ်ို႔ဝွက္ေထာက္ပံ့ျခင္း စတာေတြကို လုပ္ေဆာင္ေနတယ္ဆိုၿပီး ျပန္လည္ဖမ္းဆီးလိုက္တာလို႔ ကနဦးအျဖစ္ သိရွိ

ထားရပါတယ္။သ႐ုပ္ေဆာင္ ဇင္ဝိုင္းဟာ ေအာက္တိုဘာ (၆)ရက္ေန႕ ည ၇ နာရီအခ်ိန္မွာ ျပန္လည္ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတာ

လို႔ သိရပါတယ္။

ဝါရင့္သ႐ုပ္ေဆာင္ မင္းသားႀကီး ဦးဇင္ဝိုင္းကေတာ့ တစ္နိုင္ငံလုံးမွာ ဆႏၵထုတ္ေဖာ္ပြဲေတြစတင္တဲ့အခ်ိန္ကစလို႔ ယေန႕အခ်ိန္အထိတို

င္ေအာင္ ရဲရဲဝင့္ဝင့္ အေရွ႕ထြက္ခဲ့တဲ့သူတစ္ဦး ျဖစ္ပါတယ္ ။ဦးဇင္ဝိုင္းက အႏုပညာေလာကသားေတြကို ေရွ႕ဆုံးကေနဦးေ

ဆာင္ၿပီး ရန္ကုန္ၿမိဳ႕အႏွံ႕သြားရင္း လူထုလႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္ ။

သားျဖစ္တဲ့ မင္းေမာ္ကြန္းက အိမ္မွာေနဖို႔တားတာေတာင္ ဦးဇင္ဝိုင္းက တစ္ရက္မွမနားဘဲ ျပည္သူေတြနဲ႕အတူ လမ္းေပၚထြက္ခဲ့

တာ ျဖစ္ပါတယ္ ။ဦးဇင္ဝိုင္းကေတာ့ ေဖေဖာ္ဝါရီလ(၁)ရက္ေန႕ကတည္းက အစျပဳခဲ့တဲ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ျပည္

သူေတြနဲ႕အတူ ခိုင္ခိုင္မာမာရပ္တည္ၿပီး လူထုလႈပ္ရွားမႈေတြကို အင္တိုက္အားတိုက္ျပဳလုပ္ခဲ့သူပဲ ျဖစ္ပါတယ္..။

၈၈ အေရးေတာ္ပုံႀကီးမွာ ေရွ႕ဆုံးကေန ပါဝင္ခဲ့သလို လက္ရွိအေျခအေနေတြမွာလည္း လူငယ္ေတြနဲ႕အတူ ခိုင္မာျပတ္သားစြာ ပါဝ

င္ခဲ့တဲ့ဦးဇင္ဝိုင္းကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလ(၁၅) ရက္ေန႕က ေနအိမ္ကေန ဖမ္းဆီးထိန္းသိမ္းခံလိုက္ရကာ

ဇြန္လ(၇)ရက္ေန႕မွာပဲ ျပန္လည္လြတ္ေျမာက္လာခဲ့ကာ ယေန႕ညမွာ ျပန္လည္ဖမ္းဆီးခံလိုက္ရတာပဲျဖစ္ပါတယ္။

crd