ပြည်တွင်းသတင်း

လူမှုဖူလုံရေးအကျုံးမဝင်သောအလုပ်သမားများအတွက် ငွေကျပ် သန်း ၆၀၀ ကျော် ခွင့်ပြုထုတ်ပေးထား

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဖူလုံရေးစနစ်တွင် အကျုံးမဝင်သော အလုပ်သမား နှစ်သောင်းကျော်အတွက် ငွေကျပ် သန်း ၆၀၀ ကျော် ခွင့်ပြုထုတ်ပေးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရပါတယ်။

လူမှုဖူလုံရေးစနစ်တွင် အကျုံးမဝင်သော ဌာနဆိုင်ရာနေ့စားဝန်ထမ်းများ၊ စက်မှုဇုန်၊ အလုပ်ဌာနများမှ ဝန်ထမ်းများကို အောက်တိုဘာ ၂၈ ရက်မှစတင်ကာ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ပေးခြင်းဖြစ်ပြီး Online မှတစ်ဆင့် လျှောက်ထားမှုများအတွက် ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ထောက်ပံ့မှုများကို လူမှုဖူလုံရေးအကျုံးမဝင်သည့် အလုပ်သမား ခြောက်သိန်းကျော်အထိ ခံစားခွင့်ရရှိစေရန် စိစစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိတွင် Online မှတစ်ဆင့် လျှောက်ထားလာမှုများကို စိစစ်ဆောင်ရွက်ပေးနေပြီး ထောက်ပံ့ငွေများထုတ်ပေးနိုင်ရန် စက်မှုဇုန်ရှစ်ခုမှ အလုပ်သမားများနှင့် ဌာနဆိုင်ရာ ၆၇ ခုမှ နေ့စားဝန်ထမ်းများ၏ မြေပြင် စစ်တမ်းကောက်ယူခြင်းများကို အောက်တိုဘာလလယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

YMC