ဗေဒင်ယတြာ

သင့်မွေး ရက်တွေက ပြောပြနေမယ့် သင့်ရဲ့ ချစ်စရာ ကောင်းတဲ့ အမူအရာလေးများ…

တနင်္ဂနွေ

-ချစ်ဖို့ကောင်းတဲ့ နေရာမှာ No.1

-ရုပ်တည်ကြီးနေတတ်ပေမယ့်..တကယ်ခင်သွားရင်လဲသူငယ်ချင်းအဖွဲ့ထဲမှာမျက်နှာအပြောင်ဆုံးကသူပဲ

-အချစ်ကြီးသလောက် အချစ်ရေးမှာတော့ အရမ်းကံခေတယ်ရတာမလိုလိုတာမရတွေလေ.

-အစွဲလန်းလဲကြီးတယ်ချစ်ပြီဆို တခြားလူနဲ့မတူသလိုမုန်းပြီဆိုလဲ လှည့်မကြည့်တတ်ဘူး…

– အချောကြီးမဟုတ်ပေမယ့်ဆွဲဆောင်မှုအရမ်းရှိတယ်ညို့အားအပြင်းဆုံးက အသံ

(အသံလေးကြားဖူးရုံနဲ့တင် စွဲလန်းသွားစေတာမျိုး)

တနင်္လာ

-အထာကျတဲ့ နေရာမှာ No. 1

-တခုခုဆို အရမ်းပြတ်သားတယ်ပြောစရာရှိရင် ဘယ့်သူ့ကိုမှာ အားမနာတတ်ဘူး

-မှန်တဲ့ ဖက်က ရပ်တည်တာမျိုးပေါ့..

-ရန်လိုတဲ့လူ နဲနဲများတယ် ဒါမယ့်ဘသူ့ကိုမှသိပ်ဂရုမစိုက်တတ်ဘူး…ဘလိုအခြေနေပဲဖြစ်ဖြစ် ရင်ဆိုင်ရဲတဲ့ သတ္တိရှိတယ်

-အပေါင်းသင်းဆိုလဲ ရွေးပြီးပဲပေါင်းတယ် အုတ်ရောရော ကျောက်ရောရော သိပ်မထားတတ်ဘူးအတုယောင်တွေကို မုန်းလို့တဲ့လေ

– ညို့အားအပြင်းဆုံးက ခန္ဓာကိုယ်(ယောကျာ်းလေးဆို အရမ်းခန့်ပြီးမိန်းကလေးဆိုလဲ အချိုးအစားကျတယ်..ဆွဲဆောင်မှုအရမ်းရှိတယ်)

အင်္ဂါ

-ဆရာကြီး လုပ်တဲ့နေရာမှာ No.1

-ပြောသာပြောတာနော် သြဇာက အရမ်းညောင်းတယ်

-လူချစ်လူခင်လဲပေါတယ် လူတိုင်းကလဲယုံကြည်တယ် ခေါင်းဆောင်ကောင်း ပီသတဲ့ သူတွေပေါ့…

-ဒါမယ့် သိပ်မပွင့်လင်းတော့ ပျော်တယ်လို့ပဲထင်ရတာအမြဲတမ်းလိုလို အထီးကျန်နေတတ်တယ်…

-မိသားစုဖြစ်ဖြစ် သူငယ်ချင်းတွေထဲမှာပဲဖြစ်ဖြစ်အပစ်ပယ်ခံရတဲ့ အချိန်က များနေတတ်တယ်

– ညို့အားအပြင်းဆုံးက မျက်လုံး(အကြည့်နဲ့ညို့တာနော်…သူတို့နဲ့တွေ့ရင် မျက်လုံးတွေကို သတိထား အရမ်းကြောက်ဖို့ကောင်းတာ..)

ဗုဒ္ဓဟူး

– ရူးတဲ့နေရာမှာ No.1

-တလောကလုံး သူတို့နဲ့တည့်, တဲ့လူ မရှိသလောက်ပဲ

-စိတ်ရင်းကောင်းတယ် အပြောဆိုးတယ်

-စိတ်ဆိုးတုန်းလဲ ခနပဲ ပြီးရင် ဘာမှမဟုတ်ဘူး ပေါင်းသင်းရ ခက်တဲ့သူတွေ…

-အဖေကလွဲရင် တမိသားစုလုံးနဲ့ မျက်နှာကြောမတည့်ဘူးဘလောက်အသက်ကြီးကြီး ခလေးစိတ်ကမပျောက်ဘူး…

– ညို့အားအပြင်းဆုံးက ဆံပင်ပုံစံ(မိန်းကလေးဖြစ်ဖြစ် ယောကျားလေးဖြစ်ဖြစ်သူတို့တွေက ဆံပင်ကို အရမ်းတန်ဖိုးထားတာ)

ကြာသပတေး

-ချန်း တဲ့နေရာမှာNo.1 -ဘာလုပ်လုပ်လွဲတယ် သေချာခိုင်းလေလွဲလေပဲ -တခုခုဆို အမြဲအဆူအငေါက်ခံရတယ်…

-စိတ်ရင်းကောင်းတော့ သူငယ်ချင်းတော့ပေါတာပေါ့ဒါမယ့်အတုအစစ် သိပ်မခွဲတတ်တော့ သူငယ်ချင်းကြောင့်ပဲခနခန ချောက်ချခံရတဲ့သူတွေ….

– အယုံလွယ်တယ် ၊ပိန်းတယ်ကိုယ့်ဖို့ ဘယ်တော့မှမကြည့်တတ်ဘူးအနစ်နာအရမ်းခံတတ်တယ်ညို့အားအပြင်းဆုံးက မျက်နှာ
( သေချာကြည့်မိလေ လှလေပဲ.)

သောကြာ

-လေပွားတဲ့ နေရာမှာ No.1

-အရမ်းစကားများတယ် အကြောင်းမရှိအကြောင်းရှာပြီးကို တတွတ်တွတ်ပြောနေတာ…

-ဒါမယ့် အကုန်လုံးကို သီးခံပြီးပေါင်းတတ်တယ် ရောက်တဲ့နေရာမှာ ချစ်မယ့်လူပေါတယ်
.
– ပြသနာတော့ ခနခနဖြစ်တယ် ပြသနာကမလာရင်တောင် သူတို့ကသွားရှာတာ အယုံလွယ်သလောက်သူတို့ဘေးမှာလဲ လိမ်မယ့်လူတွေချည်းပဲ….ညို့အားအပြင်းဆုံးက တော်ကီ..( အပြောတွေအောက်မှာ မျောသွားအောင်ကိုစွမ်းတာ သတိထားပြီးသာ ဆက်ဆံ..)

စနေ

ယုတ်မာတဲ့ နေရာမှာ No.1

-အစစအရာရာ ဗိုလ်ကျတယ် လိုချင်တာမရရင် တလောကလုံး စိန်ခေါ်ဖို့လဲ ဝန်မလေးဘူး

-နေရာတကာ စိတ်ကြီးတတ်တဲ့ ဒေါသအိုးလေးတွေ..

-ဒါမယ့် စိတ်ရင်းကောင်းတယ် အပေါင်းအသင်းမင်တယ် အနစ်နာခံတတ်လို့လဲ ချစ်မယ့်လူပေါတယ်

– ထင်တိုင်းကြဲနေတတ်ပေမယ့် အဆင်မပြေတာတွေ ခနခနကြုံနေတတ်တယ်

-ဘယ့်သူ့ကိုမှလဲ သိပ်မယုံဘူး သူတို့အနားလာတဲ့လူတိုင်းကို သံသယမျက်လုံးတွေနဲ့ပဲ ကြည့်တတ်တယ် ညို့အားအပြင်းဆုံးက အပြုံး…

( အထူးသဖြင့် သွားတက်၊ ပါးခွက် တွေပါနေတတ်တယ် သူတို့ပြုံးနေရင် မျက်နှာသာ ရအောင်လွှဲ အပြုစားခံရတာထက်ဆိုးတယ်..)

credit