အေထြေထြဗဟုသုတ

စစ်တိုင်းမှူး အကျယ်ချုပ် ချခံလိုက်ရပြီအချင်းချင်း ကွဲလန်ကုန်ပြီ

စစ်ကောင်စီက စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ချင်းပြည်နယ် အတွင်း တော်လှန်ရေး တပ်ဖွဲ့များကို ဖြိုခွင်းရန်

စစ်ဆင်ရေး အထူးအဖွဲ့မှူး နှစ်ဦး စေလွှတ်လိုက်လိုက်ပြီး တိုက်ပွဲ အရှုံးများကြောင့် အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကို

နေအိမ် အကျယ်ချုပ် ထားရှိသည် ဟု စစ်ဘက်လေ့လာသူများက မဇ္ဈိမကို ပြောသည် အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့မှူး

ဒုဗိုလ်ချုပ်ကြီး တေဇာကျော်ကို မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခ သို့ စက်တင် ဘာလ အလယ်က စေလွှတ်ခဲ့ပြီးနောက်

အမှတ် ၆ စစ်ဆင်ရေးမ အထူး အဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို မကြာသေးခင်ရက်ပိုင်း အတွင်းက ထပ်မံ စေလွှတ်ခဲ့သည်

တပ်မှာ တခါမှ မကြုံဖူးတဲ့ စစ်ဆင်ရေး ဒေ သ တခုကို ကစထမှူး နှစ်ယောက်ကို စေလွတ်ပြီး အနီးကပ် တိုက်ရိုက် ကွပ်ကဲဖို့ စေလွှတ် ဟု

စစ်ဘက် စောင့်ကြည့် လေ့လာသူ တစ်ဦးက မဇ္ဈိမသို့ ပြောသည် နမခ နယ်မြေအတွင်း စစ်ဆင်ရေးများ မအောင်မြင်မှု

ကျဆုံး စစ်သည် အရေအတွက် များပြားမှု စီမံခန့်ခွဲ အုပ်ချုပ်မှု ညံဖျင်းမှု ဆိုသည့် ပြစ်ချက်များနှင့် စစ်တိုင်းမှူး တာဝန်ယူခဲ့ရသူ

ဗိုလ်မှူးချုပ် ဖြိုးသန့်ကိုတော့ တာဝန်မှ ရပ်စဲပြီး နေအိမ် အကျယ်ချုပ် ထားရှိသည်ဟု စစ်ဘက်သတင်း ရပ်ကွက်များ အရသိရသည်

ဖေဖော် ဝါရီလ ၁ ရက် အာဏာသိမ်းသည့် နေ့က တေ ဇ အပတ်စဉ် ၂၃bဆင်း ဗိုလ်မှူးချုပ် ဖြိုးသန့်မှာ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်

၄ တပ်မမှူး အဖြစ် ရန်ကုန်တိုင်း၏ လုံခြုံရေးဆောင်ရွက် ရခြင်းနှင့် အရေးကြီး ပုဂ္ဂိုလ်များ ဖမ်းဆီး ထိန်းသိမ်းခြင်း များကို

တာဝန် ယူခဲ့ရသူထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည် နောက်ပိုင်းတွင် နမခ တိုင်းမှူး ဖြစ်လာခဲ့သည်

ယခုအခါ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကိုပါ မုံရွာသို့ စေလွှတ် လိုက်ခြင်းနှင့် ပတ်သက်၍ ယခင် နမခ တိုင်းမှူး

တာဝန် ယူခဲ့ ဖူးသူလည်း ဖြစ်တယ် ရဲချုပ်လည်းဖြစ်နေတော့ ခေတ္တတိုင်းမှူး တာဝန်ယူခိုင်းပြီး လုံခြုံရေး ရဲတပ်ရင်း များ

နယ်မြေခံ ပြည်ထဲရေး ဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင် အားလုံးကို တိုက်ရိုက် ကွပ်ကဲပြီး အကြမ်းဖက်

ဖမ်းဆီး နှိမ်နင်းချင်တဲ့ အတွက်လဲ ဖြစ်တယ် ဟု စစ်ရေး လေ့လာသူ တစ်ဦးက မှတ်ချက်ပြုသည်
ကစထ ၁ မှူး တေဇာကျော် ကလည်း

စစ်ဆင်ရေး ဝင်နေတဲ့ နယ်မြေခံ တပ်တွေ တပ်မတွေနဲ့ မစိမ်းတဲ့ သူဖြစ်တော့ ဘယ်လိုတပ်တွေ ကွပ်ကဲ ရမယ် ဆိုတာ သိပြီးသား လူကို

စေလွှတ်ခြင်းလည်း ဖြစ်တယ် ဟု သူက ထပ်ပြောသည် နမခ နယ်အတွင်း အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်ဝင်း

သံချပ် ကာယန္တရား တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်လွင်ဦးတို့ နှစ်ဦးကိုလည်း လက်န က်ကြီး ပစ်ကူ

အနီးကပ် ညွှန်ကြားဖို့ စေလွှတ်ထားသည် ဟု သတင်း ရင်းမြစ်များက ပြောသည် ပြည်ထဲရေးဝန်ကြီး ဌာနဒုဝန်ကြီးလည်း ဖြစ်သူ

ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် DSA အပတ်စဉ် ၂၉ သည် သဘောထား တင်းမာ ပြတ်သားသူ ဖြစ်ကာ ဖေဖော်ဝါ ရီလ ၁၆ ရက်နေ့က

ဒုဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်ခံရာကာ နေပြည်တော်၏ ကစထ ၆ မှူးဖြစ်လာခဲ့သည်
ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်၏ ညီဖြစ်သူ

စစ်အာဏာရှင် ဆန့်ကျင်ရေး သမား ကိုစိုးမိုးလှိုင် ခ ကိုမဲကြီးသည် မေလအတွင်းက စစ်ကြောရေးတွင် ဖမ်းဆီးခံရပြီး

နှစ်ရက်အကြာ သေဆုံးခဲ့ရသည် သူရဲ့တာဝန်ဘယ်လို ကျေပွန်အောင် လုပ်ဆောင် ပါတယ်ဆိုတဲ့ အမိန့် နာခံမှု အကြောင်း

မအလ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို သက်သေပြ ခဲ့သူလည်း ဖြစ်တဲ့ လူသား မဆန်တဲ့လူတစ်ယောက်ပါ ဟု

စစ်ဘက် လေ့လာသူ တစ်ဦးက မှတ်ချက်ချ သူဖြစ်သည်။

crd