နိုင္ငံတကာသတင္း

မိုးလင်းပေါက် တီဗီကြည့်တတ်တဲ့ ကောင်လေးကြောင့် လူ(၇၅)ဦး အသက်ဘေးလွတ်

အိန္ဒိယနိုင်ငံ Maharastr ပြည်နယ်မှာ ထူးထူးခြားခြား အသက်၁၈နှစ်အရွယ် ဟီးရိုးကောင်လေးတစ်ယောက်ရဲ့အကြောင်းကို storypick သတင်းကနေ အခုလို သိရပါတယ်။ Kunal Mohite အမည်ရတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဟာ Dombivli မြို့ထဲက နှစ်ထပ်တိုက်အဆောက်အဦးမှာ နေထိုင်သူဖြစ်ပါတယ်။ မနက်မိုးလင်းပေါက်ထိ ဇာတ်လမ်းတွဲစီးရီးတွေကို ထိုင်ကြည့်တတ်တဲ့သူဟာ တစ်နေ့တော့ ၎င်းနှစ်ထပ်တိုက်မှာနေထိုင်သူတွေရဲ့ အသက်ကိုကယ်ဆယ်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

“ကျွန်တော် ဇာတ်လမ်းတွဲကြည့်နေတုန်း ကျွန်တော်တို့မီးဖိုချောင်ပြိုကျလာတာကိုမြင်လိုက်တယ်။ ဒါနဲ့ ချက်ချင်းပဲ လူတွေကို ဒီအဆောက်အဦးကနေ ဘေးလွတ်ရာပြောင်းဖို့ လိုက်သတိပေးခဲ့တယ်။” လို့ Kunal က ဆိုပါတယ်။ သူဟာ ချက်ချင်းပဲ သူ့မိသားစုဝင်တွေနဲ့ အဆောက်အဦးထဲမှာရှိတဲ့ အခြားလူတွေကိုပါ လိုက်လံသတိပေးခဲ့တာဖြစ်ပါတယ်။ သူ့ကြောင့် ၂ထပ်တိုက်ကြီးတစ်ခုလုံး ဖုန်မှုန့်မဖြစ်သွားခင် တိုက်တွင်းနေထိုင်ကြတဲ့ လူ၇၅ ဦးစလုံး လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

 

သတင်းတွေအရတော့ ဒီအဆောက်အဦးကို လွန်ခဲ့တဲ့ ၉လကတည်းက နေထိုင်ရန်မသင့်တဲ့ အန ္တရာယ်ရှိအဆောက်အဦးလို့ ကြေညာထားခဲ့တာပါ။ တိုက်မှာနေထိုင်ကြသူတွေကိုလည်း ဘေးလွတ်ရာကိုအိမ်ရွှေ့ပြောင်းကြဖို့ သတိပေးထားပြီးဖြစ်ပါတယ်။ Kunal ကတော့ အဲ့ဒီအချိန်တုန်းက သူတို့ဘာလို့မပြောင်းခဲ့ရလဲဆိုတာ အခုလိုပြောပြပါတယ်။ “အာဏာပိုင်တွေဆီက နို့တစ်ရပါတယ်။ ဒါပေမဲ့ ဒီတိုက်မှာနေတဲ့သူတွေက ပိုက်ဆံမရှိကြဘူး။ သွားစရာနေရာလည်းမရှိတော့ ဒီမှာနေရုံကလွဲလို့ မတတ်နိုင်ကြပါဘူး။” လို့ ပြောပြခဲ့ပါသေးတယ်။

Credit-ShweMom

Zawgyi

အိႏိၵယႏိုင္ငံ Maharastra ျပည္နယ္မွာ ထူးထူးျခားျခား အသက္၁၈ႏွစ္အရြယ္ ဟီးရိုးေကာင္ေလးတစ္ေယာက္ရဲ႕အေၾကာင္းကို storypick သတင္းကေန အခုလို သိရပါတယ္။ Kunal Mohite အမည္ရတဲ့ ဆယ္ေက်ာ္သက္ေလးတစ္ေယာက္ဟာ Dombivli ၿမိဳ႕ထဲက ႏွစ္ထပ္တိုက္အေဆာက္အဦးမွာ ေနထိုင္သူျဖစ္ပါတယ္။ မနက္မိုးလင္းေပါက္ထိ ဇာတ္လမ္းတြဲစီးရီးေတြကို ထိုင္ၾကည့္တတ္တဲ့သူဟာ တစ္ေန႔ေတာ့ ၄င္းႏွစ္ထပ္္တိုက္မွာေနထိုင္သူေတြရဲ႕ အသက္ကိုကယ္ဆယ္ခဲ့တဲ့ သူရဲေကာင္းတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

“ကြ်န္ေတာ္ ဇာတ္လမ္းတြဲၾကည့္ေနတုန္း ကြ်န္ေတာ္တို႔မီးဖိုေခ်ာင္ၿပိဳက်လာတာကိုျမင္လိုက္တယ္။ ဒါနဲ႔ ခ်က္ခ်င္းပဲ လူေတြကို ဒီအေဆာက္အဦးကေန ေဘးလြတ္ရာေျပာင္းဖို႔ လိုက္သတိေပးခဲ့တယ္။” လို႔ Kunal က ဆိုပါတယ္။ သူဟာ ခ်က္ခ်င္းပဲ သူ႔မိသားစုဝင္ေတြနဲ႔ အေဆာက္အဦးထဲမွာရွိတဲ့ အျခားလူေတြကိုပါ လိုက္လံသတိေပးခဲ့တာျဖစ္ပါတယ္။ သူ႔ေၾကာင့္ ၂ထပ္တိုက္ၾကီးတစ္ခုလံုး ဖုန္မႈန္႔မျဖစ္သြားခင္ တိုက္တြင္းေနထိုင္ၾကတဲ့ လူ၇၅ ဦးစလံုး လြတ္ေျမာက္ခဲ့တာျဖစ္ပါတယ္။

သတင္းေတြအရေတာ့ ဒီအေဆာက္အဦးကို လြန္ခဲ့တဲ့ ၉လကတည္းက ေနထိုင္ရန္မသင့္တဲ့ အႏ ၱရာယ္ရွိအေဆာက္အဦးလို႔ ေၾကညာထားခဲ့တာပါ။ တိုက္မွာေနထိုင္ၾကသူေတြကိုလည္း ေဘးလြတ္ရာကိုအိမ္ေရႊ႕ေျပာင္းၾကဖို႔ သတိေပးထားၿပီးျဖစ္ပါတယ္။ Kunal ကေတာ့ အဲ့ဒီအခ်ိန္တုန္းက သူတို႔ဘာလို႔မေျပာင္းခဲ့ရလဲဆိုတာ အခုလိုေျပာျပပါတယ္။ “အာဏာပိုင္ေတြဆီက ႏို႔တစ္ရပါတယ္။ ဒါေပမဲ့ ဒီတိုက္မွာေနတဲ့သူေတြက ပိုက္ဆံမရွိၾကဘူး။ သြားစရာေနရာလည္းမရွိေတာ့ ဒီမွာေနရံုကလြဲလို႔ မတတ္ႏိုင္ၾကပါဘူး။” လို႔ ေျပာျပခဲ့ပါေသးတယ္။

Credit-ShweMom