ဖဲြ႔စည္းပုံအသစ္အရလုပ္သက္ရင့္မူလတန္းေက်ာင္းအုပ္ႀကီးေတြနိုဝင္ဘာ၁ရက္မွစတင္ကာအထက္တန္းျပလစာတိုးၿပီျဖစ္ေၾကာင္းပညာေရးဝန္ႀကီးဌာနအေျခခံပညာဦးစီးဌာနမွသိရသည္။ လစာတိုး၊ရာထူးတိုးသတင္းႏွင့္ပတ္သက္၍နိုဝင္ဘာ၃ရက္ဆက္သြယ္ေမးျမန္းရာတြင္
ပညာေရးဝန္ႀကီးဌာနအေျခခံပညာဦးစီးဌာနမွၫႊန္ၾကားေရးမႉးခ်ဳပ္ဦးကိုေလးဝင္းကအတည္ျပဳေျပာၾကားပါတယ္။ “လုပ္သက္၁၀ႏွစ္နဲ႕အထက္ေပါ့။သူကဖြဲ႕စည္းပုံအသစ္အရသူကSAT လစာရသြားမယ္။ နိုဝင္ဘာ၁ရက္ေန႕ကစၿပီးစတင္ခံစားရတာဆိုေတာ့နိုဝင္ဘာလကုန္လစာတိုးရတာေပါ့။
က်န္တဲ့မူလတန္းေက်ာင္းအုပ္ေတြလည္းေနာက္ပိုင္းျဖည္းျဖည္းခ်င္းမူအုပ္အားလုံးကိုေပးဖို႔ရွိတယ္။အသုတ္လိုက္၊ အသုတ္လိုက္ေပးရမွာ။ မူအုပ္ေတြရဲ႕လစာစေကးသည္အလယ္တန္းျပရဲ႕လစာစေကးနဲ႕အတူတူပဲ။ အခုကမူအုပ္ေတြကအထက္တန္းျပရဲ႕လစာစေကးနဲ႔တူေအာင္လုပ္ေပးရတဲ့
သေဘာပဲ။ မူလတန္းဆိုလည္းမူလတန္းအတြင္းမွာရာထူးတိုးတဲ့အဆင့္ျဖစ္မယ္။ အလယ္တန္းဆိုလည္းအလယ္တန္းအတြင္းမွာရာထူးတိုးတဲ့အဆင့္ျဖစ္မယ္ေပါ့။ မူလတန္းျပအခုခန႔္တဲ့ကေလးေတြေတာ့တိုးမွာမဟုတ္ေသးဘူး။ ေနာက္မၾကာခင္မွာဖြဲ႕စည္းပုံအသစ္အရမူလတန္းျပႏုတဲ့
ကေလးေတြကလက္ေထာက္မူလတန္းျပရာထူးနဲ႕သြားမယ္။ ၿပီးရင္ဒုတိယမူလတန္းျပဆိုတာအရင္ကအလယ္တန္းျပရာထူးလစာနဲ႔တူသြားမယ္။ ၿပီးရင္မူလတန္းလို႔ေခၚၿပီဆိုရင္SAT နဲ႕အတူတူပဲလခကျဖစ္သြားမယ္။ မူလတန္းထဲမွာတင္အဆင့္ျမင့္ေပးတာေပါ့။ အလယ္တန္းျပလည္း
အဲဒီလိုသြားမယ္” ဟု၎ကေျပာသည္။ လက္ရွိတြင္အေျခခံပညာေက်ာင္းေပါင္းငါးေသာင္းေက်ာ္ ဆရာဆရာမအင္အားသိန္းႏွင့္ခ်ီရွိေၾကာင္းသိရသည္။ ပညာေရးဝန္ႀကီးဌာန၏စက္တင္ဘာလအတြင္းသတင္းထုတ္ျပန္ခ်က္အရ၂၀၁၅-၁၆ဘ႑ႏွစ္မွ၂၀၁၉-၂၀အထိပညာေရးအသုံးစရိတ္
၉ဆအထိတိုးတက္လာခဲ့သည္။ ၂၀၁၆ခုႏွစ္မွ ၂၀၂၁အထိပညာေရးအသုံးစရိတ္၁၂၂၃၉ဘီလီယံက်ပ္သုံးစြဲခဲ့ၿပီးတိုးတက္မႈရာခိုင္ႏႈန္း၁၄၂ရာခိုင္ႏႈန္းထိပညာေရးက႑အေနျဖင့္တိုးတက္ခဲ့ေၾကာင္းသိရသည္။ ခရက္ဒစ္
ယူနီကုဒ္ျဖင့္ ဖတ္ရန္
ဖွဲ့စည်းပုံအသစ်အရလုပ်သက်ရင့်မူလတန်းကျောင်းအုပ်ကြီးတွေနိုဝင်ဘာ၁ရက်မှစတင်ကာအထက်တန်းပြလစာတိုးပြီဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနမှသိရသည်။ လစာတိုး၊ရာထူးတိုးသတင်းနှင့်ပတ်သက်၍နိုဝင်ဘာ၃ရက်ဆက်သွယ်မေးမြန်းရာတွင်
ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းကအတည်ပြုပြောကြားပါတယ်။ “လုပ်သက်၁၀နှစ်နဲ့အထက်ပေါ့။သူကဖွဲ့စည်းပုံအသစ်အရသူကSAT လစာရသွားမယ်။ နိုဝင်ဘာ၁ရက်နေ့ကစပြီးစတင်ခံစားရတာဆိုတော့နိုဝင်ဘာလကုန်လစာတိုးရတာပေါ့။
ကျန်တဲ့မူလတန်းကျောင်းအုပ်တွေလည်းနောက်ပိုင်းဖြည်းဖြည်းချင်းမူအုပ်အားလုံးကိုပေးဖို့ရှိတယ်။အသုတ်လိုက်၊ အသုတ်လိုက်ပေးရမှာ။ မူအုပ်တွေရဲ့လစာစကေးသည်အလယ်တန်းပြရဲ့လစာစကေးနဲ့အတူတူပဲ။ အခုကမူအုပ်တွေကအထက်တန်းပြရဲ့လစာစကေးနဲ့တူအောင်လုပ်ပေးရတဲ့
သဘောပဲ။ မူလတန်းဆိုလည်းမူလတန်းအတွင်းမှာရာထူးတိုးတဲ့အဆင့်ဖြစ်မယ်။ အလယ်တန်းဆိုလည်းအလယ်တန်းအတွင်းမှာရာထူးတိုးတဲ့အဆင့်ဖြစ်မယ်ပေါ့။ မူလတန်းပြအခုခန့်တဲ့ကလေးတွေတော့တိုးမှာမဟုတ်သေးဘူး။ နောက်မကြာခင်မှာဖွဲ့စည်းပုံအသစ်အရမူလတန်းပြနုတဲ့
ကလေးတွေကလက်ထောက်မူလတန်းပြရာထူးနဲ့သွားမယ်။ ပြီးရင်ဒုတိယမူလတန်းပြဆိုတာအရင်ကအလယ်တန်းပြရာထူးလစာနဲ့တူသွားမယ်။ ပြီးရင်မူလတန်းလို့ခေါ်ပြီဆိုရင်SAT နဲ့အတူတူပဲလခကဖြစ်သွားမယ်။ မူလတန်းထဲမှာတင်အဆင့်မြင့်ပေးတာပေါ့။ အလယ်တန်းပြလည်း
အဲဒီလိုသွားမယ်” ဟု၎င်းကပြောသည်။ လက်ရှိတွင်အခြေခံပညာကျောင်းပေါင်းငါးသောင်းကျော် ဆရာဆရာမအင်အားသိန်းနှင့်ချီရှိကြောင်းသိရသည်။ ပညာရေးဝန်ကြီးဌာန၏စက်တင်ဘာလအတွင်းသတင်းထုတ်ပြန်ချက်အရ၂၀၁၅-၁၆ဘဏ္ဍနှစ်မှ၂၀၁၉-၂၀အထိပညာရေးအသုံးစရိတ်
၉ဆအထိတိုးတက်လာခဲ့သည်။ ၂၀၁၆ခုနှစ်မှ ၂၀၂၁အထိပညာရေးအသုံးစရိတ်၁၂၂၃၉ဘီလီယံကျပ်သုံးစွဲခဲ့ပြီးတိုးတက်မှုရာခိုင်နှုန်း၁၄၂ရာခိုင်နှုန်းထိပညာရေးကဏ္ဍအနေဖြင့်တိုးတက်ခဲ့ကြောင်းသိရသည်။ ခရက်ဒစ်