အနုပညာသတင်း








Source : jhon lwin
Credit:CeleKhitThit

သူများကိစ္စကို attention ယူပြီးအင်တာဗျူးမဖြေဖို့ ဇာဇာထက်ရဲ့တိုက်ရိုက်သတိပေးခြင်း ခံလိုက်ရတဲ့ ဂျွန်လွင်

ပရိသတ်ကြီးရေ ဆရာဂျွန်လွင် ကတော့ International Modeling Agency ရဲ့ ပဲ့ကိုင်ရှင် တစ်ဦးဖြစ်ပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေ ထွက်ပေါ်လာအောင် သင်ကြားပေးနိုင်တဲ့ သူတစ်ဦးပါ။ အရေးကြီးတဲ့ ထိပ်တန်းအနုပညာပွဲတွေမှာလည်း ဆရာဂျွန်လွင်ဟာ မပါမဖြစ်ပါဝင်ရသူ တစ်ဦးဖြစ်ပါတယ်။

မော်ဒယ်လ် မင်းသမီးမင်းသားတွေရဲ့ လက်ဦးဆရာဖြစ်တဲ့ဂျွန်လွင် ကတော့ အနုပညာရှင်တွေရဲ့ပြဿနာ တော်တော် များများမှာလည်း ပါဝင်ဖြေရှင်းတတ်တဲ့သူ တစ်ယောက်ဖြစ်တဲ့ အပြင် အင်တာဗျူးတွေ မှာလည်း တပည့်တွေအတွက် အမြဲဖြေကြားပေးတဲ့ သူတစ်ယောက်ပါ။ လတ်တလောမှာလည်း ဂျွန်လွင်ဟာအင်တာဗျူးတစ်ခုကို ဖြေဆိုခဲ့တဲ့အပေါ် တစ်ဖက်ကအထင်မြင်လွဲမှုများဖြစ်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဂျွန်လွင်အနေနဲ့ ကလည်း ဇာဇာထက်နဲ့နေလင်းကျော် တို့ဖြစ်ပွားလျက် ရှိတဲ့အမှုကိစ္စ​ အပေါ်ဖြေကြားခဲ့မှုကို ဇာဇာထက်ကliveလွှင့်ကာ သူမတို့ရဲ့အမှု ကိစ္စနဲ့ပတ်သက်ပြီးဖြေကြား ခဲ့မှုကို တိုက်ရိုက်ပြောဆိုခဲ့တာပါ။ ဂျွန်လွင် ကတော့”ငါစိတ်လျော့ တဲ့ အချိန်မှာ တမျိုးပြီးတမျိုးပါလားနော် အသိ သတိ”ဆိုကာ သူ့ရဲ့ရင်တွင်းခံစားချက်ကိုတင် လာခဲ့တာပါ။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံး ကျန်းမာပျော်ရွှင်ကြပါစေနော်။

Source : jhon lwin
Credit:CeleKhitThit