ျပည္တြင္းသတင္း

ဘလူးတုစပီကာနဲ့ထုပြီး ရန်ဖြစ်​နေကြတဲ့ Q စင်တာမှ ဖဲသမားများ

ဧရာဝတီတိုင္း၊ ဘိုကေလးၿမိဳ႕ အမွတ္ ၃ အေျခခံပညာအထက္တန္းေက်ာင္းမွာ နိုဝင္ဘာ ၃ ရက္ မနက္ပိုင္းက ကြာရန္တင္းဝင္ေနသူ ႏွစ္ဦး ဖဲဝိုင္းမွာ စကားမ်ားၿပီးဘလူးတုစပီကာနဲ႕ထုတဲ့အတြက္ တစ္ဦးေခါင္းကြဲသြားတယ္လို႔ ၿမိဳ႕နယ္က်န္းမာေရးအေထာက္အကူျပဳေကာ္မတီထံကသိရပါတယ္။

ဘိုကေလးၿမိဳ႕နယ္ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ ကုသေရးႏွင့္ အေရးေပၚတုံ႕ျပန္ေရးေကာ္မတီတာဝန္ရွိသူတစ္ဦးက “ေခါင္းကြဲသြားတဲ့သူက နိုဝင္ဘာ ၄ ရက္ေန႕မွာရက္ျပည့္ၿပီ စပီကာနဲ႕ထုတဲ့သူကဝင္တာ ၄ ရက္ပဲရွိေသးတယ္။ အဲ့ကိစၥနဲ႕ ပတ္သက္ၿပီးရဲကဒဏ္ရာရတဲ့သူကိုေမးတယ္။

ေက်ေအးပါတယ္ဆိုတာနဲ႕အမႈမဖြင့္ဘူး။” လို႔ ေျပာပါတယ္။ ဘိုကေလးမွာကြာရန္တင္းဝင္ေနသူ လူဦးေရ ၁၀၀ ရွိၿပီး Positive လူနာေတြနဲ႕ထိေတြ႕ခဲ့သူေတြကိုေတာ့ ဘိုကေလးပညာေရးေကာလိပ္မွာ ထားရွိတာပါ။ အခုအခါ ဘိုကေလးၿမိဳ႕နယ္မွာ ကိုဗစ္ အတည္ျပဳလူနာ ၅ဦးရွိကာ

ဘိုကေလးကုတင္ ၁၀၀ ေဆး႐ုံမွာကုသေပးေနတယ္လို႔ ၿမိဳ႕နယ္က်န္းမာေရးအေထာက္အကူျပဳေကာ္မတီ ထံက သိရပါတယ္။ အခုလိုျဖစ္ပြားခဲ့တဲ့ ဘိုကေလးၿမိဳ႕အမွတ္ ၃ အေျခခံပညာအထက္တန္းေက်ာင္း ကြာရန္တင္စင္တာမွာေအာက္တိုဘာ ၁၂ရက္ေန႕ကလည္းစည္းကမ္းေဖာက္ဖ်က္ၿပီး

ေကာ္မတီ အေပၚ မဟုတ္မမွန္ေျပာဆို လိုက္ဖ္ လႊင့္ခဲ့သူ ႏွစ္ဦးကို ဘိုကေလးၿမိဳ႕နယ္ ကိုဗစ္ ကာကြယ္ ထိန္းခ်ဳပ္ကုသေရးႏွင့္ အေရးေပၚတုံ႕ျပန္ေရးေကာ္မတီကအမႈဖြင့္အေရးယူဖို႔ဘိုကေလးၿမိဳ႕မ

ရဲစခန္းမွာ တိုင္ၾကားထားပါတယ္။ အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႕ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းမှာ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ကွာရန်တင်းဝင်နေသူ နှစ်ဦး ဖဲဝိုင်းမှာ စကားများပြီးဘလူးတုစပီကာနဲ့ထုတဲ့အတွက် တစ်ဦးခေါင်းကွဲသွားတယ်လို့ မြို့နယ်ကျန်းမာရေးအထောက်အကူပြုကော်မတီထံကသိရပါတယ်။

ဘိုကလေးမြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတာဝန်ရှိသူတစ်ဦးက “ခေါင်းကွဲသွားတဲ့သူက နိုဝင်ဘာ ၄ ရက်နေ့မှာရက်ပြည့်ပြီ စပီကာနဲ့ထုတဲ့သူကဝင်တာ ၄ ရက်ပဲရှိသေးတယ်။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီးရဲကဒဏ်ရာရတဲ့သူကိုမေးတယ်။

ကျေအေးပါတယ်ဆိုတာနဲ့အမှုမဖွင့်ဘူး။” လို့ ပြောပါတယ်။ ဘိုကလေးမှာကွာရန်တင်းဝင်နေသူ လူဦးရေ ၁၀၀ ရှိပြီး Positive လူနာတွေနဲ့ထိတွေ့ခဲ့သူတွေကိုတော့ ဘိုကလေးပညာရေးကောလိပ်မှာ ထားရှိတာပါ။ အခုအခါ ဘိုကလေးမြို့နယ်မှာ ကိုဗစ် အတည်ပြုလူနာ ၅ဦးရှိကာ

ဘိုကလေးကုတင် ၁၀၀ ဆေးရုံမှာကုသပေးနေတယ်လို့ မြို့နယ်ကျန်းမာရေးအထောက်အကူပြုကော်မတီ ထံက သိရပါတယ်။ အခုလိုဖြစ်ပွားခဲ့တဲ့ ဘိုကလေးမြို့အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း ကွာရန်တင်စင်တာမှာအောက်တိုဘာ ၁၂ရက်နေ့ကလည်းစည်းကမ်းဖောက်ဖျက်ပြီး

ကော်မတီ အပေါ် မဟုတ်မမှန်ပြောဆို လိုက်ဖ် လွှင့်ခဲ့သူ နှစ်ဦးကို ဘိုကလေးမြို့နယ် ကိုဗစ် ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကအမှုဖွင့်အရေးယူဖို့ဘိုကလေးမြို့မ

ရဲစခန်းမှာ တိုင်ကြားထားပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်