ျပည္တြင္းသတင္း

Mask ချွတ်ပြီးလက်ဖက်ရည်အတူသောက်မိရာမှ ပိုးကူးစက်သူများပြားလာခဲ့လို့ မန္တလေးကုန်စိမ်းဈေးကို ပိတ်လိုက်ရပါပြီ

မႏၲေလးၿမိဳ႕ (၄၁) လမ္းက ကုန္းစိမ္းညေဈးမွာ ကိုဗစ္ပိုးေတြ႕လူနာ (၂) ဦးကေန ေနာက္ထပ္ (၅) ဦးထပ္မံကူးစက္ခံရတာေၾကာင့္ဘဲ ဆိုင္ခန္းေပါင္း (၁၃၀) ကို ဒီေန႔နိုဝင္ဘာ (၂) ရက္ေန႔မွာပိတ္လိုက္ရတယ္လို႔မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္က ေျပာလိုက္တာပါ။

ကူးစက္သူမ်ားလာရတဲ့ အဓိကအေၾကာင္းရင္းဟာ ေဈးဖြင့္ခ်ိန္ၾကာတာေၾကာင့္ Mask ခြၽတ္မိတာနဲ႔ လက္ဖက္ရည္အတူဝိုင္းေသာက္ၾကတာေၾကာင့္ ျဖစ္တယ္လို႔ ေဒါက္တာရဲလြင္ကသူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတစ္ဆင့္သတိေပးေျပာၾကားခဲ့တာပါ။ ဒါ့အျပင္ မႏၲေလးမွာကူးစက္မႈ

အမ်ားဆုံးျဖစ္ပြားခဲ့တဲ့ ပုဏၰားကုန္းရပ္၊ ဝက္စု အစရွိတဲ့ေနရာေတြမွာ ရပ္ကြက္ေတြထဲ mask တပ္သူ မရွိသေလာက္နည္းပါးတာေၾကာင့္ကူးစက္မႈမ်ားခဲ့ရတာျဖစ္ၿပီးေတာ့လမ္းသြယ္ေတြ၊ ဝင္းေတြထဲေနသူေတြအေနနဲ႔ဝင္းအတြင္း၊ လမ္းသြယ္အတြင္းသြားလာရင္ mask မတပ္ၾကဘဲသြားလာေနတာ

​ေတြ႔ရတယ္လို႔ ေဒါက္တာရဲလြင္ကေျပာပါတယ္။ ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ အေရးႀကီးဆုံးက mask တပ္ဆင္ျခင္းပါ။ မိမိအိမ္ထဲမွာ mask မတပ္ပဲေနလို႔ရေပမယ့္ အိမ္သားတစ္ေယာက္ ပိုးေတြ႔ရင္ တစ္အိမ္လုံးကူးကုန္ၾကတဲ့ ျဖစ္ရပ္ေတြအမ်ားႀကီးပါ။ အိမ္ထဲမွာကြၽန္ေတာ္လည္း

mask မတပ္ပါ။ အိမ္သားေတြကို ျဖစ္နိုင္သေ႐ြ႕ stay at home လုပ္ခိုင္းထားပါတယ္။ ေဈးဝယ္တာကလြဲရင္အျပင္မထြက္ရပါ။ ဘယ္ဧည့္သည္မွ လာခြင့္မျပဳပါ။ သတိမမူမိတဲ့လုပ္ရပ္ေတြထဲကတစ္ခုက႐ုံး၊ လုပ္ငန္းခြင္၊ အလုပ္႐ုံေတြမွာထမင္းအတူတူစားၾကရာကေနကူးစက္ကုန္တာပါ။

ထမင္းအတူစားတဲ့အခ်ိန္ mask ခြၽတ္ထားလို႔ ကူးစက္ဖို႔ အခြင့္အလမ္း chance အရမ္းမ်ားသြားပါတယ္။ ကြၽန္ေတာ္ေကာ္မတီဝင္ေတြနဲ႕ထမင္းအတူလက္စုံမစားတာ (၂)လေက်ာ္သြားပါၿပီ။ မႏၲေလးမွာ ကူးစက္မႈအမ်ားဆုံးျဖစ္သြားတဲ့ ပုဏၰားကုန္းရပ္၊ ဝက္စုအစရွိတဲ့ေနရာေတြမွာရပ္ကြက္

အဝန္းအဝိုင္းထဲ mask တပ္သူမရွိသေလာက္နည္းလို႔ ကူးစက္မႈအရမ္းမ်ားသြားတာပါလို႔ ေဒါက္တာရဲလြင္က လူမႈကြန္ရက္စာမ်က္ႏွာမွာ အခုလိုေရးသားထားတာပါ။ ဒါ့အျပင္ေဈးေတြမွာစည္းကမ္းေတြ ခဏခဏတင္းၾကပ္လြန္းလို႔ mask တက္သူမ်ားလာတဲ့အတြက္ ဆရာစံေဈး၊

ေယာမင္းႀကီးေဈး၊ ဘုရားႀကီးေဈး၊ ၈၆လမ္း ပလက္ေဖာင္းေဈး၊ တံခြန္တိုင္ေဈး၊ မန္းရတနာေဈးေတြမွာ ပိုးေတြ႔လူနာေတြ႔ရွိခဲ့ေပမယ့္မျပန႔္ပြားေအာင္ အခ်ိန္မွီထိန္းနိုင္ခဲ့ေၾကာင္း သိရပါတယ္ေနာ္။မႏၲေလးတိုင္းအတြင္း ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈေတြမွာ နိုဝင္ဘာ (၂) ရက္ေန႔အထိ

စာရင္းေတြအရ(၁၉၈၉) ဦးရွိေနတဲ့အနက္ ျပန္လည္ေကာင္းမြန္လာသူ (၁၃၅၆) ဦး၊ ေသဆုံးသူ (၉) ဦး ရွိခဲ့ရာ လက္ရွိေဆး႐ုံတက္ေရာက္ကုသေနသူ (၆၂၄) ဦးရွိေနတယ္လို႔ သိရပါတယ္ေနာ္။ ခရက္​ဒစ္​ လင္းလက္ၾကယ္

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

မန္တလေးမြို့ (၄၁) လမ်းက ကုန်းစိမ်းညဈေးမှာ ကိုဗစ်ပိုးတွေ့လူနာ (၂) ဦးကနေ နောက်ထပ် (၅) ဦးထပ်မံကူးစက်ခံရတာကြောင့်ဘဲ ဆိုင်ခန်းပေါင်း (၁၃၀) ကို ဒီနေ့နိုဝင်ဘာ (၂) ရက်နေ့မှာပိတ်လိုက်ရတယ်လို့မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောလိုက်တာပါ။

ကူးစက်သူများလာရတဲ့ အဓိကအကြောင်းရင်းဟာ ဈေးဖွင့်ချိန်ကြာတာကြောင့် Mask ချွတ်မိတာနဲ့ လက်ဖက်ရည်အတူဝိုင်းသောက်ကြတာကြောင့် ဖြစ်တယ်လို့ ဒေါက်တာရဲလွင်ကသူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ဆင့်သတိပေးပြောကြားခဲ့တာပါ။ ဒါ့အပြင် မန္တလေးမှာကူးစက်မှု

အများဆုံးဖြစ်ပွားခဲ့တဲ့ ပုဏ္ဏားကုန်းရပ်၊ ဝက်စု အစရှိတဲ့နေရာတွေမှာ ရပ်ကွက်တွေထဲ mask တပ်သူ မရှိသလောက်နည်းပါးတာကြောင့်ကူးစက်မှုများခဲ့ရတာဖြစ်ပြီးတော့လမ်းသွယ်တွေ၊ ဝင်းတွေထဲနေသူတွေအနေနဲ့ဝင်းအတွင်း၊ လမ်းသွယ်အတွင်းသွားလာရင် mask မတပ်ကြဘဲသွားလာနေတာ

တွေ့ရတယ်လို့ ဒေါက်တာရဲလွင်ကပြောပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရေးကြီးဆုံးက mask တပ်ဆင်ခြင်းပါ။ မိမိအိမ်ထဲမှာ mask မတပ်ပဲနေလို့ရပေမယ့် အိမ်သားတစ်ယောက် ပိုးတွေ့ရင် တစ်အိမ်လုံးကူးကုန်ကြတဲ့ ဖြစ်ရပ်တွေအများကြီးပါ။ အိမ်ထဲမှာကျွန်တော်လည်း

mask မတပ်ပါ။ အိမ်သားတွေကို ဖြစ်နိုင်သရွေ့ stay at home လုပ်ခိုင်းထားပါတယ်။ ဈေးဝယ်တာကလွဲရင်အပြင်မထွက်ရပါ။ ဘယ်ဧည့်သည်မှ လာခွင့်မပြုပါ။ သတိမမူမိတဲ့လုပ်ရပ်တွေထဲကတစ်ခုကရုံး၊ လုပ်ငန်းခွင်၊ အလုပ်ရုံတွေမှာထမင်းအတူတူစားကြရာကနေကူးစက်ကုန်တာပါ။

ထမင်းအတူစားတဲ့အချိန် mask ချွတ်ထားလို့ ကူးစက်ဖို့ အခွင့်အလမ်း chance အရမ်းများသွားပါတယ်။ ကျွန်တော်ကော်မတီဝင်တွေနဲ့ထမင်းအတူလက်စုံမစားတာ (၂)လကျော်သွားပါပြီ။ မန္တလေးမှာ ကူးစက်မှုအများဆုံးဖြစ်သွားတဲ့ ပုဏ္ဏားကုန်းရပ်၊ ဝက်စုအစရှိတဲ့နေရာတွေမှာရပ်ကွက်

အဝန်းအဝိုင်းထဲ mask တပ်သူမရှိသလောက်နည်းလို့ ကူးစက်မှုအရမ်းများသွားတာပါလို့ ဒေါက်တာရဲလွင်က လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုရေးသားထားတာပါ။ ဒါ့အပြင်ဈေးတွေမှာစည်းကမ်းတွေ ခဏခဏတင်းကြပ်လွန်းလို့ mask တက်သူများလာတဲ့အတွက် ဆရာစံဈေး၊

ယောမင်းကြီးဈေး၊ ဘုရားကြီးဈေး၊ ၈၆လမ်း ပလက်ဖောင်းဈေး၊ တံခွန်တိုင်ဈေး၊ မန်းရတနာဈေးတွေမှာ ပိုးတွေ့လူနာတွေ့ရှိခဲ့ပေမယ့်မပြန့်ပွားအောင် အချိန်မှီထိန်းနိုင်ခဲ့ကြောင်း သိရပါတယ်နော်။မန္တလေးတိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေမှာ နိုဝင်ဘာ (၂) ရက်နေ့အထိ

စာရင်းတွေအရ(၁၉၈၉) ဦးရှိနေတဲ့အနက် ပြန်လည်ကောင်းမွန်လာသူ (၁၃၅၆) ဦး၊ သေဆုံးသူ (၉) ဦး ရှိခဲ့ရာ လက်ရှိဆေးရုံတက်ရောက်ကုသနေသူ (၆၂၄) ဦးရှိနေတယ်လို့ သိရပါတယ်နော်။ ခရက်ဒစ် လင်းလက်ကြယ်