နိုင္ငံတကာသတင္း

စစ္လက္နက္အင္အားတိုးခ်ေနတဲ့ စစ္ေကာင္စီရဲ့ လုပ္ရပ္ေတြကို ကုလစိုးရိမ္

စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသကာကြယ္ေရးတပ္ေတြၾကား တိုက္ပြဲေတြ ျဖစ္ေနတဲ့ ေဒသတခ်ိဳ႕မွာ အင္တာနက္ ျဖတ္ေတာက္ခံထားရၿပီး စစ္တပ္ဘက္က လူအင္အား၊ လက္နက္အင္အား တိုးခ်ေနတဲ့အေပၚ အလြန္အမင္းစိုးရိမ္မိတယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက သတင္းထုတ္ျပန္ပါတယ္။

ခ်င္းျပည္နယ္အတြင္းက ဟားခါးနဲ႔ ကန္ပက္လက္ၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္းအတြင္းက မုံရြာနဲ႔ ကနီၿမိဳ႕နယ္ေတြအပါအ၀င္ မေကြးတိုင္း ဂန္႔ေဂါၿမိဳ႕နယ္ေတြမွာ အာဏာသိမ္းစစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ စစ္တပ္အင္အား တပ္ျဖန္႔ခ်ထားၿပီး ထိပ္ပိုင္း ရာထူးအဆင့္ရွိ တပ္မႉး ႏွစ္ဦးကို ေျပာင္းေရႊ႕ေနရာခ်ခဲ့မႈေတြနဲ႔ ပတ္သက္လို႔ စိုးရိမ္ေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရးမဟာမင္းႀကီး ေျပာခြင့္ရပုဂၢိဳလ္က ေအာက္တိုဘာလ ၈ ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

အဲဒီေဒသေတြမွာ ေဒသကာကြယ္ေရးတပ္ဖြဲ႕၀င္ေတြ ဒါမွမဟုတ္ တိုင္းရင္းသားလက္နက္အဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြကို ခုခံေတာ္လွန္ေနၾကတဲ့ လက္နက္ပစၥည္းေတြကို ရွာေဖြဖို႔အတြက္ ရြာေတြကို ၀င္ေရာက္စီးနင္းၿပီး ေနအိမ္ေတြကို မီးရွို႔တာ ေဒသခံေတြကို သတ္ျဖတ္တာေတြအပါအ၀င္ စစ္တပ္ရဲ့ ဆိုးရြားတဲ့ တိုက္ခိုက္မႈေတြကို ၿပီးခဲ့တဲ့ လေတြအတြင္းမွာ ေတြ႕ရွိခဲ့တယ္။ လူအမ်ားအျပားကို ဖမ္းဆီးၿပီး ညႇဥ္းပန္းႏွိပ္စက္တာ၊ တိတ္တဆိတ္ ကြပ္မ်က္ခဲ့တယ္ဆိုတဲ့ သတင္းေတြလည္း ေတြ႕ေနရတယ္။ စစ္တပ္ရဲ့ နယ္ေျမရွင္းလင္းမႈေတြထဲမွာ ေက်းရြာေတြကို ေလေၾကာင္းကေန တိုက္ခိုက္မႈေတြနဲ႔ အေျမႇာက္တပ္အသုံးျပဳတာေတြ ပါ၀င္တယ္လို႔လည္း ဆိုပါတယ္။

အင္တာနက္ ျဖတ္ေတာက္ခံရမႈေတြေၾကာင့္ လူေပါင္း သန္းနဲ႔ခ်ီဟာ သူတို႔ရဲ့ ရွင္သန္လြတ္ေျမာက္ေရးအတြက္ လိုအပ္တဲ့ သတင္းအခ်က္အလက္ေတြ ရရွိခြင့္ ဆုံးရႈံးခဲ့ၿပီး ခ်ိတ္ဆက္ေျပာဆိုမႈေတြ မရၾကေတာ့ဘူးလို႔လည္း ေထာက္ျပေျပာဆိုပါတယ္။

ျမန္မာျပည္သူေတြအေပၚ က်ဴးလြန္ေနတဲ့ ႀကီးမားတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ကာကြယ္ဖို႔အတြက္ နိုင္ငံတကာအသိုင္းအ၀ိုင္းအေနနဲ႔ တညီတညြတ္တည္း ထုတ္ေဖာ္ေျပာဆိုၾကဖို႔ကိုလည္း ဆြစ္ဇာလန္နိုင္ငံ ဂ်နီဗာအေျခစိုက္ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး႐ုံးက တိုက္တြန္းလိုက္ပါတယ္။

*************

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတချို့မှာ အင်တာနက် ဖြတ်တောက်ခံထားရပြီး စစ်တပ်ဘက်က လူအင်အား၊ လက်နက်အင်အား တိုးချနေတဲ့အပေါ် အလွန်အမင်းစိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်အတွင်းက ဟားခါးနဲ့ ကန်ပက်လက်မြို့နယ်၊ စစ်ကိုင်းတိုင်းအတွင်းက မုံရွာနဲ့ ကနီမြို့နယ်တွေအပါအဝင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ စစ်တပ်အင်အား တပ်ဖြန့်ချထားပြီး ထိပ်ပိုင်း ရာထူးအဆင့်ရှိ တပ်မှူး နှစ်ဦးကို ပြောင်းရွှေ့နေရာချခဲ့မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဲဒီဒေသတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်နေကြတဲ့ လက်နက်ပစ္စည်းတွေကို ရှာဖွေဖို့အတွက် ရွာတွေကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့တာ ဒေသခံတွေကို သတ်ဖြတ်တာတွေအပါအဝင် စစ်တပ်ရဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ လတွေအတွင်းမှာ တွေ့ရှိခဲ့တယ်။ လူအများအပြားကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်တာ၊ တိတ်တဆိတ် ကွပ်မျက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း တွေ့နေရတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေထဲမှာ ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေနဲ့ အမြှောက်တပ်အသုံးပြုတာတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

အင်တာနက် ဖြတ်တောက်ခံရမှုတွေကြောင့် လူပေါင်း သန်းနဲ့ချီဟာ သူတို့ရဲ့ ရှင်သန်လွတ်မြောက်ရေးအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရရှိခွင့် ဆုံးရှုံးခဲ့ပြီး ချိတ်ဆက်ပြောဆိုမှုတွေ မရကြတော့ဘူးလို့လည်း ထောက်ပြပြောဆိုပါတယ်။

မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုကြဖို့ကိုလည်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်တွန်းလိုက်ပါတယ်။

credit