အနုပညာသတင်း








crd
Unicode
ဘေးကင်းလုံခြုံတဲ့နေရာမှာရောက်ရှိနေကြောင်း ပုံလေးတင်ပေးလာရင်း ပရိတ်သတ်တွေကိုအရမ်းလွမ်းနေတယ်ဆိုတဲ့ ခေးလေး ခင်ဝင့်ဝါ…

မင်းသမီးချော ခင်ဝင့်ဝါ ဆိုတာနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပရိတ်သတ်ကြီးက တန်းမြင်မိကြပါတယ်။သူမဟာ နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ထိုနောက်ပိုင်းမှာတော့

အနုပညာအလုပ်တွေဖြစ်တဲ့ မော်ဒယ်နှင့်သရုပ်ဆောင်ပိုင်းကိုပါ ဆက်လက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ချစ်စရာကောင်းလွန်းတဲ့မျက်နှာ နဲ့ အမူအရာတွေကြောင့် ပရိတ်သတ်ပေါင်းများစွာရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့သူလေးဖြစ်ပါတယ်။

ယခုကာလမှာဆိုရင်တော့ သူမဟာ နိုင်ငံရေးလှုပ်ရှားမှုအချို့ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နှင့် တရားစွဲဆိုခံထားရတာဖြစ်ပြီး ရှောင်တိမ်းနေရတာ ကြာမြင့်နေပြီဖြစ်လို့ ပရိတ်သတ်အားလုံးက သတိရလွမ်းဆွတ်နေကြပါတယ်။

သူမဟာ Social Media ပေါ်မှာ ကာလအတော်ကြာရှည် ပျောက်သွားပြီးနောက် ယမန့်နေ့ အောက်တိုဘာ(၈)ရက်ညက သူမရဲ့ပရိတ်သတ်တွေကို သူမဘေးကင်းကြောင်းနှင့် မစိုးရိမ်စေလိုကြောင်း ပို့်စ်တင်လာခဲ့ပါတယ်။

ပရိတ်သတ်အားလုံးကလည်း သူမဘေးကင်းတယ်ဆိုတာကြားသိရလို့ တကယ်ကိုဝမ်းသာနေကြပါတယ်။ခင်ဝင့်ဝါလေးတစ်ယောက် ဘေးကင်းလုံခြုံပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်။

crd