နိုင္ငံတကာသတင္း

အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်ရသူ မကြေညာနိုင်သေး ၊ ကြိုတင်မဲများနှင့် ပြည်နယ်အနည်းစု၏ နောက်ဆုံးရလဒ်က အဆုံးအဖြတ်ဖြစ်လာမည် ( နောက်ဆုံးပိတ် အိတ်နဲ့လွယ်မှာ ထရမ်းလား ဘိုင်ဒန်လား….)

အေမရိကန္သမၼတေ႐ြးေကာက္ပြဲ အႏိုင္ရသူ မေၾကညာႏိုင္ေသး ၊ ႀကိဳတင္မဲမ်ားႏွင့္ ျပည္နယ္အနည္းစု၏ ေနာက္ဆုံးရလဒ္က အဆုံးအျဖတ္ျဖစ္လာမည္ ( ေနာက္ဆုံးပိတ္ အိတ္နဲ့လြယ္မွာ ထရမ္းလား ဘုိင္ဒန္လား….)

ႏိုဝင္ဘာလ ၃ ရက္ေန႔တြင္ က်င္းပခဲ့ေသာ ၂၀၂၀ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲတြင္ ရီပတ္ဘလီကန္ပါတီကိုယ္စားျပဳ လက္ရွိသမၼတ ေဒၚနယ္ထရမ့္ ႏွင့္ ဒီမိုကရက္တစ္ပါတီကိုယ္စားျပဳ သမၼတေလာင္း ဂ်ိဳးဘိုင္ဒင္၊ မည္သူႏိုင္သည္ဆိုျခင္းကို The Voice သတင္းစာေဖာင္ပိတ္ခ်ိန္ ႏိုဝင္ဘာလ ၄ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ညေန ၆ နာရီ(အေမရိကန္အေရွ႕ဖ်ားစံေတာ္ခ်ိန္ နံနက္ ၆ နာရီခြဲ) အထိ အႏိုင္ရသူမေၾကညာႏိုင္ေသးေပ။

ေထာက္ခံမႈမျပတ္သားေသာ ျပည္နယ္အခ်ိဳ႕ (swing states) တြင္ မဲ ၉၀ ရာခိုင္ႏႈန္းေက်ာ္ ေရတြက္ၿပီးသည္အထိ ၿပိဳင္ဘက္ႏွစ္ဦး မဲမကြာျခင္း၊ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ႀကိဳတင္မဲေပးသူအထူးမ်ားျပားၿပီး သန္း ၁၀၀ နီးပါးရွိခဲ့ကာ အဆိုပါႀကိဳတင္မဲမ်ားကို ျပည္နယ္အခ်ိဳ႕တြင္ ေရတြက္ေနဆဲျဖစ္ျခင္းေၾကာင့္ ယခင္ႏွစ္မ်ားႏွင့္မတူဘဲ ေနာက္တစ္ေန႔ကူးသည္အထိ ရလဒ္မရွင္းလင္းေသးေပ။၊

ရလဒ္မွာ မရွင္းမလင္းျဖစ္ေနခ်ိန္တြင္ ဘိုင္ဒင္က စိတ္ရွည္စြာေစာင့္ဆိုင္းရန္ ေတာင္းဆိုထားေသာ္လည္း ထရမ့္က သူႏိုင္ၿပီဟုေၾကညာထားသည္။

ထရမ့္က ယင္းသို႔ေၾကညာအၿပီး ခ်က္ခ်င္းပင္ သူႏွင့္အတူ ရီပတ္ဘလီကန္ပါတီဘက္မွ ယွဥ္ၿပိဳင္ေသာ ဒုသမၼတမိုက္ခ္ပင့္စ္ကမူ ႏိုင္ၿပီဟု မဆိုဘဲ ေအာင္ပြဲသို႔ခ်ီရာလမ္းတြင္ေရာက္ေနၿပီဟုသာ ျပင္ဆင္ေျပာၾကားခဲ့သည္။

ဘိုင္ဒင္က “စိတ္ရွည္ရွည္ထားတာ ေလးစားစရာပါ၊ ဒီကိစၥက ၾကာသြားႏိုင္ပါတယ္၊ မနက္ျဖန္မနက္ ဒါမွမဟုတ္ ဒီထက္ၾကာသြားႏိုင္ပါတယ္” စု ေထာက္ခံသူမ်ားကို ေျပာၾကားခဲ့သည္။

ေထာက္ခံမႈမကြဲျပားေသာ ျပည္နယ္(swing stats) အခ်ိဳ႕တြင္ ၿပိဳင္ဘက္မ်ားက အႏိုင္ခြဲေဝယူသလိုျဖစ္သြားခဲ့ၿပီးေနာက္ မဲအျပတ္အသတ္အသာမရဘဲ က်န္ေနသည့္ ျပည္နယ္အနည္းငယ္မွ ရလဒ္သည္ အဆုံးအျဖတ္ျဖစ္လာေတာ့မည္ျဖစ္သည္။

Fox News ၊ CNN ႏွင့္ AP သတင္းဌာနတို႔၏ ခန္႔မွန္းတြက္ခ်က္မႈအရ ႏိုဝင္ဘာလ ၄ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ညေနေျခာက္နာရီ (အေမရိကန္အေရွ႕ဖ်ားစံေတာ္ခ်ိန္ နံနက္ ၆ နာရီခြဲ) တြင္ ဘိုင္ဒင္က သမၼတေ႐ြးခ်ယ္ေရးကိုယ္စားလွယ္အေရအတြက္ အနည္းငယ္အသာရေနေသာ္လည္း ရလဒ္မျပတ္ေသးသည့္ ျပည္နယ္အမ်ားစုတြင္မူ ထရမ့္က ဦးေဆာင္ေနသည္။

မဲရလဒ္မျပတ္သားေသးသည့္ ျပည္နယ္မ်ားအနက္ မီရွီဂန္၊ ပင္ဆီလ္ေဗးနီးယား၊ ေျမာက္ကာ႐ိုလိုင္းနား၊ နီဗားဒါး၊ ေဂ်ာ္ဂ်ီယာ တို႔အနက္ အေစာပိုင္းတြင္ ဘိုင္ဒင္က နီဗားဒါးတစ္နယ္သာ အသာရၿပီး က်န္နယ္အားလုံးတြင္ ထရမ့္က အသာရေနသည္။

သို႔ရာတြင္ မဲ ၉၀ ရာခိုင္ႏႈန္းခန္႔ ေရတြက္ၿပီးခ်ိန္တြင္ ထရမ့္မဲ တစ္သိန္းခန္႔သာေနသည့္ ဝစၥကြန္ဆင္တြင္ မဲ ၉၅ ရာခိုင္ႏႈန္းခန္႔ေရၿပီးခ်ိန္၌ ဘိုင္ဒင္က ေသာင္းဂဏန္းျပန္အသာရသြားျခင္းက ေနာက္ဆုံးလက္က်န္မဲမ်ား၏ အဆုံးအျဖတ္ျဖစ္လာႏိုင္စြမ္းကို ေဖာ္ျပေနသည္။

ထို႔အျပင္ ႀကိဳတင္မဲမ်ားစြာေရတြက္ရန္ က်န္ေနေသးသည့္ သမၼတေလာင္းေ႐ြးခ်ယ္ေရးကိုယ္စားလွယ္ ၂၀ ရရွိမည့္ ပင္ဆီလ္ေဗးနီးယားျပည္နယ္၏ ရလဒ္မွာလည္း ေျပာင္းျပန္ ျဖစ္သြားႏိုင္ျခင္း ရွိ၊ မရွိ ေစာင့္ၾကည့္ရမည္ျဖစ္သည္။

ဒီမိုကရက္မ်ားက ရီပတ္ဘလီကန္ေထာက္ခံသူမ်ားထက္ ႀကိဳတင္မဲေပးမႈ သိသိသာသာ မ်ားျပားခဲ့ရာ ႀကိဳတင္မဲတြင္ ဘိုင္ဒင္က ပိုရႏိုင္ေျခမ်ားေနသည္။

သတင္းမီဒီယာဌာနမ်ားက ထရမ့္ႏိုင္ၿပီဟု မေၾကညာေသးျခင္းမွာ ျပည္သူမ်ားအေပၚ မီဒီယာ၏ လိမ္လည္မႈျဖစ္သည္ဟု ထရမ့္က စြပ္စြဲခဲ့သည္။

“က်ဳပ္တို႔ ဒီေ႐ြးေကာက္ပြဲကိုႏိုင္ေတာ့မယ္ဟာပဲ၊ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒီေ႐ြးေကာက္ပြဲက ႏိုင္ေတာင္ႏိုင္ၿပီးေနၿပီ” ဟု ထရမ့္က ေျပာၾကားခဲ့သည္။

ျပည္နယ္အမ်ားအျပားတြင္ မဲေရေနဆဲျဖစ္သလို ရီပတ္ဘလီကန္တို႔ဘက္ကို အေလးသာေလ့ရွိေသာ FOX News ႐ုပ္သံ၊ ဒီမိုကရက္တို႔ဘက္ကို အေလးသာေလ့ရွိေသာ CNN ႐ုပ္သံ၊ အႀကီးဆုံးသတင္းေအဂ်င္စီ AP တို႔အပါအဝင္မည္သည့္ သတင္းမီဒီယာႀကီးကမွ် ႏိုဝင္ဘာလ ၄ ရက္ ျမန္မာစံေတာ္ခ်ိန္ ည ၆ နာရီဝန္းက်င္အထိ မည္သူႏိုင္သည္ဟု ေၾကညာျခင္းမရွိေသးေပ။

တစ္ႏိုင္ငံလုံးရွိမဲ႐ုံမ်ားပိတ္သြားၿပီျဖစ္ေသာ္လည္း ျပည္နယ္အခ်ိဳ႕၊ အထူးသျဖင့္ ပင္ဆီလ္ေဗးနီးယားတြင္ ေရတြက္ရသည္မွာ ပိုမိုလက္ဝင္ၿပီး အခ်ိန္ပိုယူရသည့္ စာတိုက္မွေပးပို႔ေသာ ႀကိဳတင္မဲမ်ား ေရတြက္မွတ္တမ္းတင္ရန္က်န္ေနဆဲျဖစ္ၿပီး ေနာက္တစ္ေန႔ကူးႏိုင္ေျခရွိေနသည္။

အေမရိကန္သမၼတ ေ႐ြးေကာက္တင္ေျမႇာက္ပုံ

အေမရိကန္သမၼတကို တစ္ႏိုင္ငံလုံးမဲရလဒ္ေပါင္းျဖင့္ တိုက္႐ိုက္ေ႐ြးျခင္းမဟုတ္ဘဲ ျပည္နယ္အလိုက္မဲရလဒ္အရ ခြဲတမ္းရရွိေသာ သမၼတေ႐ြးခ်ယ္သည့္ကိုယ္စားလွယ္အတြက္ အနည္း၊ အမ်ားျဖင့္ ဆုံးျဖတ္ျခင္းျဖစ္သည္။

သမၼတေ႐ြးခ်ယ္သည့္ကိုယ္စားလွယ္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ၅၃၈ဦး ရွိရာ အႏိုင္ရရန္ ထက္ဝက္ေက်ာ္ျဖစ္သည့္ အနည္းဆုံး ၂၇၀ ဦး ရရန္လိုအပ္သည္။ ျပည္နယ္အလိုက္ သက္ဆိုင္ရာျပည္နယ္၏ အထက္ႏွင့္ေအာက္လႊတ္ေတာ္အမတ္အေရအတြက္ ေပါင္းျခင္းႏွင့္ ညီမွ်ေသာ သမၼတေ႐ြးခ်ယ္သည့္ကိုယ္စားလွယ္အေရအတြက္ ရရွိသည္။

ယင္းကိုယ္စားလွယ္မ်ားသည္ သက္ဆိုင္ရာျပည္နယ္အလိုက္ မဲေပးၾကသည့္ ျပည္သူမ်ား၏ ေထာက္ခံမဲရလဒ္အတိုင္း ကိုယ္စားျပဳေပးျခင္းသာျဖစ္ၿပီး တစ္နည္းအားျဖင့္ သမၼတေ႐ြးမဲ ၅၃၈ မဲ ဟုလည္း အလြယ္သုံးႏႈန္းၾကသည္။

ဥပမာအားျဖင့္ ဖေလာ္ရီဒါျပည္နယ္သည္ ေအာက္လႊတ္ေတာ္အမတ္ ၂၇ ဦး၊ အထက္လႊတ္ေတာ္အမတ္ ၂ ဦးရွိရာ သမၼတေ႐ြးခ်ယ္သည့္ကိုယ္စားလွယ္မွာ ၂၉ ဦးရွိမည္ျဖစ္သည္။

ဖေလာ္ရီဒါတြင္ အႏိုင္ရသည့္ သမၼတေလာင္းက ယင္းကိုယ္စားလွယ္ ၂၉ ဦး၏ ေထာက္ခံမႈ ၊ တစ္နည္းအားျဖင့္ သမၼတေ႐ြးမဲ ၂၉ မဲ ရမည္ျဖစ္သည္။

ျပည္နယ္အမ်ားစုတြင္ ယင္းအတိုင္း ႏိုင္သူအကုန္ယူစနစ္ျဖင့္ မဲအမ်ားဆုံးရသူက ယင္းျပည္နယ္၏ သမၼတေ႐ြးခ်ယ္ေရးကိုယ္စားလွယ္အားလုံး၏ ေထာက္ခံမႈ ရရွိမည္ျဖစ္သည္။ ျပည္နယ္အခ်ိဳ႕တြင္မူ ခ႐ိုင္အလိုက္ အႏိုင္ရမႈအေပၚ မူတည္ၿပီး ကိုယ္စားလွယ္ အေရအတြက္ ခြဲေဝေပးမႈမ်ိဳးကိုလည္း က်င့္သုံးသည္။

၂၀၁၆ ခုႏွစ္တြင္ ဒီမိုကရက္တစ္သမၼတေလာင္း ဟီလာရီကလင္တန္သည္ တစ္ႏိုင္ငံလုံး၏ မဲေပါင္းျခင္းတြင္ ထရမ့္ထက္သာခဲ့ေသာ္လည္း ျပည္နယ္အလိုက္ ကိုယ္စားလွယ္ရရွိမႈတြင္ ထရမ့္က သာေသာေၾကာင့္ ထရမ့္ႏိုင္သြားခဲ့သည္။

တစ္ႏိုင္ငံလုံးတြင္ မဲအမ်ားဆုံးရသူထက္ ျပည္နယ္အမ်ားစုတြင္ အႏိုင္ရသူကသာ သမၼတျဖစ္ေစရန္ ရည္႐ြယ္ထားသည္ပုံစံျဖစ္သည္။

CRD-TheVoice

ယူနီကုတ္

အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်ရသူ မကြေညာနိုင်သေး ၊ ကြိုတင်မဲများနှင့် ပြည်နယ်အနည်းစု၏ နောက်ဆုံးရလဒ်က အဆုံးအဖြတ်ဖြစ်လာမည်

နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့သော ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီကိုယ်စားပြု လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် နှင့် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း ဂျိုးဘိုင်ဒင်၊ မည်သူနိုင်သည်ဆိုခြင်းကို The Voice သတင်းစာဖောင်ပိတ်ချိန် နိုဝင်ဘာလ ၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ(အမေရိကန်အရှေ့ဖျားစံတော်ချိန် နံနက် ၆ နာရီခွဲ) အထိ အနိုင်ရသူမကြေညာနိုင်သေးပေ။

ထောက်ခံမှုမပြတ်သားသော ပြည်နယ်အချို့ (swing states) တွင် မဲ ၉၀ ရာခိုင်နှုန်းကျော် ရေတွက်ပြီးသည်အထိ ပြိုင်ဘက်နှစ်ဦး မဲမကွာခြင်း၊ ကိုဗစ်ကပ်ရောဂါကြောင့် ကြိုတင်မဲပေးသူအထူးများပြားပြီး သန်း ၁၀၀ နီးပါးရှိခဲ့ကာ အဆိုပါကြိုတင်မဲများကို ပြည်နယ်အချို့တွင် ရေတွက်နေဆဲဖြစ်ခြင်းကြောင့် ယခင်နှစ်များနှင့်မတူဘဲ နောက်တစ်နေ့ကူးသည်အထိ ရလဒ်မရှင်းလင်းသေးပေ။၊

ရလဒ်မှာ မရှင်းမလင်းဖြစ်နေချိန်တွင် ဘိုင်ဒင်က စိတ်ရှည်စွာစောင့်ဆိုင်းရန် တောင်းဆိုထားသော်လည်း ထရမ့်က သူနိုင်ပြီဟုကြေညာထားသည်။

ထရမ့်က ယင်းသို့ကြေညာအပြီး ချက်ချင်းပင် သူနှင့်အတူ ရီပတ်ဘလီကန်ပါတီဘက်မှ ယှဉ်ပြိုင်သော ဒုသမ္မတမိုက်ခ်ပင့်စ်ကမူ နိုင်ပြီဟု မဆိုဘဲ အောင်ပွဲသို့ချီရာလမ်းတွင်ရောက်နေပြီဟုသာ ပြင်ဆင်ပြောကြားခဲ့သည်။

ဘိုင်ဒင်က “စိတ်ရှည်ရှည်ထားတာ လေးစားစရာပါ၊ ဒီကိစ္စက ကြာသွားနိုင်ပါတယ်၊ မနက်ဖြန်မနက် ဒါမှမဟုတ် ဒီထက်ကြာသွားနိုင်ပါတယ်” စု ထောက်ခံသူများကို ပြောကြားခဲ့သည်။

ထောက်ခံမှုမကွဲပြားသော ပြည်နယ်(swing stats) အချို့တွင် ပြိုင်ဘက်များက အနိုင်ခွဲဝေယူသလိုဖြစ်သွားခဲ့ပြီးနောက် မဲအပြတ်အသတ်အသာမရဘဲ ကျန်နေသည့် ပြည်နယ်အနည်းငယ်မှ ရလဒ်သည် အဆုံးအဖြတ်ဖြစ်လာတော့မည်ဖြစ်သည်။

Fox News ၊ CNN နှင့် AP သတင်းဌာနတို့၏ ခန့်မှန်းတွက်ချက်မှုအရ နိုဝင်ဘာလ ၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေခြောက်နာရီ (အမေရိကန်အရှေ့ဖျားစံတော်ချိန် နံနက် ၆ နာရီခွဲ) တွင် ဘိုင်ဒင်က သမ္မတရွေးချယ်ရေးကိုယ်စားလှယ်အရေအတွက် အနည်းငယ်အသာရနေသော်လည်း ရလဒ်မပြတ်သေးသည့် ပြည်နယ်အများစုတွင်မူ ထရမ့်က ဦးဆောင်နေသည်။

မဲရလဒ်မပြတ်သားသေးသည့် ပြည်နယ်များအနက် မီရှီဂန်၊ ပင်ဆီလ်ဗေးနီးယား၊ မြောက်ကာရိုလိုင်းနား၊ နီဗားဒါး၊ ဂျော်ဂျီယာ တို့အနက် အစောပိုင်းတွင် ဘိုင်ဒင်က နီဗားဒါးတစ်နယ်သာ အသာရပြီး ကျန်နယ်အားလုံးတွင် ထရမ့်က အသာရနေသည်။

သို့ရာတွင် မဲ ၉၀ ရာခိုင်နှုန်းခန့် ရေတွက်ပြီးချိန်တွင် ထရမ့်မဲ တစ်သိန်းခန့်သာနေသည့် ဝစ္စကွန်ဆင်တွင် မဲ ၉၅ ရာခိုင်နှုန်းခန့်ရေပြီးချိန်၌ ဘိုင်ဒင်က သောင်းဂဏန်းပြန်အသာရသွားခြင်းက နောက်ဆုံးလက်ကျန်မဲများ၏ အဆုံးအဖြတ်ဖြစ်လာနိုင်စွမ်းကို ဖော်ပြနေသည်။

ထို့အပြင် ကြိုတင်မဲများစွာရေတွက်ရန် ကျန်နေသေးသည့် သမ္မတလောင်းရွေးချယ်ရေးကိုယ်စားလှယ် ၂၀ ရရှိမည့် ပင်ဆီလ်ဗေးနီးယားပြည်နယ်၏ ရလဒ်မှာလည်း ပြောင်းပြန် ဖြစ်သွားနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။

ဒီမိုကရက်များက ရီပတ်ဘလီကန်ထောက်ခံသူများထက် ကြိုတင်မဲပေးမှု သိသိသာသာ များပြားခဲ့ရာ ကြိုတင်မဲတွင် ဘိုင်ဒင်က ပိုရနိုင်ခြေများနေသည်။

သတင်းမီဒီယာဌာနများက ထရမ့်နိုင်ပြီဟု မကြေညာသေးခြင်းမှာ ပြည်သူများအပေါ် မီဒီယာ၏ လိမ်လည်မှုဖြစ်သည်ဟု ထရမ့်က စွပ်စွဲခဲ့သည်။

“ကျုပ်တို့ ဒီရွေးကောက်ပွဲကိုနိုင်တော့မယ်ဟာပဲ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီရွေးကောက်ပွဲက နိုင်တောင်နိုင်ပြီးနေပြီ” ဟု ထရမ့်က ပြောကြားခဲ့သည်။

ပြည်နယ်အများအပြားတွင် မဲရေနေဆဲဖြစ်သလို ရီပတ်ဘလီကန်တို့ဘက်ကို အလေးသာလေ့ရှိသော FOX News ရုပ်သံ၊ ဒီမိုကရက်တို့ဘက်ကို အလေးသာလေ့ရှိသော CNN ရုပ်သံ၊ အကြီးဆုံးသတင်းအေဂျင်စီ AP တို့အပါအဝင်မည်သည့် သတင်းမီဒီယာကြီးကမျှ နိုဝင်ဘာလ ၄ ရက် မြန်မာစံတော်ချိန် ည ၆ နာရီဝန်းကျင်အထိ မည်သူနိုင်သည်ဟု ကြေညာခြင်းမရှိသေးပေ။

တစ်နိုင်ငံလုံးရှိမဲရုံများပိတ်သွားပြီဖြစ်သော်လည်း ပြည်နယ်အချို့၊ အထူးသဖြင့် ပင်ဆီလ်ဗေးနီးယားတွင် ရေတွက်ရသည်မှာ ပိုမိုလက်ဝင်ပြီး အချိန်ပိုယူရသည့် စာတိုက်မှပေးပို့သော ကြိုတင်မဲများ ရေတွက်မှတ်တမ်းတင်ရန်ကျန်နေဆဲဖြစ်ပြီး နောက်တစ်နေ့ကူးနိုင်ခြေရှိနေသည်။

အမေရိကန်သမ္မတ ရွေးကောက်တင်မြှောက်ပုံ

အမေရိကန်သမ္မတကို တစ်နိုင်ငံလုံးမဲရလဒ်ပေါင်းဖြင့် တိုက်ရိုက်ရွေးခြင်းမဟုတ်ဘဲ ပြည်နယ်အလိုက်မဲရလဒ်အရ ခွဲတမ်းရရှိသော သမ္မတရွေးချယ်သည့်ကိုယ်စားလှယ်အတွက် အနည်း၊ အများဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။

သမ္မတရွေးချယ်သည့်ကိုယ်စားလှယ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၅၃၈ဦး ရှိရာ အနိုင်ရရန် ထက်ဝက်ကျော်ဖြစ်သည့် အနည်းဆုံး ၂၇၀ ဦး ရရန်လိုအပ်သည်။ ပြည်နယ်အလိုက် သက်ဆိုင်ရာပြည်နယ်၏ အထက်နှင့်အောက်လွှတ်တော်အမတ်အရေအတွက် ပေါင်းခြင်းနှင့် ညီမျှသော သမ္မတရွေးချယ်သည့်ကိုယ်စားလှယ်အရေအတွက် ရရှိသည်။

ယင်းကိုယ်စားလှယ်များသည် သက်ဆိုင်ရာပြည်နယ်အလိုက် မဲပေးကြသည့် ပြည်သူများ၏ ထောက်ခံမဲရလဒ်အတိုင်း ကိုယ်စားပြုပေးခြင်းသာဖြစ်ပြီး တစ်နည်းအားဖြင့် သမ္မတရွေးမဲ ၅၃၈ မဲ ဟုလည်း အလွယ်သုံးနှုန်းကြသည်။

ဥပမာအားဖြင့် ဖလော်ရီဒါပြည်နယ်သည် အောက်လွှတ်တော်အမတ် ၂၇ ဦး၊ အထက်လွှတ်တော်အမတ် ၂ ဦးရှိရာ သမ္မတရွေးချယ်သည့်ကိုယ်စားလှယ်မှာ ၂၉ ဦးရှိမည်ဖြစ်သည်။

ဖလော်ရီဒါတွင် အနိုင်ရသည့် သမ္မတလောင်းက ယင်းကိုယ်စားလှယ် ၂၉ ဦး၏ ထောက်ခံမှု ၊ တစ်နည်းအားဖြင့် သမ္မတရွေးမဲ ၂၉ မဲ ရမည်ဖြစ်သည်။

ပြည်နယ်အများစုတွင် ယင်းအတိုင်း နိုင်သူအကုန်ယူစနစ်ဖြင့် မဲအများဆုံးရသူက ယင်းပြည်နယ်၏ သမ္မတရွေးချယ်ရေးကိုယ်စားလှယ်အားလုံး၏ ထောက်ခံမှု ရရှိမည်ဖြစ်သည်။ ပြည်နယ်အချို့တွင်မူ ခရိုင်အလိုက် အနိုင်ရမှုအပေါ် မူတည်ပြီး ကိုယ်စားလှယ် အရေအတွက် ခွဲဝေပေးမှုမျိုးကိုလည်း ကျင့်သုံးသည်။

၂၀၁၆ ခုနှစ်တွင် ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်သည် တစ်နိုင်ငံလုံး၏ မဲပေါင်းခြင်းတွင် ထရမ့်ထက်သာခဲ့သော်လည်း ပြည်နယ်အလိုက် ကိုယ်စားလှယ်ရရှိမှုတွင် ထရမ့်က သာသောကြောင့် ထရမ့်နိုင်သွားခဲ့သည်။

တစ်နိုင်ငံလုံးတွင် မဲအများဆုံးရသူထက် ပြည်နယ်အများစုတွင် အနိုင်ရသူကသာ သမ္မတဖြစ်စေရန် ရည်ရွယ်ထားသည်ပုံစံဖြစ်သည်။

CRD-TheVoice