Weather

၂ရက်အတွင်း မိုးကြီးရေလျှံ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည့် သတိထားရမည့် ဒေသများ..

လာမည့္ႏွစ္ရက္အတြင္း (ေအာက္တိုဘာ ၁၀ ရက္ႏွင့္ ၁၁ရက္)ေလဖိအားနည္း ရပ္ဝန္းတစ္ခု ျဖစ္ေပၚလာႏိုင္ၿပီးရန္ကုန္တိုင္း အပါအဝင္ ျမစ္ဝကြၽန္းေပၚ ေဒသမ်ားတြင္ ေလျပင္းတိုက္ျခင္း၊

မိုးသည္းထန္စြာ ရြာသြန္းျခင္း၊မိုးႀကိဳးပစ္ျခင္း စသည္တို႔ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလဒုတိယၫႊန္ၾကားေရးမွဴး ဦးလွထြန္းက သတိေပးေျပာၾကား လိုက္ပါတယ္။

ေအာက္တိုဘာလအတြင္း ေလဖိအားနည္းရပ္ဝန္း သံုးႀကိမ္ျဖစ္ေပၚႏိုင္ၿပီး တစ္ႀကိမ္မွာ မုန္တိုင္း ျဖစ္လာႏိုင္ေျခ ရိွေၾကာင္း ဆိုထားပါတယ္။ လက္ရိွတြင္ ေလထုမၿငိမ္မသက္မႈမ်ားျဖစ္ေနၿပီး..

မုတ္သုန္ ဆုတ္ခြာခ်ိန္ျဖစ္သည့္အတြက္ႏိုင္ငံတြင္း ေနရာအခ်ိဳ႕တြင္မိုးတိမ္ေတာင္ေတြ ျဖစ္ထြန္းကာေလျပင္း တိုက္ျခင္း၊မိုးသည္း ထန္စြာ ရြာျခင္း၊မိုးႀကိဳးပ စ္ျခင္းတို႔ ျဖစ္ေပၚႏိုင္ေၾကာင္း သိရပါတယ္။

ထို႔အတူ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ားတြင္ မုတ္သုန္အားေကာင္း ေနသည့္အတြက္ ရန္ကုန္အပါအဝင္ ျမစ္ဝ ကြၽန္းေပၚေဒသေတြမွာ ေလျပင္းတိုက္ ျခင္း၊မိုးသည္းထန္စြာ ရြာသြန္းျခင္းတို႔ ျဖစ္ႏိုင္တယ္လို႔ မိုးဇလမွ ခန႔္မွန္းေပးထားပါတယ္။

မိုးေလဝသေစတနာရွင္မေလး စုစုစံခန႔္မွန္းခ်က္အရ “ရခိုင္ရိုးမအေရ႔ွသတိ၊ ေတာင္တရုတ္ပင္လယ္ျပင္မွမုန္တိုင္းေတြရဲ့အထက္ေလစီး UAC upper air circulation conditions မ်ားသည္..

ျမန္မာႏိုင္ငံကို အေရ႔ွမွ အေနာက္သို႔လာေရာက္မွာ ျဖစ္ပါတယ္။ ကမ႓ာအျမင့္ေပ ၁၅၀၀၀၀မွ ၁၈၀၀၀၀အျမင့္ ေလဝဲလည္လာမယ့္ ေလထုသည္ ျမန္မာႏိုင္ငံ ပဲခူးရိုးမေပၚေရာက္ရိွလာတဲ့အခါ..

ေပ၅၀၀၀အထိ စိုက္ဆင္းလာမွာျဖစ္ၿပီး ရခိုင္ရိုးမႏွင့္ထိေတြ့ကာ ေအာက္တိုဘာလ ၁၂ရက္ ၁၃ရက္ေတြမွာ ရခိုင္ရိုးမအေရ႔ွဖက္ေတာင္တန္းေတြေပၚမွာ မိုးမ်ားစြာရြာသြန္းႏိုင္သျဖင့္..

ဧရာဝတီတိုင္း အေနာက္ပိုင္း ပဲခူးတိုင္းအေနာက္ပိုင္း ျပည္ခရိုင္ မေကြးတိုင္းအေနာက္ပိုင္း သရက္ခရိုင္မင္းတုန္း မေကြးခရိုင္ မင္းဘူးခရိုင္ စကု ပြင့္ျဖဴ ေရႊစက္ေတာ္လပဒါန္း..

မံဇလီ ကံျပား ကန္ဇြန္းမ ေလာင္းရွည္ ေစတုတၲရာ မုန္းဆည္ မန္းဆည္ ၿပီးအံုၿပီးဝဆည္ ရင္းရွည္တမံ စလင္းတမံ လင္းဇင္းဆည္ အိုက္းမဆည္ စလင္း ေရွာက္ေတာ ဆင္ျဖဴကြၽန္း ဆိပ္ျဖဴ ေဒသေတြမွာမိုးမ်ားစြာရြာသြန္းႏိုင္ပါတယ္။

ဧရာဝတီျမစ္ အေနာက္ဖက္ပိုင္း ရခိုင္ရိုးမကို ျမစ္ဖ်ားေခ်ာင္းဖ်ားခံတဲ့ ျမစ္ေခ်ာင္းအနီး ေနထိုင္ၾကသူေတြ အထူးသတိထားရမွာ ျဖစ္သလိုေရထိမခံႏိုင္တဲ့ လုပ္ငန္းလုပ္ေဆာင္ေနသူမ်ား ရိတ္သိမ္းေန​ၾကတဲ့ေတာင္သူလယ္သမားမ်ား

ဆည္တမံတာဝန္ခံ Engineers မ်ားပ်က္စီးမႈမရိွေစရန္ ႀကိဳတင္သိရိျွပင္ဆင္ႏိုင္ရန္ ရက္ႀကိဳတင္ၿပီး ခန္႔မွန္းေပးလိုက္ရတာ ျဖစ္ပါတယ္ရွင့္” ဆိုၿပီး ႀကိဳတင္အသိေပးထုတ္ျပန္ထားပါတယ္။

(Unicodeဖြင့် ဖတ်ရန်)

လာမည့်နှစ်ရက်အတွင်း (အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ရက်)လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီးရန်ကုန်တိုင်း အပါအဝင် မြစ်ဝကျွန်းပေါ် ဒေသများတွင် လေပြင်းတိုက်ခြင်း၊

မိုးသည်းထန်စွာ ရွာသွန်းခြင်း၊မိုးကြိုးပစ်ခြင်း စသည်တို့ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက သတိပေးပြောကြား လိုက်ပါတယ်။

အောက်တိုဘာလအတွင်း လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာ မုန်တိုင်း ဖြစ်လာနိုင်ခြေ ရှိကြောင်း ဆိုထားပါတယ်။ လက်ရှိတွင် လေထုမငြိမ်မသက်မှုများဖြစ်နေပြီး..

မုတ်သုန် ဆုတ်ခွာချိန်ဖြစ်သည့်အတွက်နိုင်ငံတွင်း နေရာအချို့တွင်မိုးတိမ်တောင်တွေ ဖြစ်ထွန်းကာလေပြင်း တိုက်ခြင်း၊မိုးသည်း ထန်စွာ ရွာခြင်း၊မိုးကြိုးပ စ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။

ထို့အတူ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မုတ်သုန်အားကောင်း နေသည့်အတွက် ရန်ကုန်အပါအဝင် မြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ လေပြင်းတိုက် ခြင်း၊မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ ဖြစ်နိုင်တယ်လို့ မိုးဇလမှ ခန့်မှန်းပေးထားပါတယ်။

မိုးလေဝသစေတနာရှင်မလေး စုစုစံခန့်မှန်းချက်အရ “ရခိုင်ရိုးမအရှေ့သတိ၊ တောင်တရုတ်ပင်လယ်ပြင်မှမုန်တိုင်းတွေရဲ့အထက်လေစီး UAC upper air circulation conditions များသည်..

မြန်မာနိုင်ငံကို အရှေ့မှ အနောက်သို့လာရောက်မှာ ဖြစ်ပါတယ်။ ကမ္ဘာအမြင့်ပေ ၁၅၀၀၀၀မှ ၁၈၀၀၀၀အမြင့် လေဝဲလည်လာမယ့် လေထုသည် မြန်မာနိုင်ငံ ပဲခူးရိုးမပေါ်ရောက်ရှိလာတဲ့အခါ..

ပေ၅၀၀၀အထိ စိုက်ဆင်းလာမှာဖြစ်ပြီး ရခိုင်ရိုးမနှင့်ထိတွေ့ကာ အောက်တိုဘာလ ၁၂ရက် ၁၃ရက်တွေမှာ ရခိုင်ရိုးမအရှေ့ဖက်တောင်တန်းတွေပေါ်မှာ မိုးများစွာရွာသွန်းနိုင်သဖြင့်..

ဧရာဝတီတိုင်း အနောက်ပိုင်း ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် မကွေးတိုင်းအနောက်ပိုင်း သရက်ခရိုင်မင်းတုန်း မကွေးခရိုင် မင်းဘူးခရိုင် စကု ပွင့်ဖြူ ရွှေစက်တော်လပဒါန်း..

မံဇလီ ကံပြား ကန်ဇွန်းမ လောင်းရှည် စေတုတ္တရာ မုန်းဆည် မန်းဆည် ပြီးအုံပြီးဝဆည် ရင်းရှည်တမံ စလင်းတမံ လင်းဇင်းဆည် အိုက်းမဆည် စလင်း ရှောက်တော ဆင်ဖြူကျွန်း ဆိပ်ဖြူ ဒေသတွေမှာမိုးများစွာရွာသွန်းနိုင်ပါတယ်။

ဧရာဝတီမြစ် အနောက်ဖက်ပိုင်း ရခိုင်ရိုးမကို မြစ်ဖျားချောင်းဖျားခံတဲ့ မြစ်ချောင်းအနီး နေထိုင်ကြသူတွေ အထူးသတိထားရမှာ ဖြစ်သလိုရေထိမခံနိုင်တဲ့ လုပ်ငန်းလုပ်ဆောင်နေသူများ ရိတ်သိမ်းနေ​ကြတဲ့တောင်သူလယ်သမားများ

ဆည်တမံတာဝန်ခံ Engineers များပျက်စီးမှုမရှိစေရန် ကြိုတင်သိရှိပြင်ဆင်နိုင်ရန် ရက်ကြိုတင်ပြီး ခန့်မှန်းပေးလိုက်ရတာ ဖြစ်ပါတယ်ရှင့်” ဆိုပြီး ကြိုတင်အသိပေးထုတ်ပြန်ထားပါတယ်။

credit