အနုပညာသတင္း

ခင္ပြန္းျဖစ္သူနဲ႔ ညီမေလးတို႔ကိုပါ သူမနဲ႔အတူ ေရာၿပီးမမုန္းလိုက္ဖို႔ ေတာင္းဆိုလာရင္းသူငယ္ခ်င္းျဖစ္သူေမပန္းခ်ီကို ေတာင္းပန္စာေရးသားလိုက္တဲ့ ေဘဘီေမာင္..

ခင္ပြန္းျဖစ္သူနဲ႔ ညီမေလးတို႔ကိုပါ သူမနဲ႔အတူ ေရာၿပီးမမုန္းလိုက္ဖို႔ ေတာင္းဆိုလာရင္းသူငယ္ခ်င္းျဖစ္သူေမပန္းခ်ီကို ေတာင္းပန္စာေရးသားလိုက္တဲ့ ေဘဘီေမာင္..

မွန္ကန္ေသာ လုပ္ရပ္ကိုလုပ္ျခင္းဒီရက္ပိုင္း ေဘဘီ့မွာ အေတြးေတြ သိပ္မ်ားပါတယ္။ ေတြးဖို႔ အခ်ိန္ေသခ်ာရေအာင္ယူၿပီးလည္း ေ

တြးျဖစ္ပါတယ္။ ဒီစာေလးကိုလည္း ေရးရနိုး မေရးရနိုး အႀကိမ္ႀကိမ္စဥ္းစားရင္းက လိုအပ္တယ္ထင္လို႔ ေရးဖို႔ေဘဘီ ဆုံးျဖတ္လိုက္ပါ

တယ္။ ဒီစာဟာ ေျဖရွင္းတဲ့စာ မဟုတ္သလိုအသနားခံစာလည္း မဟုတ္ရပါဘူး။ ေဘဘီလုပ္ခဲ့မိတဲ့ အျပဳအမူဟာ သနားခံရဖို႔ မထိုက္တန္ပါ

ဘူး။ ဒီစာဟာ ေတာင္းပန္စာပါ။ အျမဲ ပတြတ္ပတြတ္နဲ႔ ေျပာခ်င္ရာေတြ ေျပာတဲ့ေနရာ၊ ဟီလာထတဲ့ေနရာေတြမွာသာ အလု

ပ္ျဖစ္ၿပီး အေရးဟယ္ အေၾကာင္းဟယ္ အစီအစဥ္တက်ေျပာဟဲ့ဆိုရင္ ေတာေရာက္ေတာင္ေရာက္နဲ႔လိုရာမေရာက္ဘဲျဖစ္ျဖစ္ေ

နတတ္ ဒီပါးစပ္ႀကီးေၾကာင့္လည္း Liveမလႊင့္ေတာ့ဘဲ စာနဲ႔ပဲ ေရးဖို႔ဆုံးျဖတ္လိုက္ပါတယ္။🙏🏼 ပထမဦးဆုံးအေနနဲ႔ ေမပ

န္းခ်ီ့ကို ေဘဘီ ေတာင္းပန္ခ်င္ပါတယ္။

 

ျဖစ္ခဲ့သမၽွ အေၾကာင္းအရာ အားလုံးကို ျပန္သုံးသပ္ၾကည့္မယ္ဆိုရင္ အမွားေတြ အားလုံးဟာ ေဘဘီေၾကာင့္ပါပဲ။ ဒီအေျခ

အေနမွာ ေဘဘီ ဘယ္သူ႔ကိုမွလည္း အျပစ္တင္ဖို႔ စိတ္ကူးမရွိပါဘူး။ ၾကယ္စင္ဟာ ေဘဘီ့ကို ခ်စ္တဲ့စိတ္နဲ႔ ေဘဘီ့ကို အသားေပးၿပီး ပန္းခ်ီ့

ဘက္ကို နာေအာင္ ဘာေတြပဲေထာက္ေပးေပး ေဘဘီ့ရင္ထဲမွာသာ ရွင္းေနခဲ့မယ္ဆိုရင္ ဘာမွဝင္မေျပာဘဲ မသိခ်င္ေယာင္ေဆာင္ ေနလိုက္လို႔ရပါတယ္။ ဒါေပမယ့္ ေဘဘီ့ရင္ထဲမွာရွင္းမေနခဲ့ဘူးထင္ပါရဲ့။ မလုပ္သင့္ မေျပာသင့္တာကို တခဏျဖစ္လာတဲ့စိတ္နဲ႔ လုပ္မိ ေျ

ပာမိတယ္။ လူငယ္စိတ္နဲ႔ ငါေတာ့ ၾကဳံတုန္း ေျပာလိုက္ဦးမယ္ဆိုၿပီး ဘာမွ အမ်ားႀကီး မစဥ္းစားဘဲ ေျပာလိုက္မိပါတယ္။ ခုျပန္ေတြးၾကည့္တိုင္း ဘုရားတရားေတြလုပ္ၿပီး ငါဟာ တရားမရွိေသးပါလားလို႔လည္း အသိတရားရပါတယ္။ေဘဘီဟာ လူမို႔

တစ္ခါတစ္ခါ မနာလိုစိတ္ျဖစ္တတ္တာလည္း ဝန္ခံရပါမယ္။

ဒါေပမယ့္ တခဏတာ ေစာင္းႂကြလာတဲ့ အဲဒီစိတ္ကို မထိန္းလိုက္ဘဲ စိတ္လိုက္မာန္ပါနဲ႔ ေျပာမိလုပ္မိလိုက္တာမွာ ေဘဘီ စမွားေတာ့

တာပါပဲ။ အင္တာနက္ေခတ္မွာ လူအမ်ားသိတဲ့သူျဖစ္ရတာ သိပ္ေၾကာက္ဖို႔ ေကာင္းပါတယ္။ေျခလွမ္းတစ္ခ်က္မွားရင္ ျပန္အဖတ္ဆယ္ဖို႔

မလြယ္ပါဘူး။ အဲဒါကိုေတြးမိမိခ်င္း ေဘဘီ အရမ္းတုန္လႈပ္မိတာ အမွန္ပါ။ ငါနာမည္ပ်က္၊ အလုပ္လုပ္စားလို႔မရေတာ့ရင္ ငါ့ေနာက္ကြယ္က ငါ့ကိုမွီ

ခိုေနၾကတဲ့ မိသားစုနဲ႔ ငါ့အလုပ္က ကေလးေတြ ဘယ္လိုလုပ္ပါ့မလဲ၊ ငါ့ကိုခ်စ္တဲ့စိတ္တစ္ခုနဲ႔ ငါ့အတြက္အျမဲရပ္တည္ေပးတဲ့ ေမာင့္ကိုပါ ထိခိုက္ရင္ဘ

ယ္လိုလုပ္မလဲ ဆိုတဲ့ အေတြးေတြ ႏွိပ္စက္တဲ့အခါ ေဘဘီဟာ ဒုတိယအမွားကို ထပ္လုပ္မိပါတယ္။ ေဘဘီဟာ အသက္သာ ၃၀စြန္းလာ၊ အိမ္မွာ

သာ လူႀကီးလုပ္ေနရေပမယ့္ ကေလးလို ေပါေတာေတာေနေတာ့ စိတ္ဟာ လူႀကီးတစ္ေယာက္လို လိုက္ရင့္က်က္မလာဘူးထင္ပါရဲ့။

 

ကေလးဆန္ဆန္နဲ႔ “နင့္နာမည္တပ္ေျပာတာမွမဟုတ္တာ” ဆိုတဲ့ excuseကိုသုံးၿပီး မေတာင္းပန္ဘဲ ျပသနာကို ေရွာင္ထြက္ဖို႔ ႀကိဳးစား၊ အဲဒီ

ကေနမွ စိတ္ေတြက အေတြးေတြမ်ားၿပီး ဘာေတြ ေျပာမွန္းမသိ ေျပာျဖစ္ကုန္ေတာ့တာပါပဲ။ ေဘဘီဟာ စိတ္ထဲ ေပၚ ေ

ပၚတဲ့အတိုင္း ထလုပ္တတ္တဲ့အျပင္ စကား အေျပာအဆိုလည္း မေျပျပစ္ပါဘူး။ ဘာေျပာမယ္ ဘယ္လိုရွင္းျပလိုက္မယ္လို႔ planလည္း

မခ်တတ္၊ ေၾကာက္တဲ့စိတ္၊ ကိုယ့္ကိုယ္ကိုရွက္တဲ့စိတ္ေတြနဲ႔ အမွားေတြ ဆက္တိုက္လုပ္မိေတာ့တာ။ ဒါေတြထားပါေတာ့ေလ။ ခုနကေျ

ပာသလိုဘဲ ဒီစာဟာ “ေဘဘီမသိလို႔ အမွားလုပ္မိပါတယ္”လို႔ မ်က္ရည္ခံထိုး အသနားခံတဲ့စာမဟုတ္ပါဘူး။

ပန္းခ်ီ့ကို ေတာင္းပန္ဖို႔ ေရးတဲ့စာပါ။ သူငယ္ခ်င္း ေမပန္းခ်ီ…. နင့္ကိုငါ အရာအားလုံးအတြက္ ေတာင္းပန္ပါတယ္။ 🙏🏼🙏🏼 နင့္ကို

ေလွာင္သလိုေျပာင္သလိုရယ္ခဲ့မိတဲ့ တခဏဟာ ငါ့အတြက္ ေနာင္တ တစ္သက္စာပါ။ အခုအခ်ိန္မွာ ငါတို႔ေတြ အဆင္မေျပေတာ့လို႔ သူငယ္ခ်င္း

ဆက္မျဖစ္နိုင္ေတာ့ေပမယ့္ သူငယ္ခ်င္း ျဖစ္ခဲ့စဥ္က အတူေပ်ာ္၊ အတူရယ္ခဲ့ဖူးၾကတယ္။ ငါတို႔ေတြအတူ ေပ်ာ္စရာအခ်ိန္ေတြ ျဖ

တ္သန္းခဲ့ဖူးၾကတယ္။ ေသခ်ာ ျပန္ေတြးၾကည့္တဲ့အခါ နင္ဟာ ငါ့ရဲ့ သူငယ္ခ်င္းေကာင္းတစ္ေယာက္အျဖစ္ ရွိခဲ့ေပးဖူးတယ္ဆိုတာ

နဲ႔တင္ ငါ့အျပဳအမူအတြက္ ငါရွက္လို႔မဆုံးပါဘူး သူငယ္ခ်င္း။ အဲဒီအတြက္ ငါ ထပ္ေတာင္းပန္ပါတယ္။🙏🏼ေနာက္တစ္ခုက ပရိတ္သတ္ကို ေ

တာင္းပန္ခ်င္တာပါ။ ေဘဘီ့ကိုခ်စ္ရက္နဲ႔ ေဘဘီ့အျပဳအမူေၾကာင့္ ဆက္မခ်စ္ေတာ့ဘူး၊ ဆက္အားမေပးခ်င္ေတာ့ဘူးဆိုတဲ့

commentေတြ ေတြ႕တိုင္း ငါ့အျပစ္နဲ႔ငါခံရတာ… ခံရမယ္လို႔ ေတြးရင္း ရင္ေတြ အႀကိမ္ႀကိမ္ကြဲရပါတယ္။

 

ဒီဘဝကေလးကိုေရာက္လာဖို႔ ခက္ခဲၾကမ္းတမ္းတဲ့လမ္းေတြ အမ်ားႀကီး ေလၽွာက္ၿပီး တည္ေဆာက္ခဲ့ရသူမို႔ ကိုယ့္ဘဝကိုယ္

ယူက်ဳံးမရလည္း မရျဖစ္ရပါတယ္။ ယုံပါ။ ေဘဘီ့မွားေနတာေတာင္မွ လူဆိုတာ မွားတတ္ပါတယ္ဆိုတဲ့ကိုယ္ခ်င္းစာတရားနဲ႔ ေဘဘီ့ကို

နားလည္ေပးၾကတဲ့ ေဘဘီ့ကို ခ်စ္ၾကသူေတြ၊ ဒီတစ္ခါေတာ့ ေဘဘီေမာင္မွားတယ္လို႔ အတိအလင္းေျပာ မုန္းသြားၾက

တဲ့သူေတြ၊ ေဘဘီ့ရဲ့ မေကာင္းတဲ့အျပဳအမူကို စက္ဆုပ္ရြံရွာသြားၾကသူေတြ အားလုံးကိုလည္း ေဘဘီ ဒီေနရာကေန ေတာင္း

ပန္ပါရေစ။ 🙏🏼🙏🏼 ေဘဘီ မွားမိပါတယ္။ အဲဒီအမွားေၾကာင့္ရလာတဲ့ ရလဒ္ အဆိုးအေကာင္းအားလုံးကိုလည္း ေဘဘီတစ္ေယာ

က္တည္း ခံပါရေစ။ေဘဘီ့ကို အျမဲဆုံးမပဲ့ျပင္တဲ့ မိဘေတြမွာလည္း အျပစ္မရွိသလို ေဘဘီ့အနားမွာ ေဘဘီ့လက္ကို တင္းတင္းဆုပ္ၿ

ပီး ဆိုးဆိုးေကာင္းေကာင္း အျမဲရွိေနေပးတဲ့ ေမာင့္ကိုလည္း အျပစ္မတင္ဖို႔ ေတာင္းဆိုပါရေစ။

 

ေမာင္ဟာ တက္လမ္းေတြအမ်ားႀကီးနဲ႔ အရည္အခ်င္းေတြအမ်ားႀကီးရွိသူ ၾကည္စင္ေအးခ်မ္းသူမို႔ ေဘဘီ့ေၾကာင့္ ေမာင့္

ကိုမ်ားထိခိုက္ရင္ဆိုၿပီးေတြးတိုင္း ရင္ထဲမွာ ေမာင့္ကိုလည္းအားနာ၊ဘာလုပ္ေပးရမွန္းလည္းမသိတဲ့အခါ ေဘဘီဟာ အ႐ူးမႀကီးတ

စ္ေယာက္လိုပါပဲ။ အညြန္႔တလူလူနဲ႔တက္ေနတဲ့ ေဘဘီ့ညီမေလးကိုထိခိုက္မွာလည္း ေဘဘီ သိပ္ေၾကာက္ပါတယ္။ ဒါဟာ မွန္ေ

သာ သစၥာစကားေတြပါ။ ေဘဘီ့ကို ခြင့္မလႊတ္ရင္ေနပါ၊ ေမာင္နဲ႔ ေဘဘီ့ညီမေလးေတြ မိသားစုေတြကို ေဘဘီနဲ႔ေရာၿပီး

မမုန္းလိုက္ဖို႔ ေတာင္းဆိုပါရေစ။ ေဘဘီဟာ အသက္လည္းရလာၿပီ၊ အႏုပညာလုပ္ဖို႔ အခြင့္အေရး မရေတာ့လည္း ကိုယ့္အျပစ္နဲ႔ကို

ယ္ဆိုေပမယ့္ ေမာင္တို႔ က်ဲေလးတို႔ကိုပါ ေဘဘီ့ေၾကာင့္ထိခိုက္ရတယ္ဆိုရင္ သူတို႔အတြက္ မတရားပါဘူး။ ေဘဘီလည္း အဲဒီေ

နာင္တႀကီးနဲ႔ ႐ူးမွာပါပဲ။ ေဘဘီဟာ သဲတို႔ေျပာသလို ဇြတ္ျဖဴစင္ေမာင္ လုပ္ေနတာမ်ိဳးလည္းမဟုတ္ရပါဘူး။

 

ေဘဘီသာလၽွင္ သမာအာဇီဝလုပ္တယ္ တျခားသူေတြက မေကာင္းတာေတြလုပ္တယ္ဆိုတဲ့ အေတြးမ်ိဳး ေဘဘီ့မွာ မရွိရပါဘူး။ ဒါေပမ

ယ့္ ေဘဘီ့အျပဳအမူ အေျပာအဆိုေတြဟာ အဲဒီလိုအဓိပၸါယ္မ်ိဳး ျဖစ္သြားခဲ့တဲ့အတြက္ ေမပန္းခ်ီ့ကိုေရာ အားလုံးကိုေရာ ေတာ

င္းပန္ပါတယ္။ ေဘဘီ့အျပစ္ေတြကို ေဘဘီတစ္ေယာက္တည္း ခံခြင့္ျပဳပါ။🙏🏼🙏🏼ေနာက္တစ္ခုက ပရိတ္သတ္ကို ေတာင္းပန္ခ်င္တာပါ။

ေဘဘီ့ကိုခ်စ္ရက္နဲ႔ ေဘဘီ့အျပဳအမူေၾကာင့္ ဆက္မခ်စ္ေတာ့ဘူး၊ ဆက္အားမေပးခ်င္ေတာ့ဘူးဆိုတဲ့ commentေတြ ေတြ႕တို

င္း ငါ့အျပစ္နဲ႔ငါခံရတာ… ခံရမယ္လို႔ ေတြးရင္း ရင္ေတြ အႀကိမ္ႀကိမ္ကြဲရပါတယ္။

🙏🏼🙏🏼🙏🏼ေနာက္တစ္ခုက ေဘဘီေစ်းေရာင္းတဲ့ ကိစၥပါ။ ေဘဘီက ေစ်းမေရာင္းရေတာ့မွာ ေၾကာက္လို႔ ငိုယိုေတာင္းပ

န္ေနတယ္ဆိုၿပီး အားလုံးေျပာၾကတာ မွန္သင့္သေလာက္မွန္ပါတယ္။ ဒါေပမယ့္ အဲဒီအေၾကာင္းျပခ်က္တစ္ခုတည္းေၾကာင့္ ငိုတာ

မဟုတ္ပါဘူး။ မစဥ္းစား မဆင္ျခင္ပဲ ျပဳမူေျပာဆို လိုက္မိတဲ့အတြက္ေၾကာင့္သူတစ္ပါးလည္း စိတ္ဆင္းရဲရ၊ ကိုယ့္ကိုခ်စ္တဲ့သူေတြလ

ည္း ကိုယ့္ေၾကာင့္ထိခိုက္ရ၊ ကိုယ္ခက္ခက္ခဲခဲတည္ေဆာက္ထားတဲ့ ဘဝေလးလည္း ကၽြမ္းထိုးေမွာက္ခုံ ျဖစ္ရနဲ႔ ျဖစ္ရတဲ့ အျဖစ္အေပၚ

ယူက်ဳံးမရလြန္း ကိုယ့္ကိုယ္ကို စိတ္နာလြန္းလို႔ အ႐ူးတစ္ေယာက္လို ငိုမိပါတယ္။

 

အပြင့္လင္းဆုံးဝန္ခံရရင္ ေစ်းမေရာင္းရေတာ့မွာလည္း ေဘဘီတကယ္ေၾကာက္ပါတယ္။ ေဘဘီ့ေနာက္မွာရွိတဲ့ မိသားစုႀကီးတ

စ္ခုလုံးကို ေဘဘီ ေကၽြးေမြး ျပဳစုေစာင့္ေရွာက္ခြင့္မရေတာ့မွာ ေဘဘီ့မိသားစု ဒုကၡေရာက္မွာ ေဘဘီ ေသမေလာက္ေၾ

ကာက္ပါတယ္။ ဒါေပမယ့္ ျဖစ္လာတဲ့ အေျခအေန အေၾကာင္းေၾကာင္းကို ျပန္သုံးသပ္ၾကည့္တဲ့အခါလုပ္ရဲရင္ ခံရဲရမယ္ဆိုတဲ့စကား

အတိုင္း မွန္ကန္တဲ့လုပ္ရပ္ကိုလုပ္ၿပီး ျဖစ္လာသမၽွကိုလည္း ေဘဘီ လက္ခံနိုင္ဖို႔ ႀကိဳးစားရပါမယ္။ ေဘဘီဟာ တာဝန္ဝတၱရားေတြနဲ႔သူ

မို႔ Liveလႊင့္ၿပီး ေစ်းေရာင္းလို႔အဆင္မေျပရင္ အျပင္မွာ ဆိုင္ဖြင့္ေရာင္းၿပီး ရွာစားရမွာပါပဲ။ ေဘဘီေမာင္ႀကီးကို ရြံ

လို႔အျမင္ကပ္လို႔ သူဆိုင္ဖြင့္လည္း မဝယ္ဘူးေဟ့ဆိုတဲ့ဘဝ ေရာက္ခဲ့ရရင္လည္း ေစ်းဗန္းရြက္ၿပီးပဲ ရွာစားရ စားရ မိသားစုအတြက္ ေဘ

ဘီ ေရွ႕ဆက္ေနရဦးမွာပါပဲ။ ေဘဘီ့ကို ခ်စ္သူေတြ မွီခိုေနၾကသူေတြအတြက္ ရတဲ့နည္းနဲ႔႐ုန္းကန္ႀကိဳးစားေနရဦးမွာပါပဲ။

 

ဒီေနရာမွာ ေဘဘီခဏခဏေျပာလို႔ အားလုံးေဘဘီ့ကို အျမင္ကပ္ေနၾကတဲ့ စကားကိုပဲ သုံးပါရေစ။ ေရွ႕ဆက္ ဘာအလုပ္ပဲလုပ္

ဖို႔ျဖစ္လာလာ ေဘဘီ သမာအာဇီဝအလုပ္ကိုပဲ လုပ္စားပါမယ္။ ဒါဟာ ေဘဘီသာ သမာအာဇီဝလုပ္ၿပီး တျခားသူေတြက မေကာင္းတဲ့အ

လုပ္ေတြလုပ္တယ္လို႔ ဆိုလိုခ်င္တာမ်ိဳး လုံးဝလုံးဝ မဟုတ္ရပါဘူးဆိုတာ ယုံပါ။ လူတိုင္းရဲ့ဘဝေတြမွာ အတိတ္ဆိုတာ ရွိပါတယ္။ ေဘဘီဟာ အ

တိတ္ကို ျပည္ဖုံးကားခ်ၿပီး ဘဝကို အေကာင္းဆုံးတည္ေဆာက္ဖို႔ ႀကိဳးစားေနသူပါ။ အဲဒီလို ကိုယ့္ကိုယ္ကို ဟုတ္လွၿပီထင္ၿပီး ႀကိဳးစားရ

င္းက မေမၽွာ္လင့္ပဲ အမွားေတြဆက္တိုက္လုပ္မိတဲ့အခါ ေဘဘီ့စိတ္ရဲ့ အနာအဆာကို ေဘဘီ ျပန္ျမင္လိုက္ရသလိုပါဘဲ။ သိပ္ရွက္မိပါတယ္။

စာလည္း သိပ္ရွည္သြားၿပီ။ ေဘဘီဟာ မိသားစု ဝမ္းေရးအတြက္ အလုပ္တစ္ခုမဟုတ္တစ္ခုလုပ္ၿပီး မျဖစ္မေန႐ုန္းကန္ရဦးမွာမို႔ တစ္ေန႔ေ

ဘဘီျပန္လာခဲ့ပါမယ္။ အဲဒီအခါမွာ ေဘဘီ့ကို မုန္းတီးရြံရွာသြားၾကသူမ်ားလည္း ေဘဘီ့ကို အခုေလာက္ခါးခါးသီးသီး မမုန္းတီးေ

တာ့ဘဲ တျဖည္းတျဖည္း ခြင့္လႊတ္ေပးၾကပါေစလို႔လည္း ေမၽွာ္လင့္ပါရေစ။

ေဘဘီ့စိတ္ဓာတ္ကိုျပဳျပင္ရင္း အားလုံးရဲ့မ်က္စိေရွ႕ကို ျပန္လာဖို႔ ေဘဘီသတၱိရွိလာတဲ့တစ္ေန႔မွာ ေဘဘီ ျပန္လာခဲ့ပါ့မယ္။ အဲဒီအခါ

ေဘဘီ့ကို သဲတို႔ျပန္လက္မခံနိုင္ေတာ့ဘူးဆိုရင္လည္း ကံတရားလို႔ဘဲ ေဘဘီမွတ္ယူပါ့မယ္။ အားလုံးပဲ စိတ္ေရာကိုယ္ပါ က်န္းမာခ်မ္း

သာၿပီး ေဘးအႏၲရာယ္ အေပါင္းမွ ကင္းေဝးၾကပါေစ။ (မီဒီယာမ်ား ဒီစာကို ကူးယူေဖာ္ျပခဲ့ရင္ ေဘဘီ့ရဲ့ဆိုလိုရင္းကေန

လြဲေခ်ာ္ၿပီးေဘဘီ့ကို အမ်ားပိုၿပိး အထင္လြဲေစမယ့္ ေခါင္းစဥ္ေတြ ေျပာင္းလဲမတပ္ဖို႔ ေမတၱာရပ္ခံပါရေစ။ 🙏🏼🙏🏼)ေဘ

ဘီေမာင္

Crd
Unicode
ခင်ပွန်းဖြစ်သူနဲ့ ညီမလေးတို့ကိုပါ သူမနဲ့အတူ ရောပြီးမမုန်းလိုက်ဖို့ တောင်းဆိုလာရင်းသူငယ်ချင်းဖြစ်သူမေပန်းချီကို တောင်းပန်စာရေးသားလိုက်တဲ့ ဘေဘီမောင်..

မှန်ကန်သော လုပ်ရပ်ကိုလုပ်ခြင်းဒီရက်ပိုင်း ဘေဘီ့မှာ အတွေးတွေ သိပ်များပါတယ်။ တွေးဖို့ အချိန်သေချာရအောင်ယူပြီးလည်း တွေးဖြစ်ပါတယ်။ ဒီစာလေးကိုလည်း ရေးရနိုး မရေးရနိုး အကြိမ်ကြိမ်စဉ်းစားရင်းက လိုအပ်တယ်ထင်လို့ ရေးဖို့ဘေဘီ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစာဟာ ဖြေရှင်းတဲ့စာ မဟုတ်သလိုအသနားခံစာလည်း မဟုတ်ရပါဘူး။ ဘေဘီလုပ်ခဲ့မိတဲ့ အပြုအမူဟာ သနားခံရဖို့ မထိုက်တန်ပါဘူး။ ဒီစာဟာ တောင်းပန်စာပါ။ အမြဲ ပတွတ်ပတွတ်နဲ့ ပြောချင်ရာတွေ ပြောတဲ့နေရာ၊ ဟီလာထတဲ့နေရာတွေမှာသာ အလုပ်ဖြစ်ပြီး အရေးဟယ် အကြောင်းဟယ် အစီအစဉ်တကျပြောဟဲ့ဆိုရင် တောရောက်တောင်ရောက်နဲ့လိုရာမရောက်ဘဲဖြစ်ဖြစ်နေတတ် ဒီပါးစပ်ကြီးကြောင့်လည်း Liveမလွှင့်တော့ဘဲ စာနဲ့ပဲ ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်။🙏🏼 ပထမဦးဆုံးအနေနဲ့ မေပန်းချီ့ကို ဘေဘီ တောင်းပန်ချင်ပါတယ်။

ဖြစ်ခဲ့သမျှ အကြောင်းအရာ အားလုံးကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် အမှားတွေ အားလုံးဟာ ဘေဘီကြောင့်ပါပဲ။ ဒီအခြေအနေမှာ ဘေဘီ ဘယ်သူ့ကိုမှလည်း အပြစ်တင်ဖို့ စိတ်ကူးမရှိပါဘူး။ ကြယ်စင်ဟာ ဘေဘီ့ကို ချစ်တဲ့စိတ်နဲ့ ဘေဘီ့ကို အသားပေးပြီး ပန်းချီ့ဘက်ကို နာအောင် ဘာတွေပဲထောက်ပေးပေး ဘေဘီ့ရင်ထဲမှာသာ ရှင်းနေခဲ့မယ်ဆိုရင် ဘာမှဝင်မပြောဘဲ မသိချင်ယောင်ဆောင် နေလိုက်လို့ရပါတယ်။ ဒါပေမယ့် ဘေဘီ့ရင်ထဲမှာရှင်းမနေခဲ့ဘူးထင်ပါရဲ့။ မလုပ်သင့် မပြောသင့်တာကို တခဏဖြစ်လာတဲ့စိတ်နဲ့ လုပ်မိ ပြောမိတယ်။ လူငယ်စိတ်နဲ့ ငါတော့ ကြုံတုန်း ပြောလိုက်ဦးမယ်ဆိုပြီး ဘာမှ အများကြီး မစဉ်းစားဘဲ ပြောလိုက်မိပါတယ်။ ခုပြန်တွေးကြည့်တိုင်း ဘုရားတရားတွေလုပ်ပြီး ငါဟာ တရားမရှိသေးပါလားလို့လည်း အသိတရားရပါတယ်။ဘေဘီဟာ လူမို့ တစ်ခါတစ်ခါ မနာလိုစိတ်ဖြစ်တတ်တာလည်း ဝန်ခံရပါမယ်။

ဒါပေမယ့် တခဏတာ စောင်းကြွလာတဲ့ အဲဒီစိတ်ကို မထိန်းလိုက်ဘဲ စိတ်လိုက်မာန်ပါနဲ့ ပြောမိလုပ်မိလိုက်တာမှာ ဘေဘီ စမှားတော့တာပါပဲ။ အင်တာနက်ခေတ်မှာ လူအများသိတဲ့သူဖြစ်ရတာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ခြေလှမ်းတစ်ချက်မှားရင် ပြန်အဖတ်ဆယ်ဖို့ မလွယ်ပါဘူး။ အဲဒါကိုတွေးမိမိချင်း ဘေဘီ အရမ်းတုန်လှုပ်မိတာ အမှန်ပါ။ ငါနာမည်ပျက်၊ အလုပ်လုပ်စားလို့မရတော့ရင် ငါ့နောက်ကွယ်က ငါ့ကိုမှီခိုနေကြတဲ့ မိသားစုနဲ့ ငါ့အလုပ်က ကလေးတွေ ဘယ်လိုလုပ်ပါ့မလဲ၊ ငါ့ကိုချစ်တဲ့စိတ်တစ်ခုနဲ့ ငါ့အတွက်အမြဲရပ်တည်ပေးတဲ့ မောင့်ကိုပါ ထိခိုက်ရင်ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးတွေ နှိပ်စက်တဲ့အခါ ဘေဘီဟာ ဒုတိယအမှားကို ထပ်လုပ်မိပါတယ်။ ဘေဘီဟာ အသက်သာ ၃၀စွန်းလာ၊ အိမ်မှာသာ လူကြီးလုပ်နေရပေမယ့် ကလေးလို ပေါတောတောနေတော့ စိတ်ဟာ လူကြီးတစ်ယောက်လို လိုက်ရင့်ကျက်မလာဘူးထင်ပါရဲ့။

ကလေးဆန်ဆန်နဲ့ “နင့်နာမည်တပ်ပြောတာမှမဟုတ်တာ” ဆိုတဲ့ excuseကိုသုံးပြီး မတောင်းပန်ဘဲ ပြသနာကို ရှောင်ထွက်ဖို့ ကြိုးစား၊ အဲဒီကနေမှ စိတ်တွေက အတွေးတွေများပြီး ဘာတွေ ပြောမှန်းမသိ ပြောဖြစ်ကုန်တော့တာပါပဲ။ ဘေဘီဟာ စိတ်ထဲ ပေါ် ပေါ်တဲ့အတိုင်း ထလုပ်တတ်တဲ့အပြင် စကား အပြောအဆိုလည်း မပြေပြစ်ပါဘူး။ ဘာပြောမယ် ဘယ်လိုရှင်းပြလိုက်မယ်လို့ planလည်းမချတတ်၊ ကြောက်တဲ့စိတ်၊ ကိုယ့်ကိုယ်ကိုရှက်တဲ့စိတ်တွေနဲ့ အမှားတွေ ဆက်တိုက်လုပ်မိတော့တာ။ ဒါတွေထားပါတော့လေ။ ခုနကပြောသလိုဘဲ ဒီစာဟာ “ဘေဘီမသိလို့ အမှားလုပ်မိပါတယ်”လို့ မျက်ရည်ခံထိုး အသနားခံတဲ့စာမဟုတ်ပါဘူး။

ပန်းချီ့ကို တောင်းပန်ဖို့ ရေးတဲ့စာပါ။ သူငယ်ချင်း မေပန်းချီ…. နင့်ကိုငါ အရာအားလုံးအတွက် တောင်းပန်ပါတယ်။ 🙏🏼🙏🏼 နင့်ကို လှောင်သလိုပြောင်သလိုရယ်ခဲ့မိတဲ့ တခဏဟာ ငါ့အတွက် နောင်တ တစ်သက်စာပါ။ အခုအချိန်မှာ ငါတို့တွေ အဆင်မပြေတော့လို့ သူငယ်ချင်း ဆက်မဖြစ်နိုင်တော့ပေမယ့် သူငယ်ချင်း ဖြစ်ခဲ့စဉ်က အတူပျော်၊ အတူရယ်ခဲ့ဖူးကြတယ်။ ငါတို့တွေအတူ ပျော်စရာအချိန်တွေ ဖြတ်သန်းခဲ့ဖူးကြတယ်။ သေချာ ပြန်တွေးကြည့်တဲ့အခါ နင်ဟာ ငါ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ရှိခဲ့ပေးဖူးတယ်ဆိုတာ နဲ့တင် ငါ့အပြုအမူအတွက် ငါရှက်လို့မဆုံးပါဘူး သူငယ်ချင်း။ အဲဒီအတွက် ငါ ထပ်တောင်းပန်ပါတယ်။🙏🏼နောက်တစ်ခုက ပရိတ်သတ်ကို တောင်းပန်ချင်တာပါ။ ဘေဘီ့ကိုချစ်ရက်နဲ့ ဘေဘီ့အပြုအမူကြောင့် ဆက်မချစ်တော့ဘူး၊ ဆက်အားမပေးချင်တော့ဘူးဆိုတဲ့ commentတွေ တွေ့တိုင်း ငါ့အပြစ်နဲ့ငါခံရတာ… ခံရမယ်လို့ တွေးရင်း ရင်တွေ အကြိမ်ကြိမ်ကွဲရပါတယ်။

ဒီဘဝကလေးကိုရောက်လာဖို့ ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေ အများကြီး လျှောက်ပြီး တည်ဆောက်ခဲ့ရသူမို့ ကိုယ့်ဘဝကိုယ် ယူကျုံးမရလည်း မရဖြစ်ရပါတယ်။ ယုံပါ။ ဘေဘီ့မှားနေတာတောင်မှ လူဆိုတာ မှားတတ်ပါတယ်ဆိုတဲ့ကိုယ်ချင်းစာတရားနဲ့ ဘေဘီ့ကို နားလည်ပေးကြတဲ့ ဘေဘီ့ကို ချစ်ကြသူတွေ၊ ဒီတစ်ခါတော့ ဘေဘီမောင်မှားတယ်လို့ အတိအလင်းပြော မုန်းသွားကြတဲ့သူတွေ၊ ဘေဘီ့ရဲ့ မကောင်းတဲ့အပြုအမူကို စက်ဆုပ်ရွံရှာသွားကြသူတွေ အားလုံးကိုလည်း ဘေဘီ ဒီနေရာကနေ တောင်းပန်ပါရစေ။ 🙏🏼🙏🏼 ဘေဘီ မှားမိပါတယ်။ အဲဒီအမှားကြောင့်ရလာတဲ့ ရလဒ် အဆိုးအကောင်းအားလုံးကိုလည်း ဘေဘီတစ်ယောက်တည်း ခံပါရစေ။ဘေဘီ့ကို အမြဲဆုံးမပဲ့ပြင်တဲ့ မိဘတွေမှာလည်း အပြစ်မရှိသလို ဘေဘီ့အနားမှာ ဘေဘီ့လက်ကို တင်းတင်းဆုပ်ပြီး ဆိုးဆိုးကောင်းကောင်း အမြဲရှိနေပေးတဲ့ မောင့်ကိုလည်း အပြစ်မတင်ဖို့ တောင်းဆိုပါရစေ။

မောင်ဟာ တက်လမ်းတွေအများကြီးနဲ့ အရည်အချင်းတွေအများကြီးရှိသူ ကြည်စင်အေးချမ်းသူမို့ ဘေဘီ့ကြောင့် မောင့်ကိုများထိခိုက်ရင်ဆိုပြီးတွေးတိုင်း ရင်ထဲမှာ မောင့်ကိုလည်းအားနာ၊ဘာလုပ်ပေးရမှန်းလည်းမသိတဲ့အခါ ဘေဘီဟာ အရူးမကြီးတစ်ယောက်လိုပါပဲ။ အညွန့်တလူလူနဲ့တက်နေတဲ့ ဘေဘီ့ညီမလေးကိုထိခိုက်မှာလည်း ဘေဘီ သိပ်ကြောက်ပါတယ်။ ဒါဟာ မှန်သော သစ္စာစကားတွေပါ။ ဘေဘီ့ကို ခွင့်မလွှတ်ရင်နေပါ၊ မောင်နဲ့ ဘေဘီ့ညီမလေးတွေ မိသားစုတွေကို ဘေဘီနဲ့ရောပြီး မမုန်းလိုက်ဖို့ တောင်းဆိုပါရစေ။ ဘေဘီဟာ အသက်လည်းရလာပြီ၊ အနုပညာလုပ်ဖို့ အခွင့်အရေး မရတော့လည်း ကိုယ့်အပြစ်နဲ့ကိုယ်ဆိုပေမယ့် မောင်တို့ ကျဲလေးတို့ကိုပါ ဘေဘီ့ကြောင့်ထိခိုက်ရတယ်ဆိုရင် သူတို့အတွက် မတရားပါဘူး။ ဘေဘီလည်း အဲဒီနောင်တကြီးနဲ့ ရူးမှာပါပဲ။ ဘေဘီဟာ သဲတို့ပြောသလို ဇွတ်ဖြူစင်မောင် လုပ်နေတာမျိုးလည်းမဟုတ်ရပါဘူး။

ဘေဘီသာလျှင် သမာအာဇီဝလုပ်တယ် တခြားသူတွေက မကောင်းတာတွေလုပ်တယ်ဆိုတဲ့ အတွေးမျိုး ဘေဘီ့မှာ မရှိရပါဘူး။ ဒါပေမယ့် ဘေဘီ့အပြုအမူ အပြောအဆိုတွေဟာ အဲဒီလိုအဓိပ္ပါယ်မျိုး ဖြစ်သွားခဲ့တဲ့အတွက် မေပန်းချီ့ကိုရော အားလုံးကိုရော တောင်းပန်ပါတယ်။ ဘေဘီ့အပြစ်တွေကို ဘေဘီတစ်ယောက်တည်း ခံခွင့်ပြုပါ။🙏🏼🙏🏼နောက်တစ်ခုက ပရိတ်သတ်ကို တောင်းပန်ချင်တာပါ။ ဘေဘီ့ကိုချစ်ရက်နဲ့ ဘေဘီ့အပြုအမူကြောင့် ဆက်မချစ်တော့ဘူး၊ ဆက်အားမပေးချင်တော့ဘူးဆိုတဲ့ commentတွေ တွေ့တိုင်း ငါ့အပြစ်နဲ့ငါခံရတာ… ခံရမယ်လို့ တွေးရင်း ရင်တွေ အကြိမ်ကြိမ်ကွဲရပါတယ်။

🙏🏼🙏🏼🙏🏼နောက်တစ်ခုက ဘေဘီဈေးရောင်းတဲ့ ကိစ္စပါ။ ဘေဘီက ဈေးမရောင်းရတော့မှာ ကြောက်လို့ ငိုယိုတောင်းပန်နေတယ်ဆိုပြီး အားလုံးပြောကြတာ မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမယ့် အဲဒီအကြောင်းပြချက်တစ်ခုတည်းကြောင့် ငိုတာမဟုတ်ပါဘူး။ မစဉ်းစား မဆင်ခြင်ပဲ ပြုမူပြောဆို လိုက်မိတဲ့အတွက်ကြောင့်သူတစ်ပါးလည်း စိတ်ဆင်းရဲရ၊ ကိုယ့်ကိုချစ်တဲ့သူတွေလည်း ကိုယ့်ကြောင့်ထိခိုက်ရ၊ ကိုယ်ခက်ခက်ခဲခဲတည်ဆောက်ထားတဲ့ ဘဝလေးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်ရနဲ့ ဖြစ်ရတဲ့ အဖြစ်အပေါ် ယူကျုံးမရလွန်း ကိုယ့်ကိုယ်ကို စိတ်နာလွန်းလို့ အရူးတစ်ယောက်လို ငိုမိပါတယ်။

အပွင့်လင်းဆုံးဝန်ခံရရင် ဈေးမရောင်းရတော့မှာလည်း ဘေဘီတကယ်ကြောက်ပါတယ်။ ဘေဘီ့နောက်မှာရှိတဲ့ မိသားစုကြီးတစ်ခုလုံးကို ဘေဘီ ကျွေးမွေး ပြုစုစောင့်ရှောက်ခွင့်မရတော့မှာ ဘေဘီ့မိသားစု ဒုက္ခရောက်မှာ ဘေဘီ သေမလောက်ကြောက်ပါတယ်။ ဒါပေမယ့် ဖြစ်လာတဲ့ အခြေအနေ အကြောင်းကြောင်းကို ပြန်သုံးသပ်ကြည့်တဲ့အခါလုပ်ရဲရင် ခံရဲရမယ်ဆိုတဲ့စကားအတိုင်း မှန်ကန်တဲ့လုပ်ရပ်ကိုလုပ်ပြီး ဖြစ်လာသမျှကိုလည်း ဘေဘီ လက်ခံနိုင်ဖို့ ကြိုးစားရပါမယ်။ ဘေဘီဟာ တာဝန်ဝတ္တရားတွေနဲ့သူမို့ Liveလွှင့်ပြီး ဈေးရောင်းလို့အဆင်မပြေရင် အပြင်မှာ ဆိုင်ဖွင့်ရောင်းပြီး ရှာစားရမှာပါပဲ။ ဘေဘီမောင်ကြီးကို ရွံလို့အမြင်ကပ်လို့ သူဆိုင်ဖွင့်လည်း မဝယ်ဘူးဟေ့ဆိုတဲ့ဘဝ ရောက်ခဲ့ရရင်လည်း ဈေးဗန်းရွက်ပြီးပဲ ရှာစားရ စားရ မိသားစုအတွက် ဘေဘီ ရှေ့ဆက်နေရဦးမှာပါပဲ။ ဘေဘီ့ကို ချစ်သူတွေ မှီခိုနေကြသူတွေအတွက် ရတဲ့နည်းနဲ့ရုန်းကန်ကြိုးစားနေရဦးမှာပါပဲ။

ဒီနေရာမှာ ဘေဘီခဏခဏပြောလို့ အားလုံးဘေဘီ့ကို အမြင်ကပ်နေကြတဲ့ စကားကိုပဲ သုံးပါရစေ။ ရှေ့ဆက် ဘာအလုပ်ပဲလုပ်ဖို့ဖြစ်လာလာ ဘေဘီ သမာအာဇီဝအလုပ်ကိုပဲ လုပ်စားပါမယ်။ ဒါဟာ ဘေဘီသာ သမာအာဇီဝလုပ်ပြီး တခြားသူတွေက မကောင်းတဲ့အလုပ်တွေလုပ်တယ်လို့ ဆိုလိုချင်တာမျိုး လုံးဝလုံးဝ မဟုတ်ရပါဘူးဆိုတာ ယုံပါ။ လူတိုင်းရဲ့ဘဝတွေမှာ အတိတ်ဆိုတာ ရှိပါတယ်။ ဘေဘီဟာ အတိတ်ကို ပြည်ဖုံးကားချပြီး ဘဝကို အကောင်းဆုံးတည်ဆောက်ဖို့ ကြိုးစားနေသူပါ။ အဲဒီလို ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ပြီး ကြိုးစားရင်းက မမျှော်လင့်ပဲ အမှားတွေဆက်တိုက်လုပ်မိတဲ့အခါ ဘေဘီ့စိတ်ရဲ့ အနာအဆာကို ဘေဘီ ပြန်မြင်လိုက်ရသလိုပါဘဲ။ သိပ်ရှက်မိပါတယ်။ စာလည်း သိပ်ရှည်သွားပြီ။ ဘေဘီဟာ မိသားစု ဝမ်းရေးအတွက် အလုပ်တစ်ခုမဟုတ်တစ်ခုလုပ်ပြီး မဖြစ်မနေရုန်းကန်ရဦးမှာမို့ တစ်နေ့ဘေဘီပြန်လာခဲ့ပါမယ်။ အဲဒီအခါမှာ ဘေဘီ့ကို မုန်းတီးရွံရှာသွားကြသူများလည်း ဘေဘီ့ကို အခုလောက်ခါးခါးသီးသီး မမုန်းတီးတော့ဘဲ တဖြည်းတဖြည်း ခွင့်လွှတ်ပေးကြပါစေလို့လည်း မျှော်လင့်ပါရစေ။

ဘေဘီ့စိတ်ဓာတ်ကိုပြုပြင်ရင်း အားလုံးရဲ့မျက်စိရှေ့ကို ပြန်လာဖို့ ဘေဘီသတ္တိရှိလာတဲ့တစ်နေ့မှာ ဘေဘီ ပြန်လာခဲ့ပါ့မယ်။ အဲဒီအခါ ဘေဘီ့ကို သဲတို့ပြန်လက်မခံနိုင်တော့ဘူးဆိုရင်လည်း ကံတရားလို့ဘဲ ဘေဘီမှတ်ယူပါ့မယ်။ အားလုံးပဲ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြပါစေ။ (မီဒီယာများ ဒီစာကို ကူးယူဖော်ပြခဲ့ရင် ဘေဘီ့ရဲ့ဆိုလိုရင်းကနေ လွဲချော်ပြီးဘေဘီ့ကို အများပိုပြိး အထင်လွဲစေမယ့် ခေါင်းစဉ်တွေ ပြောင်းလဲမတပ်ဖို့ မေတ္တာရပ်ခံပါရစေ။ 🙏🏼🙏🏼)ဘေဘီမောင်