အစာအိမ်ရောဂါရှိတဲ့သူတွေက ဘာတွေရှောင်သင့်လဲ
အရင်ဆုံး အစာအိမ်ရောဂါရှိတဲ့သူတွေအနေနဲ့ ပုံမှန် လူတွေလို မဟုတ်ဘဲ စားသတိရှိသင့်တယ်ဆိုတာ သတိပေးပါရစေ။။
အစားမတော်တလုပ် အသွားမတော်တလှမ်း ဆိုတာလဲရှိသေးတယ်မလား။
ကိုယ်ပဲမဆင်မခြင်စားလိုက်မိခဲ့ရင် အစာအိမ် ဝေဒနာ တွေဖြစ်တဲ့ ဗိုက်အောင့်တာ ရင်ပူတာ ပျို့အန်တာ လေထတာ ရင်ပြည့်ရင်ကယ်တာ မစားချင်မသောက်ချင် တာတွေကို ကိုယ်ပဲခံစားရမှာလေ။
အခန့်မသင့်ရင် ဝမ်းပျက်တာပါဖြစ်နိုင်သေးတာပေါ့
ပုံမှန်အားဖြင့် အစာအိမ်ဝေဒနာမှာဆိုရင် အစာအိမ် ဘေးတလျောက် ရောင်ရမ်းတာကအဖြစ်များပါတယ်။ ဒီလိုဖြစ်တာကရက်တိုဖြစ်နိုင်သလို ကြာရှည်နေတာ မျိုးလည်း ရှိနိုင်ပါတယ်။
ဒီလိုရောင်ရမ်းမှုကနေတဆင့် အစာအိမ်မှာအနာဖြစ်တာ နောက်ဆုံးအလုံးအကြိတ် ကင်ဆာထိပါဖြစ်နိုင်ပါတယ်ဒါကြောင့် မိမိရဲ့ အစာအိမ် ထဲကိုရောက်စေမယ့်အစားအစာတွေပေါ် မူတည်ပြီး အစာအိမ်နဲ့အူလမ်းကြောင်းတလျောက် ကောင်းမကောင်း က အဆုံးအဖြတ်ပေးနေမှာပါ။
ကိုယ့်ရဲ့နေထိုင်မှု စားသောက်မှုပုံစံကြောင့်အစာအိမ်ကို ဒုက္ခမပေးမိဖို့ လိုပါတယ်
ကဲဒါဆို အစာအိမ်ရောဂါရှိသူတွေမှာ ဘာတွေရှောင်ကြဉ်ရမလဲဆိုတာကြည့်ရအောင်နော်
၁။ အဆီပါဝင်မှုများတဲ့ အစားအသောက်တွေကို ပထမဆုံးလျော့သင့်ပါတယ်။ ဒီလိုအစားအစာတွေက အစာအိမ်ဘေးနံရံက ဆဲလ်လေးတွေ ရောင်ရမ်းမှုကို ပိုဆိုးစေပါတယ်
၂။ နောက်တစ်ခုက အစာအိမ်က အက်စစ်ထွက်တာကို လှုံ့ဆော်ပေးမယ့် အစားအစာတွေကို လျော့စားသင့် ပါတယ်။ ဥပမာ-အပူအစပ် ကော်ဖီ ချဉ်တဲ့အသီးအနှံတွေ အချိုရည်တွေ အငန်များတဲ့အစားအစာတွေကို လျော့စားဖို့လိုပါတယ်
၃။ အရက်သောက်တာနဲ့ဆေးလိပ်ကလည်း အစာအိမ် အတွက် ထိခိုက်စေနိုင်လို့ လျော့နိုင်ရင် အကောင်းဆုံးပါ
၄။ ပြင်ပကဝယ်သောက်တဲ့ အကိုက်အခဲပျောက်ဆေးတွေ Asprin ဆေးပြာတွေလုံးဝမသောက်သင့်ပါဘူး
၅။ စိတ်ဖိစီးမှုများတဲ့အခါမှာလည်း အက်ဆစ်ထွက်တာ လှုံ့ဆော်ပေးတဲ့အတွက် စိတ်ဖိစီးမှုလျော့ချနိုင်ရင် ပိုကောင်းပါတယ်
၆။ ပိုပြီးအရေးကြီးတာကတော့ အစာအိမ်မှာ H.pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးဝင်ရင်တော့ ဆရာဝန်နဲ့ ပြသပြီး ပိုးသတ်ဆေးကို သေချာသောက်သင့်ပါတယ်။ နောက်ပြီး အစားအသောက်တွေစားတဲ့အခါ သန့်ရှင်း လတ်ဆတ်ဖို့နဲ့ စားပြီးတိုင်း လက်ကို သေချာ ဆေးကြောဖို့ကလည်း အရေးကြီးပါသေးတယ်
ကဲဒါဆိုအစာအိမ်မှာ အနာပေါက်တဲ့သူတွေ အတွက်ရော?
တချို့လူတွေမှာ အစာအိမ်ရောင်တာနဲ့အတူ အစာအိမ်မှာ အနာဖြစ်တာပါတွေ့ရမှာပါ။ ဒီလိုအနာကတဆင့် အစာအိမ် အနာပေါက်တာ သွေးယိုစီးတာ သွေးအား နည်းတာတွေပါ နောက်ဆက်တွဲ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင်တော့ ပိုပြီးဂရုစိုက်ဖို့ လိုပါတယ်။ အစာ ပျော့ပျော့စားသင့်ပြီး အနာအတွက် ဗီတာဗင်အားဆေး တွေ ပါမှီဝဲသင့်ပါတယ်
ဒါဆို အစာအိမ်ဝေဒနာရှိသူတွေ ဘာတွေသေချာ စားသင့်လဲ
အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအရွက်မျိုး
အဆီပါဝင်မှုနည်းတဲ့ ငါးကြက်သားစတဲ့ အသားမျိုး
အချဉ်ဓာတ် နည်းပါးတဲ့ အစားအသောက်တွေကို ပိုပြီး စားသုံးသင့်ပါတယ်
ကုသမှုအနေနဲ့ကတော့
အစာအိမ်ဝေဒနာဖြစ်တဲ့ အကြောင်းပေါ်မူတည်ပြီး ဆရာဝန်နဲ့ ထိထိရောက်ရောက်ကုသဖို့လိုအပ်ပါတယ်
တချို့ဝေဒနာတွေက antacids နဲ့ PPI လို့ခေါ်တဲ့ အက်ဆစ်ထွက်တာနည်းစေတဲ့ဆေးတွေသောက်သုံးရုံနဲ့ ပျောက်ကင်းသွားပေမယ့် တချို့သောဝေဒနာတွေမှာ ပိုးသတ်ဆေးရက်ရှည်သောက်ရတာမျိုးလဲ ရှိနိုင်ပါတယ်။ ဒါတွေနဲ့မှမသက်သာရင် အနာအတွက် မှန်ပြောင်း ကြည့်ရတာမျိုးတွေထိလဲရှိနိုင်ပါတယ်။ဘာအကြောင်း ကြောင့်ပဲဖြစ်ဖြစ် ဆောက်နဲ့ထွင်းရမယ့်နေရာ ပုဆိန်နဲ့ မထွင်းမိဖို့ကအရေးကြီးဆုံးပါ။ ဒါကြောင့် စာဖတ်သူတွေ အားလုံး အစာအိမ်အောင့်တယ်ဆိုတိုင်း ပေါ့ပေါ့ဆဆ မနေမိအောင် တိုက်တွန်းလိုက်ပါတယ်နော်
Dr.တင်ရီ
အစာအိမ္ေရာဂါရွိတဲ့သူေတြက ဘာေတြေရွာင္သင့္လဲ
အရင္ဆုံး အစာအိမ္ေရာဂါရွိတဲ့သူေတြအေနနဲ႔ ပုံမွန္ လူေတြလို မဟုတ္ဘဲ စားသတိရွိသင့္တယ္ဆိုတာ သတိေပးပါရေစ။။ အစားမေတာ္တလုပ္ အသြားမေတာ္တလွမ္း ဆိုတာလဲရွိေသးတယ္မလား။ ကိုယ္ပဲမဆင္မျခင္စားလိုက္မိခဲ့ရင္ အစာအိမ္ ေဝဒနာ ေတြျဖစ္တဲ့ ဗိုက္ေအာင့္တာ ရင္ပူတာ ပ်ိဳ႕အန္တာ ေလထတာ ရင္ျပည့္ရင္ကယ္တာ မစားခ်င္မေသာက္ခ်င္ တာေတြကို ကိုယ္ပဲခံစားရမွာေလ။ အခန႔္မသင့္ရင္ ဝမ္းပ်က္တာပါျဖစ္နိုင္ေသးတာေပါ့
ပုံမွန္အားျဖင့္ အစာအိမ္ေဝဒနာမွာဆိုရင္ အစာအိမ္ ေဘးတေလ်ာက္ ေရာင္ရမ္းတာကအျဖစ္မ်ားပါတယ္။ ဒီလိုျဖစ္တာကရက္တိုျဖစ္နိုင္သလို ၾကာရွည္ေနတာ မ်ိဳးလည္း ရွိနိုင္ပါတယ္။ ဒီလိုေရာင္ရမ္းမႈကေနတဆင့္ အစာအိမ္မွာအနာျဖစ္တာ ေနာက္ဆုံးအလုံးအႀကိတ္ ကင္ဆာထိပါျဖစ္နိုင္ပါတယ္ဒါေၾကာင့္ မိမိရဲ့ အစာအိမ္ ထဲကိုေရာက္ေစမယ့္အစားအစာေတြေပၚ မူတည္ၿပီး အစာအိမ္နဲ႔အူလမ္းေၾကာင္းတေလ်ာက္ ေကာင္းမေကာင္း က အဆုံးအျဖတ္ေပးေနမွာပါ။ ကိုယ့္ရဲ့ေနထိုင္မႈ စားေသာက္မႈပုံစံေၾကာင့္အစာအိမ္ကို ဒုကၡမေပးမိဖို႔ လိုပါတယ္
ကဲဒါဆို အစာအိမ္ေရာဂါရွိသူေတြမွာ ဘာေတြေရွာင္ၾကဥ္ရမလဲဆိုတာၾကည့္ရေအာင္ေနာ္
၁။ အဆီပါဝင္မႈမ်ားတဲ့ အစားအေသာက္ေတြကို ပထမဆုံးေလ်ာ့သင့္ပါတယ္။ ဒီလိုအစားအစာေတြက အစာအိမ္ေဘးနံရံက ဆဲလ္ေလးေတြ ေရာင္ရမ္းမႈကို ပိုဆိုးေစပါတယ္
၂။ ေနာက္တစ္ခုက အစာအိမ္က အက္စစ္ထြက္တာကို လႈံ႔ေဆာ္ေပးမယ့္ အစားအစာေတြကို ေလ်ာ့စားသင့္ ပါတယ္။ ဥပမာ-အပူအစပ္ ေကာ္ဖီ ခ်ဥ္တဲ့အသီးအႏွံေတြ အခ်ိဳရည္ေတြ အငန္မ်ားတဲ့အစားအစာေတြကို ေလ်ာ့စားဖို႔လိုပါတယ္
၃။ အရက္ေသာက္တာနဲ႔ေဆးလိပ္ကလည္း အစာအိမ္ အတြက္ ထိခိုက္ေစနိုင္လို႔ ေလ်ာ့နိုင္ရင္ အေကာင္းဆုံးပါ
၄။ ျပင္ပကဝယ္ေသာက္တဲ့ အကိုက္အခဲေပ်ာက္ေဆးေတြ Asprin ေဆးျပာေတြလုံးဝမေသာက္သင့္ပါဘူး
၅။ စိတ္ဖိစီးမႈမ်ားတဲ့အခါမွာလည္း အက္ဆစ္ထြက္တာ လႈံ႔ေဆာ္ေပးတဲ့အတြက္ စိတ္ဖိစီးမႈေလ်ာ့ခ်နိုင္ရင္ ပိုေကာင္းပါတယ္
၆။ ပိုၿပီးအေရးႀကီးတာကေတာ့ အစာအိမ္မွာ H.pylori လို႔ေခၚတဲ့ ဘက္တီးရီးယားပိုးဝင္ရင္ေတာ့ ဆရာဝန္နဲ႔ ျပသၿပီး ပိုးသတ္ေဆးကို ေသခ်ာေသာက္သင့္ပါတယ္။ ေနာက္ၿပီး အစားအေသာက္ေတြစားတဲ့အခါ သန႔္ရွင္း လတ္ဆတ္ဖို႔နဲ႔ စားၿပီးတိုင္း လက္ကို ေသခ်ာ ေဆးေၾကာဖို႔ကလည္း အေရးႀကီးပါေသးတယ္
ကဲဒါဆိုအစာအိမ္မွာ အနာေပါက္တဲ့သူေတြ အတြက္ေရာ?
တခ်ိဳ႕လူေတြမွာ အစာအိမ္ေရာင္တာနဲ႔အတူ အစာအိမ္မွာ အနာျဖစ္တာပါေတြ႕ရမွာပါ။ ဒီလိုအနာကတဆင့္ အစာအိမ္ အနာေပါက္တာ ေသြးယိုစီးတာ ေသြးအား နည္းတာေတြပါ ေနာက္ဆက္တြဲ ျဖစ္လာနိုင္ပါတယ္။ ဒီလိုျဖစ္ခဲ့ရင္ေတာ့ ပိုၿပီးဂ႐ုစိုက္ဖို႔ လိုပါတယ္။ အစာ ေပ်ာ့ေပ်ာ့စားသင့္ၿပီး အနာအတြက္ ဗီတာဗင္အားေဆး ေတြ ပါမွီဝဲသင့္ပါတယ္
ဒါဆို အစာအိမ္ေဝဒနာရွိသူေတြ ဘာေတြေသခ်ာ စားသင့္လဲ
အမၽွင္ဓာတ္ႂကြယ္ဝတဲ့ အသီးအရြက္မ်ိဳး
အဆီပါဝင္မႈနည္းတဲ့ ငါးၾကက္သားစတဲ့ အသားမ်ိဳး
အခ်ဥ္ဓာတ္ နည္းပါးတဲ့ အစားအေသာက္ေတြကို ပိုၿပီး စားသုံးသင့္ပါတယ္
ကုသမႈအေနနဲ႔ကေတာ့
အစာအိမ္ေဝဒနာျဖစ္တဲ့ အေၾကာင္းေပၚမူတည္ၿပီး ဆရာဝန္နဲ႔ ထိထိေရာက္ေရာက္ကုသဖို႔လိုအပ္ပါတယ္
တခ်ိဳ႕ေဝဒနာေတြက antacids နဲ႔ PPI လို႔ေခၚတဲ့ အက္ဆစ္ထြက္တာနည္းေစတဲ့ေဆးေတြေသာက္သုံး႐ုံနဲ႔ ေပ်ာက္ကင္းသြားေပမယ့္ တခ်ိဳ႕ေသာေဝဒနာေတြမွာ ပိုးသတ္ေဆးရက္ရွည္ေသာက္ရတာမ်ိဳးလဲ ရွိနိုင္ပါတယ္။ ဒါေတြနဲ႔မွမသက္သာရင္ အနာအတြက္ မွန္ေျပာင္း ၾကည့္ရတာမ်ိဳးေတြထိလဲရွိနိုင္ပါတယ္။ဘာအေၾကာင္း ေၾကာင့္ပဲျဖစ္ျဖစ္ ေဆာက္နဲ႔ထြင္းရမယ့္ေနရာ ပုဆိန္နဲ႔ မထြင္းမိဖို႔ကအေရးႀကီးဆုံးပါ။ ဒါေၾကာင့္ စာဖတ္သူေတြ အားလုံး အစာအိမ္ေအာင့္တယ္ဆိုတိုင္း ေပါ့ေပါ့ဆဆ မေနမိေအာင္ တိုက္တြန္းလိုက္ပါတယ္ေနာ္
Dr.တင္ရီ