ပြည်တွင်းသတင်း

ရန်ကုန်တိုင်းတစ်ခုလုံး အနီရောင်လွှမ်းပြီ

ကနဦး မဲစာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးမှာ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရနေတယ်လို့ သိရပါတယ်။ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ်လို့ မျှော်မှန်းထားကြတဲ့ မရမ်းကုန်းမြို့နယ်နဲ့ ဒဂုံမြို့နယ်တွေမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ မရမ်းကုန်းမြို့နယ် မဲရုံ ၁၀ ရုံမှာ NLD ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က ပြိုင်ဘက် PPP ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီတွေကို အနိုင်ရသွားပါတယ်။

PPP ပါတီ ဥက္ကဌဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပါတီကတော့ မဲဆန္ဒနယ်အများအပြားမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဗဟန်း၊ ကမာရွတ်နဲ့ တောင်ဥက္ကလာပမဲဆန္ဒနယ်မြေတွေမှာလည်း NLD ကိုယ်စားလှယ်တွေက အနိုင်ရနေပါဆယ်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်တဲ့ ကော့မှူးမှာလည်း NLD ပါတီက အနိုင်ရသွားပါတယ်။ NLD ပါတီဝင်ဟောင်း PPP ပါတီ ဒုဥက္ကဌ ဦးကျော်ဇေယျပါဝင်ယှဉ်ပြိုင်တဲ့ ဒဂုံမြို့နယ်မှာလည်း NLDက ပဲအနိုင်ရသွားပါတယ်။

NLD အမတ် စည်သူမောင်ယှဉ်ပြိုင်တဲ့ ပန်းပဲတန်းမှာလည်း NLD အနိုင်ရသွားပါတယ်။ ကိုဗစ်ဒဏ်ခံခဲ့ရတဲ့ သင်္ကန်းကျွန်းနယ်မြေမှာလည်း မဲရုံ ၁၃၉ ရုံစလုံးမှာ NLD နိုင်သွားပါတယ်။ ရန်ကုန်တိုင်းအတွင်းက NLD ထောက်ခံတွေကတော့ NLD ရုံးချုပ်ရှေ့မှာ အောင်ပွဲခံနေကြပါတယ်။ ရန်ကုန်တိုင်းမှာ မဲဆန္ဒနယ် ၄၅ ခုရှိပြီး ၄၀ ကျော်မှာ NLD အမတ်တွေက အနိုင်ရနေပါတယ်။ ၂၀၁၅ မှာလည်း NLD က ရန်ကုန်တိုင်းမှာ အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။

Photo – MPA