အေထြေထြဗဟုသုတ

ထာဝရရှောင်ကြဉ်သင့်သည့် ဘုန်းကံနိမ့်စေ လာဘ်ပိတ်စေသော အကျင့်ဆိုးများ

ဘုရားခန်းတွင် လင်မယားနှစ်ယောက်မအိပ်ရ၊ ယောက်ျား၏ညာဘက်တွင် မိန်းမမအိပ်ရ၊ နံနက်၄ခွဲမှ၆နာရီအတွင်းတွင် သာသနာစောင့်

နတ် နတ်မင်းကြီးလေးပါးသည်လူအများ၏ ကောင်းမှုမကောင်းမှုကိုကြည့်ရှုသောအချိန်ဖြစ်သည်။

ထိုအချိန်တွင် မေထုန်မှီဝဲမှုကို အထူးရှောင်ကြဉ်ရမည်။မိမိအိပ်သောခုတင်ထက် သို့မဟုတ်အိပ်ရာထက်မြင့်သောနေရာတွင် ထဘီတန်းမ

ပြုလုပ်ရ၊ သားသမီးကခေါင်းရင်း၊မိဘကခြေရင်းတွင်မနေရ၊ မအိပ်ရ။

မိမိအိပ်ရာခင်းနှင့်ပုဆိုးစောင်များကို မိမိအိပ်သော ခေါင်းအုံးပေါ်တွင် တင်၍မထားရ၊ မိမိနေထိုင်ရာထက်မြင့်သောနေရာတွင် ဖျာမွေ့ရာ

စောင်များ လှမ်းခြင်းမပြုလုပ်ရမိမိအိမ်ရှေ့အပေါက်ဝတွင် မေးကိုလက်ထောက်ပြီးမထိုင်ရ မမှိုင်ရ။

မိမိအိမ်ရှေ့တံခါးအပေါက်ဝတွင် ဆံပင်ဖားရားချ၍ သန်းဥမဆွဲရ၊ မိမိအိမ်ရှေ့တံခါးပေါက်ဝတွင် ကလေးများ မစင်မစွန့်ရ၊ နံနက်အိပ်ယာထ

မင်္ဂလာယူသောအချိန်၌ အော်ဟစ်ဆေးရေးတိုင်းထွာခြင်းမလုပ်ရ။

နံနက်စောစောအိပ်ရာထ မျက်နှာသစ်ရာတွင် လည်ချောင်းထဲမှသလိပ်များကို မရရအောင် အသံကျယ်လောင်စွာပြု၍ အော့အော့အော့ဟုမ

လုပ်ရ၊ ကျွဲခတ်သောအဝတ်၊ မီးလောင်ထားပြီးသောအဝတ်၊

လေပွေဖြင့်လွင့်ပါလာသောအဝတ်၊ ကြွက်ကိုက်ထားသောအဝတ်၊ ၎င်းအဝတ်များကိုလူတို့မဝတ်ကောင်း၊ အိမ်ပေါ်တွင်လမ်းလျှောက်လျှင်

ခြေသံပြင်းပြင်းမလျှောက်ရ၊အိုးခွက်ပန်းကန်ပစ္စည်းများကို အသံမြည်အောင်ကြမ်းတမ်းစွာမပြုလုပ်ရ။

ထမင်းစားလျှင် ထမင်းပန်းကန်များကို လှည့်၍လှုပ်၍ မစားရ ငြိမ်သက်စွာညီညာစွာထားပြီးမှစားရမည်၊ ထမင်းစားခုံကိုလက်ထောက်၍မ

စားရ၊ ထမင်းစား၍သော် လည်းကောင်း၊ အခြားအစားစာများစား၍သော်လည်းကောင်း

စားရာတွင်ပါးစပ်မှ ပလပ်ပလပ်မည်အောင် ခွေးများ ထမင်းရည်သောက်သကဲ့သို့ အသံမမြည်စေရ၊လမ်းလျှောက်စဉ်ထမင်းနှင့်အခြား စား

သောက်ဖွယ်ရာများကိုမစားရ၊ မိမိအိမ်ရှေ့အပေါက်ဝကို ကျောခိုင်းပြီးမထိုင်ရ။

နံနက်စောစောနှင့်ညဘက်များတွင် လက်ဆစ်ခြေဆစ် များ မချိုးရ၊ နံနက်စောစောနှင့် ညဘက်တွင် လေမချွန်ရ။ ထိုအရာများကိုမရှောင်

ကျဉ်ပါက ဘုန်းကံနိမ့် လာဘ်ပိတ်စေတတ်ပါသည်။ မယုံကြည်ကမရှောင်ကျဉ်ပါနဲ့

CRD

Zawgyi ဖြင့်ဖတ်ပါ




















CRD