နိုင္ငံတကာသတင္း

စားသောက်ဆိုင်က စားပွဲထိုးကောင်လေးဘဝကိုပြောင်းလဲပေးလိုက်တဲ့ လင်မယားနှစ်ယောက်

မန်မာနိုင်ငံမှာသာမက အချို့နိုင်ငံတွေမှာလည်း စာသင်အရွယ်ကလေးတွေ မိသားစုစားဝတ်နေရေးအတွက် လမ်းဘေးဈေးထွက်ရောင်းနေရတာတွေ မကြာခဏ တွေ့မြင်နေရပါတယ်။ ကျောင်းမှာ အနာဂတ်လှပရေးအတွက် စာသင်နေရမယ့်အစား ရွေးချယ်စရာမရှိလို့ ကလေးတွေ ဆင်းရဲစွာ နေထိုင်ကြရတယ်။

ဖေ့စ်ဘုတ်သုံးစွဲသူ Rhyzz Canasa နဲ့ သူမအမျိုးသား အမြဲတမ်းထိုင်နေကျ စားသောက်ဆိုင်တစ်ဆိုင်ရှိပါတယ်။ တစ်နေ့သူတို့ထိုဆိုင်ကိုသွားတော့ စားသုံးသူတွေနဲ့ပြည့်နေပြီး နေရာအလွတ်မရှိတာကိုတွေ့ရပါတယ်။ နောက်မှ စားပွဲတစ်ခုလွတ်သွားပြီး ထိုနေရာမှာထိုင်ဖို့လုပ်ပေမယ့် ပန်းကန်တွေ အမှိုက်တွေနဲ့စားပွဲပေါ်မှာ ရှုပ်နေပါတယ်။
စားပွဲထိုးလေးတစ်ယောက်က ချက်ချင်းပဲ ထိုစားပွဲကိုလာရှင်းပေးခဲ့ပါတယ်။ ကောင်လေးလည်း သန့်ရှင်းပြီးနောက် Rhyzz နဲ့သူမယောကျ်ားကမေးပါတယ်.. အရင်က တွေ့နေကျ စားပွဲထိုးကောင်လေးရောလို့ပေါ့။ ကောင်လေးရဲ့အဖြေကြောင့် သူတို့အံ့သြသင့်ခဲ့ရတယ်။

” သူဒီမှာမလုပ်တော့ဘူး.. သူ့အစားကျွန်တော်ဝင်လုပ်နေတာပါ” လို့ စားပွဲထိုးလေးက ဆိုတယ်။ သူတို့အလုပ်လုပ်မှ ဆိုင်ကထမင်းကျွေးတာလို့လည်းသိရပါတယ်။ Rhyzz တို့လည်း သနားသွားပြီး ကောင်လေးရဲ့ အလုပ်ကြိုးစားမှုမှာ ပံ့ပိုးပေးချင်ခဲ့တယ်။ သူ့အကြောင်းကိုသိပြီး အင်တာနက်မှလူတွေကလည်း တစ်ပိုင်တစ်နိုင် ပါဝင်ကူညီပေးချင်တယ်လို့ ဆိုလာပါတယ်။ အားလုံးဝိုင်းဝန်းကူညီမှုကြောင့် ကျောင်းစာတွေလည်းလုပ်နေသလို… တစ်ဖက်မှာ မိဘကိုလည်းကူညီပေးနေကြောင်းသိရပါတယ်။ ကူညီတတ်တဲ့ Rhyzz တို့လင်မယားကိုလည်း အားလုံးကချီးကျုးခဲ့ကြတယ်။