News

ခမရ (၅) အင်းမ၊ တမခ ၆၆ မှ သူရဘွဲ့ရ တပ်ကြပ်ဇွဲမာန် CDM ဝင်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်း

ခမရ (၅) အင်းမ၊ တမခ ၆၆ မှ သူရဘွဲ့ရ တပ်ကြပ်ဇွဲမာန် CDM ဝင်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်း

ရန်ကုန်၊ အောက်တိုဘာ ၁၂

အကြမ်းဖက်စစ်ကောင်စီ၊ ခမရ ၅ ၊ တမခ ၆၆ မှ သူရဲဘွဲ့ရ တပ်ကြပ် ဇွဲမာန် သည် CDM ဝင်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းလာကြောင်း

ပြည်သူ့စစ်သားအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီကို စွန့်ခွါပြီး ပြည်သူ့စစ်သားအဖြစ်ခံယူလိုက်တဲ့ သူရဘွဲ့ရ တပ် ကြပ် ဇွဲမာန် အရည်အချင်းရှိသော ၊ အမြော်အမြင်ရှိသော

တပ်မတော် အရာရှိ စစ်သည်များသည် ပြည်သူ့စစ်သားအဖွဲ့နှင့် ဆက်သွယ်ပြီး စစ်ကောင်စီကို စွန့်ခွာနေကြပြီဖြစ်ကြောင်း၊ ခမရ (၅)အင်းမ

၊တမခ (၆၆) သူရဘွဲ့ရ တပ်ကြပ် ဇွဲမာန်က ပြည်သူ့စစ်သားအဖွဲ့နှင့်ဆက်သွယ်ပြီး ပြည်သူ့ဘက်ရပ်တည်လာခဲ့ကြောင်း ပြည်သူ့ စစ်သား အဖွဲ့၏

ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်ကြပ်ဇွဲမာန်သည် ပြည်သူ့စစ်သားအဖွဲ့ နေရာရွှေ့ပြောင်းရေးဌာနမှ စီစဉ်မှုဖြင့် လုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ပြီး နေထိုင်စားသောက်ရေးကိုပါ

ကူညီပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူ့စစ်သားခံယူလိုက်သည့်တပ်ကြပ်ဇွဲမာန်သည် လက် ဖြောင့်သေနတ်ပစ် ထူးချွန်ဆုရရှိထားသူလည်းဖြစ်ကြောင်း သိရှိရသည်။

‘သူလိုလူတောင် ရပိုင်ခွင့်တွေ စွန့်လွှတ်ပြီး အမှန်တရားဘက် ရပ်တည်လာနိုင်သေးရင် တပ်ထဲတွင် ကျန်ရှိနေသေးသော ညီတို့

စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးရုန်းထွက်ပြီး ပြည်သူ့ဘက်သို့ ပူးပေါင်းလက်တွဲကြပါလို့’ ပြည်သူ့စစ်သားအဖွဲ့မှ တိုက်တွန်းထားသည်။

လွန်ခဲ့သည့် စက်တင်ဘာလအထိ ပြည်သူများနှင့်ပူးပေါင်းကာ CDM ပြုလုပ်လိုက်သည့် စစ်သားအရေအတွက်မှာ ၁၅၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။
*****************

ခမရ (၅) အင္းမ၊ တမခ ၆၆ မွ သူရဘြဲ႕ရ တပ္ၾကပ္ဇြဲမာန္ CDM ဝင္ၿပီး ျပည္သူ႔ဘက္သို႔ ကူးေျပာင္း
ရန္ကုန္၊ ေအာက္တိုဘာ ၁၂

အၾကမ္းဖက္စစ္ေကာင္စီ၊ ခမရ ၅ ၊ တမခ ၆၆ မွ သူရဲဘြဲ႕ရ တပ္ၾကပ္ ဇြဲမာန္ သည္ CDM ဝင္ၿပီး ျပည္သူ႔ဘက္သို႔ ကူးေျပာင္းလာေၾကာင္း

ျပည္သူ႔စစ္သားအဖြဲ႕က သတင္းထုတ္ျပန္သည္။

စစ္ေကာင္စီကို စြန႔္ခြါၿပီး ျပည္သူ႔စစ္သားအျဖစ္ခံယူလိုက္တဲ့ သူရဘြဲ႕ရ တပ္ ၾကပ္ ဇြဲမာန္ အရည္အခ်င္းရွိေသာ ၊ အေျမာ္အျမင္ရွိေသာ

တပ္မေတာ္ အရာရွိ စစ္သည္မ်ားသည္ ျပည္သူ႔စစ္သားအဖြဲ႕ႏွင့္ ဆက္သြယ္ၿပီး စစ္ေကာင္စီကို စြန႔္ခြာေနၾကၿပီျဖစ္ေၾကာင္း၊ ခမရ (၅)အင္းမ၊

တမခ (၆၆) သူရဘြဲ႕ရ တပ္ၾကပ္ ဇြဲမာန္က ျပည္သူ႔စစ္သားအဖြဲ႕ႏွင့္ဆက္သြယ္ၿပီး ျပည္သူ႔ဘက္ရပ္တည္လာခဲ့ေၾကာင္း

ျပည္သူ႔ စစ္သား အဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

တပ္ၾကပ္ဇြဲမာန္သည္ ျပည္သူ႔စစ္သားအဖြဲ႕ ေနရာေရႊ႕ေျပာင္းေရးဌာနမွ စီစဥ္မႈျဖင့္ လုံျခဳံရာသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး

ေနထိုင္စားေသာက္ေရးကိုပါ ကူညီေပးသြားမည္ ျဖစ္ေၾကာင္း၊ ျပည္သူ႔စစ္သားခံယူလိုက္သည့္တပ္ၾကပ္ဇြဲမာန္သည္

လက္ ေျဖာင့္ေသနတ္ပစ္ ထူးခၽြန္ဆုရရွိထားသူလည္းျဖစ္ေၾကာင္း သိရွိရသည္။

‘သူလိုလူေတာင္ ရပိုင္ခြင့္ေတြ စြန႔္လႊတ္ၿပီး အမွန္တရားဘက္ ရပ္တည္လာနိုင္ေသးရင္ တပ္ထဲတြင္

က်န္ရွိေနေသးေသာ ညီတို႔ စစ္ေကာင္စီလက္ေအာက္မွ အျမန္ဆုံး႐ုန္းထြက္ၿပီး ျပည္သူ႔ဘက္သို႔ ပူးေပါင္းလက္တြဲၾကပါလို႔’ ျပည္သူ႔စစ္သားအဖြဲ႕မွ တိုက္တြန္းထားသည္။

လြန္ခဲ့သည့္ စက္တင္ဘာလအထိ ျပည္သူမ်ားႏွင့္ပူးေပါင္းကာ CDM ျပဳလုပ္လိုက္သည့္ စစ္သားအေရအတြက္မွာ ၁၅၀၀ ေက်ာ္ရွိၿပီ ျဖစ္ေၾကာင္း သိရသည္။

crd