ပြည်တွင်းသတင်း

အာဏာသိမ်းတပ်ကို ပူးပေါင်းတိုက်ထုတ်ဖို့ God’s Army ညီနောင် တိုက်တွန်း (ရုပ်/သံ)……

အာဏာသိမ်းတပ်ကို ပူးပေါင်းတိုက်ထုတ်ဖို့ God’s Army ညီနောင် တိုက်တွန်း (ရုပ်/သံ)

ဧရာဝတီ၊ ၁၂ အောက်တိုဘာ၊ ၂၀၂၁

ပြည်သူလူထုက မဲပေးရွေးချယ်တင်မြောက်ထားတဲ့ အရပ်သား အစိုးရကို အဓမ္မဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီတပ်ကို

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ စုပေါင်း တိုက်ထုတ်ကြဖို့ God’s Army ညီနောင်အဖြစ် လူသိများခဲ့တဲ့ စောလူသာထူးနဲ့ စောဂျော်နီ

ထူးတို့ က တိုက်တွန်းလိုက်ပါတယ်။

ပဉ္စလက်စွမ်းပကားရှိတယ်လို့ တချိန်က နာမည်ကြီးခဲ့တဲ့ စောလူသာထူးနဲ့ စောဂျော်နီထူးတို့ အမွှာညီနောင်ဟာ ဘုရားသခင်၏ တပ်မတော်

(God’s Army) ကို ကွပ်ကဲခဲ့သူတွေဖြစ်ပြီး ၁၉၉၉ အောက်တိုဘာ ၁ ရက်နေ့ ဘန်ကောက် သံရုံးစီးနင်းမှု ဖြစ်စဉ် အပြီးမှာတော့ God’s

Army လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှုကို တော်လှန်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတဲ့ အဖွဲ့တချို့နဲ့တွေ့ဆုံပြီး ပူးပေါင်း

ဆောင်ရွက်မှု လုပ်သွားမယ်လို့ ဆိုပါတယ်။

အင်တာဗျုး/တည်းဖြတ် – ဧရာဝတီ

Unicode










