အခ်စ္ေရး

အချိုးကျပေါင်းစပ်မှ လှပတဲ့ ပုံသဏ္ဍာန်တစ်ခုကို ထုဆစ်နိုင်ဖို့ ဘာတွေလိုအပ်လဲ ဖတ်ကြည့်ရ အောင်နော်…..

 

ယောက်ျားတိုင်း လိုလိုချင်ချင်နဲ့ မက်မောတဲ့ မိန်းမဆိုတာ…

ယောက်ျားတစ်ယောက်က ပြောတယ် …။

(၁) မိန်းကလေး တစ်ယောက်ဟာ သိပ်ချော သိပ်လှစရာ မလိုဘူး …။

လူကြားသူကြားထဲ ခေါ်ထွက်လို့ရပြီး အိမ်အပြန် ခေါ်ပြန်လာလို့ရရင် ရပြီ …။

(၂) ဖြစ်ခဲ့ဖူးတဲ့ အတိတ်ကို ငါလိုက်မမေးဘူး။ ဒါပေမယ့် ငါနဲ့တွေ့ပြီးတဲ့နောက် ငါ့တစ်ယောက်တည်းကိုပဲ ကောင်းကောင်းချစ်ရင် ရပြီ …။

(၃) အလုပ်လုပ်ချင်ရင် အလုပ်တစ်ခုရှာ လုပ်နိုင်တယ်။ မလုပ်ချင်ရင် အိမ်မှာပဲ …။

အိမ်ရှင်မအဖြစ် ပီပီသသနေ။ နင့်ကို ငါယူရဲရင် နင့်ကိုကျွေးနိုင်တဲ့ အား ငါ့မှာရှိတယ် …။

(၄) တခြားလူလောက် ငါချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် တခြားလူ နင့်ကို ပေးနိုင်တဲ့အရာ ငါလည်းပေးနိုင်တယ် …။

(၅) နင့်အနားမှာ ငါနေ့တိုင်းအဖော်ပြုနိုင်ချင်မှ ပြုနိုင်မယ်။ ဒီအိမ်အတွက် ငါအပြင်ထွက် ရုန်းကန်ရမယ်။ ဒါပေမယ့် ငါ့ဖုန်း ဘယ်တော့မှ ပိတ်မထားဘူး…ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကို နင် ရှာတွေ့နိုင်စေရမယ် …။

(၆) သူငယ်ချင်းတစ်သိုက်နဲ့ ငါ ထွက်သောက်ဖြစ်တဲ့ အခါတိုင်း နင့်ကိုငါ ခေါ်သွားမှာ မဟုတ်ဘူး။ ဒါပေမယ့် ခမ်းခမ်းနားနား ကျင်းပတဲ့ ပွဲမှန်သမျှ နင့်ကို ငါ ဂုဏ်ရှိရှိတွဲခေါ်ပြီး လူတွေနဲ့ မိတ်ဆက်ပေးလို့ ရတယ် …။

(၇) တချို့ကပြောတယ်.. မိန်းမယူတာ ထမင်းချက်၊ အဝတ်လျှော်၊ ကလေးထိန်းဖို့တဲ့။ ငါတော့ ဒီလိုမထင်ဘူး။ အိမ်မှုကိစ္စတွေကို ငါခွဲဝေကူ လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ငါလုပ်တယ် ဆိုပြီး နင်မလုပ်တော့တာ မဖြစ်ပါစေနဲ့ …။

(၈) ဝမ်းနည်းတဲ့ ဘယ်လိုကိစ္စမျိုးမဆို ငါ့ကို နင်ပြောပါ။ ငါရဲ့ခိုင်ခံ့တဲ့ ပခုံးနဲ့ နင့်ကိုငါ အမှီပေးမယ် …။

(၉) ငါ့မှာ ယောက်ျားမာန်ဆိုတာ ရှိတတ်တယ်။ အပြင်မှာ၊ ငါ့မိတ်ဆွေ သူငယ်ချင်းရှေ့မှာ ငါ့ကို မျက်နှာသာပေးဖို့ မမေ့ပါနဲ့။ အိမ်မှာ နင့်ကို ငါမျက်နှာသာ ပေးထားတယ် …။

(၁ဝ) နင်အရမ်းရင့်ကျက်ဖို့ ငါမလိုဘူး။ ရင့်ကျက်တဲ့ မိန်းမတစ်ယောက်ဟာ အရမ်းမောရတတ်တယ်။ ငါ့ကို နင်ချွဲနွဲ့လို့ ရတယ်။ နင့်ကို ဂရုစိုက် ကာကွယ်တာဟာ ငါရဲ့တစ်သက်တာ တာဝန်ပါပဲ …။

(၁၁) တစ်ချိန်ချိန်မှာ ငါပိုက်ဆံ မရှိတော့တဲ့အခါ ငါ့ရဲ့အရည်အချင်းကို နင်အကဲမဖြတ်ပါနဲ့။ ဘဝဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပါပဲ။ ငါတို့ဖြတ်သန်းနေတာက နေ့ရက်တွေကိုပါ။ ငွေကြေးကို ဖြတ်သန်းနေတာ မဟုတ်ပါဘူး …။

မိန်းကလေးတွေ လိုချင်တာ သိပ်မများဘူး …။

ယောက်ျားလေး လိုချင်တာလည်း သိပ်မများဘူး …။

လိုချင်တာချင်း တူချင်မှ တူလိမ့်မယ် ဆိုပေမယ့် ချစ်ခြင်းမေတ္တာ အဓွန့်ရှည်ဖို့၊ တည်တံ့ခိုင်မြဲဖို့၊ သာယာချမ်းမြေ့ဖို့၊ အချင်းချင်းနားလည်မှု ရယူနိုင်ဖို့ကတော့ တူကြပါလိမ့်မယ် …။

တချို့ကပြောတယ် …။

မိန်းမက ရေ ၊ ယောက်ျားက ရွှံ့ပါတဲ့ …။

အိမ်ထောင်တစ်ခု၊ မိသားစုတစ်စုရဲ့ လှပပြီး ပြည့်စုံပုံသဏ္ဍာန်ကို ဖော်နိုင်ဖို့ ရွံ့နဲ့ရေရဲ့ပေါင်းစပ်မှုပေါ်မှာ မူတည်သတဲ့။ ရွံ့များရင် လိုချင်တဲ့ပုံသဏ္ဍာန်ကို လုပ်လို့ မရနိုင်ဘူး။ ရေများရင် ရွံ့ပျော့ကုန်တယ်။ ရွံ့နဲ့ရေကို အချိုးကျပေါင်းစပ်မှ လှပတဲ့ ပုံသဏ္ဍာန်တစ်ခုကို ထုဆစ်နိုင်မှာပဲ ဖြစ်ပါတယ် …။

(ဖတ်မိသမျှ ပြန်လည် မျှဝေပါတယ်)

အားလုံး အဆင်ပြေပြေ ချစ်နိုင်ကြပါစေ လို့ …။ ။Credit: