ပြည်တွင်းသတင်း

အိမ်ပြန်ခွင့်ရပြီ ဖြစ်တဲ့ ဦးကျော်သူနဲ့ ထွန်းကိုကို

အိမ်ပြန်ခွင့်ရပြီ ဖြစ်တဲ့ ဦးကျော်သူနဲ့ ထွန်းကိုကို

“ကျော်နဲ့ထွန်း အိမ်ပြန်ခွင့် ရပါပြီခင်ဗျာ…ကိုဗစ်ကူးစက်မှုကြောင့် ရက်ပေါင်း (၁၈) ရက် တိတိ ဝေဘာဂီ ဆေးရုံမှာ ကုသမှု ခံခဲ့ရပါ သည်။

ကုသပေးခဲ့ကြသော ဆရာဝန်၊ဆရာဝန်မများ၊ကျန်းမာရေးဝန်ထမ်းများ၊ ဝေဘာဂီ ဆေးရုံ အုပ်ကြီးနှင့် တကွ ပြင်ပမှ ကျွန်တော်တို့အ တွက် အဟာရ ဒါန ပြုကြသော အလှူရှင် အပေါင်းတို့နှင့် အားပေးနှစ်သိမ့်မေတ္တာပို့ကြသော ညီ/ညီမငယ် အနုပညာရှင်များ၊

ပရဟိတ သမားများ၊ မိတ်ဆွေ သင်္ဂဟများ၊ပြည်သူ လူထုအပေါင်းအပြင် နေ့စဉ်ယနေ့တိုင် ဆေးရုံတက်သည်မှအစပြု၍ မေတ္တာဓါတ် ပို့လွှတ် ပေးနေကြသော ကျေးဇူးရှင်ဆရာတော်ဘုရားအပေါင်းတို့အား ရင်ထဲ နှလုံးသားထဲမှ လှိုက်လှိုက် လှဲလှဲ အထူးကျေးဇူးတင်ရှိကာ သာဓု သာဓု သာဓုဟု ခေါ်ဆို လိုက်ပါသည်။

အထူးအားဖြင့် ကျွန်တော့်အား သွေးရည်ကြည် လှူဒါန်း လိုက်သော မမြင်လိုက် ရသည့် အ သက် သ ခင် ကျေးဇူးရှင် ပဋ္ဋာန်းဆက် (နှစ်ဦး)ကိုလည်း အထူး သာဓု သာဓု သာဓု ဟု ခေါ်ဆိုလိုက်ပါသည်။

ကျွန်တော့် မွေးနေ့ အတွက် ဆေးရုံသို့ ပို့ ပေးကြသော အမှတ် တရ မွေးနေ့ကိတ်များ၊ ပန်းစည်းများ၊ မွေးနေ့မေတ္တာစကားများ၊ Fighting Group များအားလုံးကို ကျွန်တော်တို့ နေအိမ် အသီး သီးတွင် တစ်ပါတ်နား၍ ဆေးရုံ၌ ပြန်လည် ဆေးစစ်ချက်ယူပြီးချိန် တစ်လခန့် အကြာတွင် ပရဟိတ စိတ်ဓါတ် သစ်၊ အားမာန် သစ်တို့ဖြင့် ကျွန်တော်တို့ နှစ်ယောက် (ကျော် + ထွန်း) တို့သည် လောကကြီးအတွက် အသင့် “FIGHTING ” ပါဟု……..။
