ကျန်းမာရေး နိုင္ငံတကာသတင္း

ကိုဗစ် ကာကွယ်ဆေး – လူ ၉၀ ရာခိုင်နှုန်းကို ကာကွယ် နိုင်မယ့် ပ ထမဆုံး ဆေးထွက်လာ

ကနဦး စမ်းသပ်ချက်တွေ အရ ကိုရိုနာ ဗိုင်းရပ်စ်ကို ထိထိ ရောက်ရောက် ကာကွယ်နိုင်မယ့် ပထမဆုံး ကာကွယ်ဆေးကိုတွေ့လာရပါပြီ။အဲဒီဆေးက လူ ၉၀ ရာခိုင်နှုန်းကျော်ကို ဗိုင်းရပ်စ် မကူးအောင် ကာကွယ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒီဆေးကို ထုတ်လုပ်ခဲ့တဲ့ ဖိုင်ဇာနဲ့ ဘိုင်အွန်တက် (Pfizer နဲ့ BioNTech) ကုမ္ပဏီတွေက တော့ ဒီကနေ့ဟာ သိပ္ပံနဲ့ လူ့ဘောင်အတွက် အင်မတန်ထူးခြားတဲ့နေ့လို့ ဆိုလိုက်ကြပါတယ်။

သူတို့ ထုတ်လုပ်တဲ့ ကာကွယ် ဆေး ကို နိုင်ငံ ၆ နိုင်ငံမှာ လူပေါင်း ၄၃၅၀၀ နဲ့ စမ်းသပ် ခဲ့တာ ဖြစ်ပြီး ဘယ်လို စိုးရိမ်စရာ အန္တရာယ်မျိုးမှ ရှိတာ မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။ ဒါကြောင့် အခုဆေးကို ဒီလကုန်က စပြီး စတင်ထုတ်လုပ်အသုံးပြုခွင့်ကို အရေးပေါ်ခွင့်ပြုပေးဖို့ ကုမ္ပဏီ တွေက ခွင့်ပြုချက် လျှောက်ထား တော့မှာ ဖြစ်ပါတယ်။ ကုသပုံတွေကို ပိုကောင်းအောင် ပြုလုပ်တာ အပြင် ထိရော က်တဲ့ ကာကွယ်ဆေးရှိ လာခြင်းသည်သာ ကမ္ဘာ တဝန်းက လူတွေ အသွားအလာ ကန့်သတ်ပြီး နေနေရတဲ့ ဘဝတွေက လွတ်မြောက်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုလို့ အများက ယုံကြည်ကြပါတယ်။ဒီဆေးဟာ လုံးဝ ဆန်းသစ်တဲ့ နည်းလမ်းတစ်မျိုးကို အသုံး ပြုတာ ဖြစ်ပါတယ်။

အဲဒီနည်းလမ်းဟာ လူရဲ့ ခုခံအားစနစ်ကို လေ့ကျင့်ဖို့အတွက် ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ သင်္ကတ တစ်စိတ် တစ်ပိုင်းကို ကိုယ်ထဲ ကို ထိုးသွင်းလိုက်တာ ဖြစ်ပါတယ်။ ကာကွယ်ဆေးဟာ ခန္ဓာကိုယ်ကို ပဋိပစ္စည်းထွက်လာဖို့နဲ့ ခုခံအားစနစ်က တီဆဲလ်တွေကို ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့ လေ့ကျင့်ပေးတယ်လို့ ပြီးခဲ့တဲ့ စမ်းသပ်မှုတွေမှာ ပြခဲ့ပါတယ်။ ဒီ ကာကွယ်ဆေး အတွက် ဆေးနှစ်ကြိမ်ကို သုံးပတ်ခြားထိုးဖို့ လိုအပ်ပါတယ်။ အမေရိကန်၊ ဂျာမနီ၊ ဘရာဇီး၊ အာဂျင်တီးနား၊ တောင်အာဖရိက နဲ့ တူရကီ နိုင်ငံတို့မှာ လုပ်ခဲ့တဲ့ စမ်း သပ်မှုတွေမှာ ဒုတိယ တစ်ကြိမ် ဆေးထိုးပြီး ခုနစ်ရက် အကြာမှာ ၉၀ ရာခိုင်နှုန်းမှာ ကာကွယ်မှုပေးတဲ့ အောင်မြင်မှု ပြခဲ့ပါတယ်။

ဖိုင်ဇာက ဒီနှစ်အကုန်မှာ ဆေး သန်း ၅၀ နဲ့ ၂၀၂၁ အကုန်မှာ ဆေး ၁.၃ ဘီလျံ ရောင်းပေး နိုင်မယ်လို့ ယုံကြည် နေပါတယ် ။ ဒါပေမဲ့ ကာကွယ်ဆေးဟာ အနုတ် ၈၀ ဒီဂရီအောက် အလွန်အမင်းအေးတဲ့ ထိန်းသိမ်းမှုတွေမှာ ထားဖို့လိုတဲ့အတွက် ဆေးဖြန့်ဖြူးရေးမှာတော့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ပြီးတော့ ကာကွယ်ဆေးကရတဲ့ ကိုယ်ခံအားက ဘယ်လောက် ကြာကြာခံမှာလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် မတူတဲ့ အသက် အုပ်စုတွေ ကြားက ကာကွယ် ဆေးရဲ့ အကျိုး သက်ရောက်မှု အသေးစိတ်ကိုလည်း အဲဒီ ဆေးကုမ္ပကြီးတွေက ထုတ်မပြောသေးပါဘူး။ အခု ဖော်ပြ ထားတဲ့ အချက်အ လက်တွေက နောက်ဆုံး အစီရင်ခံ သုံးသပ်ချက် မဟုတ် သေးပါဘူး။ ဒါဟာ ကိုဗစ်ကူးခံ စမ်းသပ်တဲ့ ပထမဆုံး စေတနာ့ဝန်ထမ်း အစမ်းသပ်ခံ ၉၄ ယောက်ဆီက တွေ့ရတဲ့ အချက်အလက်တွေကို အခြေခံထားတဲ့ သုံးသပ်ချက်ပါ။ ရလဒ်အပြည့်အစုံကို သုံးသပ်ပြီးချိန်မှာတော့ ကာကွယ်ဆေးရဲ့ ထိရောက်မှု အတိအကျက ပြောင်းကောင်း ပြောင်းသွားနိုင်ပါတယ်။

သူတို့ ကာကွယ်ဆေးကို ကျန်းမာရေး အာဏာပိုင် တွေဆီ ပြသဖို့အတွက် နိုဝင်ဘာ တတိယပတ်မှာ ဆေးရဲ့ စိတ်ချရမှု အချက်အ လက် လုံလုံလောက်လောက်ကို ရမယ်လို့ ကုမ္ပဏီတွေက ပြောပါတယ်။ အဲဒီမတိုင်ခင်မှာတော့ နိုင်ငံတွေမှာ သူတို့ရဲ့ ကာကွယ်ဆေးထိုးအစီအစဥ်တွေ စဖို့ မဖြစ်နိုင်သေးပါဘူး။ ယူကေ က ဒီဆေး သန်း ၃၀ ကို မှာယူထားပြီး ဖြစ်ပါတယ်။credit:BBC