ျပည္တြင္းသတင္း

မီးပျက်သွားတာကြောင့် တာမွေမှာ ဓာတ်လှေကားအတွင်း လူပိတ်မိ

မီးပျက်သွားတာကြောင့် တာမွေမှာ ဓာတ်လှေကားအတွင်း လူပိတ်မိမှုလို့မီးသတ်က အရေးပေါ်ကယ်ဆယ်ခဲ့ရ

ရန်ကုန်တိုင်း​ဒေသကြီးအတွင်း ယနေ့နံနက်ပိုင်းက လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့မှုကြောင့် ၉ နာရီ ၂၀ မိနစ်ခန့်တွင် တာမွေမြို့နယ်တွင်

ဓာတ်လှေကားအတွင်း လူပိတ်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။

တာမွေမြို့နယ်၊ မေတ္တာညွှန်ရပ်ကွက်၊ စက်မှုရတနာလမ်း၊ တိုက်အမှတ် ၁၁၃ တစ်ခန်း(၈)ထပ်ရှိ (၁)လွှာနှင့် (၃)လွှာ ကြားတွင်အမျိုးသားတစ်ဦးနှင့်

အမျိုးသမီးတစ်ဦး ဓာတ်လှေကားအတွင်း ပိတ်မိမှုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်လှေကားအတွင်း ပိတ်မိသူများကို တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့်

ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၉ နာရီ ၃၇ မိနစ်တွင် ကယ်ဆယ်နိုင်ခဲ့‌ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့အောက်တိုဘာ ၁၃ ရက် နံနက် ၉နာရီ မှစတင်ကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ခြင်းဖြစ်ပါတယ်။

unicode

မီးပ်က္သြားတာေၾကာင့္ တာေမြမွာ ဓာတ္ေလွကားအတြင္း လူပိတ္မိမႈလို႔မီးသတ္က အေရးေပၚကယ္ဆယ္ခဲ့ရ

ရန္ကုန္တိုင္း​ေဒသႀကီးအတြင္း ယေန႔နံနက္ပိုင္းက လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္ခဲ့မႈေၾကာင့္ ၉ နာရီ ၂၀ မိနစ္ခန႔္တြင္ တာေမြၿမိဳ႕နယ္တြင္

ဓာတ္ေလွကားအတြင္း လူပိတ္မႈျဖစ္ပြားခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕ထံမွ သိရပါတယ္။

တာေမြၿမိဳ႕နယ္၊ ေမတၱာၫႊန္ရပ္ကြက္၊ စက္မႈရတနာလမ္း၊ တိုက္အမွတ္ ၁၁၃ တစ္ခန္း(၈)ထပ္ရွိ (၁)လႊာႏွင့္ (၃)လႊာ ၾကားတြင္အမ်ိဳးသားတစ္ဦးႏွင့္

အမ်ိဳးသမီးတစ္ဦး ဓာတ္ေလွကားအတြင္း ပိတ္မိမႈျဖစ္ေပၚခဲ့ေၾကာင္း သိရပါတယ္။

ဓာတ္ေလွကားအတြင္း ပိတ္မိသူမ်ားကို တာေမြၿမိဳ႕နယ္မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးယာဥ္တစ္စီး၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖင့္

ကယ္ဆယ္ေရးလုပ္ငန္းမ်ား သြားေရာက္ေဆာင္႐ြက္ခဲ့ရာ ၉ နာရီ ၃၇ မိနစ္တြင္ ကယ္ဆယ္ႏိုင္ခဲ့‌ေၾကာင္း သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ယေန႔ေအာက္တိုဘာ ၁၃ ရက္ နံနက္ ၉နာရီ မွစတင္ကာ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္ခဲ့ျခင္းျဖစ္ပါတယ္။

crd