အေထြေထြဗဟုသုတ

ခေါင်းလျှော်လိုက်တိုင်း ဆံပင် ခဏခဏ ကျွတ်နေတယ်ဆိုလျှင်

ဆံပင်ကျွတ်ရခြင်းအကြောင်းအမျိုးမျိုးရှိပါတယ်။ စိတ်ဖိစီးမှုများတာ၊ တားဆေး၊ ဟော်မုန်းအပြောင်းအလဲ၊ ဆံပင်အလှကုန်ပစ္စည်း စတဲ့ အကြောင်းအမျိုးမျိုး ပါဝင်နေပါတယ်။

သင်က ခေါင်းလျှော်လိုက်တိုင်း ဆံပင်ခဏခဏ ကျွတ်တယ်ဆိုရင်တော့ ဆံပင်ကျွတ်သက်သာအောင် ဒီလိုထိန်းသိမ်းနိုင်ပါတယ်။

၁။ Shampoo

ခေါင်းခဏခဏ လျှော်တာကလည်း ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းဖြစ်ပါတယ်။

ရှန်ပူထဲမှာ ပါဝင်တဲ့ Sulfate, Paraben နဲ့ Silicone စတဲ့ပစ္စည်းတွေကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။

ကိုယ့်ဆံပင်အမျိုးအစားအလိုက် သင့်လျော်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်သင့်ပါတယ်။

၂။ ဆံပင်ပျော့ဆေး

မှန်ကန်ပြီး အရည်အသွေးကောင်းတဲ့ ဆံပင်ပျော့ဆေးက ဆံပင်ကျွတ်တာ သက်သာစေပါတယ်။

၃။ အစားအစာနဲ့လေ့ကျင့်ခန်း

ကိုယ့်ခန္ဓာကိုယ်အတွက် အစာစားရသလို ဆံပင်အတွက်လည်း လိုအပ်တဲ့ အာဟာရကို စားသုံးသင့်ပါတယ်။

ပရိုတင်းနဲ့ သံဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးရပါမယ်။

အစားအစာ မျှတမှုနဲ့အတူ လေ့ကျင့်ခန်းလည်းလုပ်ရပါမယ်။ ယောဂကျင့်တာ၊ တရားထိုင်တာ စတဲ့ လုပ်ငန်းတွေကလည်း ဆံပင်ကျွတ်သက်သာစေပါတယ်။

၄။ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှု

Hair Dryer နဲ့ ဆံပင်ခြောက်သွေ့အောင်လုပ်တာကလည်း ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ဖြောင့်တဲ့ အပူချောင်းတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။

Hair Dryer မဖြစ်မနေသုံးရမယ်ဆိုရင်လည်း အပူ Setting ကို လျှော့သုံးသင့်ပါတယ်။

ဓာတုပစ္စည်းတွေနဲ့ ဆံပင်ထိန်းသိမ်းတာကလည်း ဆံပင်ကျွတ်စေတဲ့အကြောင်းအရင်းတစ်ခုပါ။

၅။ အဆီဓာတ်

ဆံပင်ကို သံလွင်ဆီ၊ အုန်းဆီစတဲ့ အဆီတစ်မျိုးနဲ့ တစ်ပတ်တစ်ခါတလောက် နှိပ်နယ်ပေးသင့်ပါတယ်။

ပြီးနောက် Shower Cap နဲ့အုပ်ထားပေးရပါမယ်။ နှစ်နာရီကြာပြီးနောက် ခေါင်းလျှော်လို့ရပါပြီ။

၆။ ကြက်ဥ Mask

ကြက်ဥမှာ ဆံပင်ရှည်အောင် ကူညီပေးတဲ့ Sulphur, Phosphorous, Selenium, Iodine, Zinc နဲ့ Protein ဓာတ်တွေပါဝင်ပါတယ်။

ဒီ Mask အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-

ကြက်ဥအကာနဲ့ သံလွင်ဆီတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းလျောပေးရပါမယ်။

သေချာမွှေပြီးနောက် ဒီအရောကို ဆံသား အစအဆုံးလိမ်းပေးရပါမယ်။ မိနစ် နှစ်ဆယ်ကြာပြီးနောက် ရှန်ပူအပျော့စားနဲ့ ခေါင်းလျေျာ်ပေးရပါမယ်။

၇။ Green Tea

Green Tea မှာ ဆံပင်ရှည်ဖို့နဲ့ ဆံပင်ကျွတ်တာကာကွယ်ဖို့ အက်တီအောက်ဆီးဒင့်ဓာတ်တွေပါဝင်ပါတယ်။

ကိုယ့်ဆံပင် အရှည်အလိုက် Green Tea အိတ် နှစ်အိတ်-သုံးအိတ်လောက်ကို ရေနွေးစိမ်ပေးရပါမယ်။

အေးတဲ့အချိန်မှာ သင့်ဦးရေပြားကနေ စပြီး လောင်းချပေးရပါမယ်။ ပြီးနောက် နှိပ်နယ်ပေးရပါမယ်။

တစ်နာရီကြာပြီးနောက် ရေအေးနဲ့ ဆေးချပေးရပါမယ်။

၈။ ဒိန်ချဉ်နဲ့ ပျားရည်

ဒိန်ချဉ်နှစ်ဇွန်းနဲ့ ပျားရည်တစ်ဇွန်း၊ သံပယိုရည် တစ်ဇွန်းကို ခွက်တစ်ခွက်ထဲ လျောပေးရပါမယ်။

ခြောက်သွေ့တဲ့ဘရပ်ရှ်ကိုသုံးပြီး ဒီအရောကို ဆံသားအရင်းကနေ စပြီး ဖြီးပေးရပါမယ်။

ဒါကို မိနစ် ၃၀ ထားပြီး ရေဆေးချပေးရပါမယ်။ ဒီအနှစ်ကို တစ်ပတ်တစ်ခါ သုံးပေးသင့်ပါတယ်။

၉။ ရှားစောင်းလတ်ပတ်

ရှားစောင်းလတ်ပတ်က ဆံပင်ကျွတ်တာအတွက် အထူးသင့်လျော်ပါတယ်။ ဗောက်သက်သာစေပါတယ်။

ရှားစောင်းလတ်ပတ်ဂျယ်ကို ထုတ်ယူပြီး ဆံပင်နဲ့ ဦးရေပြားကို လိမ်းပေးရပါမယ်။

ပြီးနောက် ၄၅ မိနစ်ထားပေးရပါမယ်။ ရေနဲ့ဆေးချပေးရပါမယ်။ ဒါကို တစ်ပတ်မှာ သုံးကြိမ်ကနေ လေးကြိမ် ပြုလုပ်နိုင်ပါတယ်။

၁၀။ ကြက်သွန်နီရည်

ကြက်သွန်နီရည်ရဖို့ ကြက်သွန်နီကို ကျိတ်ပေးရပါမယ်။ ပြီးနောက် အရည်ညှစ်ပေးရပါမယ်။

ဝါဂွမ်းလုံးကို ကြက်သွန်နီရည်ထဲနှစ်ပြီးနောက် ဦးရေပြားပေါ်လိမ်းပေးရပါမယ်။

မိနစ် ၂၀ ကနေ ၃၀ ထားပြီး ခေါင်းလျှော်ပေးရပါမယ်။ တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

ဆံပင္ကြၽတ္ရျခင္းအေၾကာင္းအမ်ိဳးမ်ိဳးရွိပါတယ္။ စိတ္ဖိစီးမႈမ်ားတာ၊ တားေဆး၊ ေဟာ္မုန္းအေျပာင္းအလဲ၊ ဆံပင္အလွကုန္ပစၥည္း စတဲ့ အေၾကာင္းအမ်ိဳးမ်ိဳး ပါဝင္ေနပါတယ္။

သင္က ေခါင္းေလွ်ာ္လိုက္တိုင္း ဆံပင္ခဏခဏ ကြၽတ္တယ္ဆိုရင္ေတာ့ ဆံပင္ကြၽတ္သက္သာေအာင္ ဒီလိုထိန္းသိမ္းႏိုင္ပါတယ္။

၁။ Shampoo

ေခါင္းခဏခဏ ေလွ်ာ္တာကလည္း ဆံပင္ကြၽတ္ရျခင္းအေၾကာင္းအရင္းျဖစ္ပါတယ္။

ရွန္ပူထဲမွာ ပါဝင္တဲ့ Sulfate, Paraben နဲ႔ Silicone စတဲ့ပစၥည္းေတြေၾကာင့္ ဆံပင္ကြၽတ္ႏိုင္ပါတယ္။

ကိုယ့္ဆံပင္အမ်ိဳးအစားအလိုက္ သင့္ေလ်ာ္တဲ့ ေခါင္းေလွ်ာ္ရည္ကို ေ႐ြးခ်ယ္သင့္ပါတယ္။

၂။ ဆံပင္ေပ်ာ့ေဆး

မွန္ကန္ၿပီး အရည္အေသြးေကာင္းတဲ့ ဆံပင္ေပ်ာ့ေဆးက ဆံပင္ကြၽတ္တာ သက္သာေစပါတယ္။

၃။ အစားအစာနဲ႔ေလ့က်င့္ခန္း

ကိုယ့္ခႏၶာကိုယ္အတြက္ အစာစားရသလို ဆံပင္အတြက္လည္း လိုအပ္တဲ့ အာဟာရကို စားသုံးသင့္ပါတယ္။

ပ႐ိုတင္းနဲ႔ သံဓာတ္ပါဝင္မႈမ်ားတဲ့ အစားအေသာက္ေတြကို ေ႐ြးခ်ယ္စားသုံးရပါမယ္။

အစားအစာ မွ်တမႈနဲ႔အတူ ေလ့က်င့္ခန္းလည္းလုပ္ရပါမယ္။ ေယာဂက်င့္တာ၊ တရားထိုင္တာ စတဲ့ လုပ္ငန္းေတြကလည္း ဆံပင္ကြၽတ္သက္သာေစပါတယ္။

၄။ ဓာတုပစၥည္းေတြနဲ႔ ထိေတြ႕မႈ

Hair Dryer နဲ႔ ဆံပင္ေျခာက္ေသြ႕ေအာင္လုပ္တာကလည္း ဆံပင္ကြၽတ္ေစပါတယ္။ ဆံပင္ေျဖာင့္တဲ့ အပူေခ်ာင္းေတြေၾကာင့္လည္း ဆံပင္ကြၽတ္ႏိုင္ပါတယ္။

Hair Dryer မျဖစ္မေနသုံးရမယ္ဆိုရင္လည္း အပူ Setting ကို ေလွ်ာ့သုံးသင့္ပါတယ္။

ဓာတုပစၥည္းေတြနဲ႔ ဆံပင္ထိန္းသိမ္းတာကလည္း ဆံပင္ကြၽတ္ေစတဲ့အေၾကာင္းအရင္းတစ္ခုပါ။

၅။ အဆီဓာတ္

ဆံပင္ကို သံလြင္ဆီ၊ အုန္းဆီစတဲ့ အဆီတစ္မ်ိဳးနဲ႔ တစ္ပတ္တစ္ခါတေလာက္ ႏွိပ္နယ္ေပးသင့္ပါတယ္။

ၿပီးေနာက္ Shower Cap နဲ႔အုပ္ထားေပးရပါမယ္။ ႏွစ္နာရီၾကာၿပီးေနာက္ ေခါင္းေလွ်ာ္လို႔ရပါၿပီ။

၆။ ၾကက္ဥ Mask

ၾကက္ဥမွာ ဆံပင္ရွည္ေအာင္ ကူညီေပးတဲ့ Sulphur, Phosphorous, Selenium, Iodine, Zinc နဲ႔ Protein ဓာတ္ေတြပါဝင္ပါတယ္။

ဒီ Mask အတြက္ လိုအပ္တဲ့ပစၥည္းေတြကေတာ့-

ၾကက္ဥအကာနဲ႔ သံလြင္ဆီတစ္ဇြန္း၊ ပ်ားရည္တစ္ဇြန္းေလ်ာေပးရပါမယ္။

ေသခ်ာေမႊၿပီးေနာက္ ဒီအေရာကို ဆံသား အစအဆုံးလိမ္းေပးရပါမယ္။ မိနစ္ ႏွစ္ဆယ္ၾကာၿပီးေနာက္ ရွန္ပူအေပ်ာ့စားနဲ႔ ေခါင္းေလ််ာ္ေပးရပါမယ္။

၇။ Green Tea

Green Tea မွာ ဆံပင္ရွည္ဖို႔နဲ႔ ဆံပင္ကြၽတ္တာကာကြယ္ဖို႔ အက္တီေအာက္ဆီးဒင့္ဓာတ္ေတြပါဝင္ပါတယ္။

ကိုယ့္ဆံပင္ အရွည္အလိုက္ Green Tea အိတ္ ႏွစ္အိတ္-သုံးအိတ္ေလာက္ကို ေရေႏြးစိမ္ေပးရပါမယ္။

ေအးတဲ့အခ်ိန္မွာ သင့္ဦးေရျပားကေန စၿပီး ေလာင္းခ်ေပးရပါမယ္။ ၿပီးေနာက္ ႏွိပ္နယ္ေပးရပါမယ္။

တစ္နာရီၾကာၿပီးေနာက္ ေရေအးနဲ႔ ေဆးခ်ေပးရပါမယ္။

၈။ ဒိန္ခ်ဥ္နဲ႔ ပ်ားရည္

ဒိန္ခ်ဥ္ႏွစ္ဇြန္းနဲ႔ ပ်ားရည္တစ္ဇြန္း၊ သံပယိုရည္ တစ္ဇြန္းကို ခြက္တစ္ခြက္ထဲ ေလ်ာေပးရပါမယ္။

ေျခာက္ေသြ႕တဲ့ဘရပ္ရွ္ကိုသုံးၿပီး ဒီအေရာကို ဆံသားအရင္းကေန စၿပီး ၿဖီးေပးရပါမယ္။

ဒါကို မိနစ္ ၃၀ ထားၿပီး ေရေဆးခ်ေပးရပါမယ္။ ဒီအႏွစ္ကို တစ္ပတ္တစ္ခါ သုံးေပးသင့္ပါတယ္။

၉။ ရွားေစာင္းလတ္ပတ္

ရွားေစာင္းလတ္ပတ္က ဆံပင္ကြၽတ္တာအတြက္ အထူးသင့္ေလ်ာ္ပါတယ္။ ေဗာက္သက္သာေစပါတယ္။

ရွားေစာင္းလတ္ပတ္ဂ်ယ္ကို ထုတ္ယူၿပီး ဆံပင္နဲ႔ ဦးေရျပားကို လိမ္းေပးရပါမယ္။

ၿပီးေနာက္ ၄၅ မိနစ္ထားေပးရပါမယ္။ ေရနဲ႔ေဆးခ်ေပးရပါမယ္။ ဒါကို တစ္ပတ္မွာ သုံးႀကိမ္ကေန ေလးႀကိမ္ ျပဳလုပ္ႏိုင္ပါတယ္။

၁၀။ ၾကက္သြန္နီရည္

ၾကက္သြန္နီရည္ရဖို႔ ၾကက္သြန္နီကို က်ိတ္ေပးရပါမယ္။ ၿပီးေနာက္ အရည္ညႇစ္ေပးရပါမယ္။

ဝါဂြမ္းလုံးကို ၾကက္သြန္နီရည္ထဲႏွစ္ၿပီးေနာက္ ဦးေရျပားေပၚလိမ္းေပးရပါမယ္။

မိနစ္ ၂၀ ကေန ၃၀ ထားၿပီး ေခါင္းေလွ်ာ္ေပးရပါမယ္။ တစ္ပတ္မွာ တစ္ႀကိမ္ျပဳလုပ္ႏိုင္ပါတယ္။