အေထြေထြဗဟုသုတ

အနှစ် ၄၀ စစ်ပွဲကြီးကိုအဆုံးသတ်စေခဲ့တဲ့ ရာဇဝင်ထဲကအမျိုးသမီး

ကမ္ဘာပေါ်တွင် နှစ်ပေါင်းများစွာဖြစ်ပွားခဲ့သော စစ်ပွဲကြီးများစွာရှိပါသည်။ ၎င်းတို့ထဲတွင် ကမ္ဘာအကြာဆုံးစစ်ပွဲကြီးမှာ ခရစ်နှစ် ၇၁၁ ခုနှစ်မှ

ခရစ်နှစ် ၁၄၉၂ ခုနှစ်အထိ နှစ်ပေါင်း ၇၈၁ နှစ်တိတိကြာမြင့်ခဲ့ပြီး ခရစ်ယာန်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား ဖြစ်ပွားခဲ့

သည့် ဘာသာရေးစစ်ပွဲကြီး Iberian Religious Wars ဖြစ်ပါသည်။

မြန်မာ့သမိုင်းတစ်လျှောက် ထိုမျှကာလရှည်လျားလှသော စစ်ပွဲကြီးမရှိခဲ့သာ်လည်း မြန်မာ့သမိုင်းတွင် အရှည်ဆုံးစစ်ပွဲတစ်ပွဲအဖြစ် အင်းဝ-

ဟံသာဝတီစစ်ပွဲသည် နာမည်ကျော်ကြားလှပါသည်။ အင်းဝ-ဟံသာဝတီစစ်ပွဲကြီးသည် အင်းဝဘုရင်မင်းကြီးစွာစော်ကဲနှင့် မြန်မာ့သမိုင်း

တွင်နာမည်ကြီးပုဂ္ဂိုလ် ရာဇဓိရာဇ်(ဗညားနွဲ့)တို့လက်ထက် ၁၄ ရာစုနှစ်နှောင်းပိုင်း ခရစ်နှစ် ၁၃၈၄ ခုနှစ်မှစတင်၍ ၁၅ ရာစုနှစ်ဦးပိုင်းအထိ

နှစ်ပေါင်း (၄၀) ကြာမြင့်ခဲ့သည့် စစ်ပွဲကြီးဖြစ်ပါသည်။

အနှစ်(၄၀)စစ်ပွဲကြီးဟု ရာဇဝင်ဆရာတို့ ရေးထိုးခဲ့ကြသော်လည်း တစ်ဆက်တည်းစစ်ဖြစ်နေခြင်းမဟုတ်ပဲ စစ်ကိုရပ်နားလိုက် ပြန်ဖြစ်

လိုက်နှင့် နှစ်ပေါင်း (၄၀) ကြာမြင့်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းနှစ်(၄၀)စစ်ပွဲကြီးသည် ဟံသာဝတီတွင် ဗညားနွဲ့မှ ရာဇဓိရာဇ်ဘွဲ့ခံကာ နန်းတက်

ခဲ့သဖြင့် ၎င်း၏ဦးရီးတော် မြောင်းမြစားလောက်ဖျားမှ မကျေနပ်ခြင်းကြောင့် မင်းကြီးစွာစော်ကဲဆီ စစ်ကူတောင်းကာ စတင်တိုက်ခိုက်ခဲ့

ခြင်းဖြစ်ပါသည်။

မင်းကြီးစွာစော်ကဲကွယ်လွန်ပြီးနောက် သားတော်ဘုရင်မင်းခေါင်မှ နန်းတက်လာခဲ့ပါသည်။ ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့သည် အနှစ်

(၄၀) စစ်တွင် အဓိကတိုက်ခိုက်ခဲ့ကြသော စစ်ဘုရင်နှစ်ပါးလည်းဖြစ်ပါသည်။ ၎င်းဘုရင်နှစ်ပါးလက်ထက်တွင် မြန်မာ့ရာဇဝင်တွင် နာမည်

ကျော်သူရဲ ကောင်းများဖြစ်သည့် မင်းရဲကျော်စွာ၊ ဖိုးရာဇာ၊ မိုးညှင်းသတိုးစသည့်သူရဲကောင်းများ ပေါ်ထွက်လာသကဲ့သို့ မွန်ရာဇဝင်တွင်

လည်း နာမည်ကျော်သူရဲကောင်းများဖြစ်သည့် ဗိုလ်မင်းဗြတ်ဇ၊ အမတ်ဒိန်၊ လဂွန်းအိမ်၊ သမိန်ဗရမ်း စသောသူရဲကောင်းများပေါ်ထွက်လာခဲ့

ပါသည်။

ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့နှစ်ဦး ကွယ်လွန်ပြီးနောက် ဆင်ဖြူရှင်သီဟသူသည် ဟံသာဝတီသို့တိုက်ခိုက်ရန် ထပ်မံ၍ချီတက်လာခဲ့

ပါသည်။ ၎င်းအချိန်တွင် ဟံသာဝတီနေပြည်တော်တွင် နိုင်ငံအတွင်းမြို့စားများ အသီးသီးမညီမညွတ်ဖြစ်နေသောကြောင့် အင်းဝတပ်များ

အား ခုခံနိုင်ခြင်းမရှိသဖြင့် ဟံသာဝတီမင်းဗညားရမ်းမှ ပြဿာဒ်ကြီး (၃) ဆောင်ဆောက်လုပ်၍ ပြဿာဒ်ထဲတွင် ၎င်း၏နှမတော်ဖြစ်သည့်

ရှင်စောပု(နောင်တွင် ဟံသာဝတီဘုရင်မကြီးရှင်စောပု) အားနေစေလျှက် “တြိဘုဝနာဒိတျပြဝရအတုလ အဂ္ဂမဟာဓမ္မရာဇာဓိရာဇမဟာဒေ

ဝီ” ဟူသောဘွဲ့အမည်ကို ခံယူစေပြီးလျှင် မိဖုရားကြီးတို့၏ အဆောင်အယောင်များကို ဆင်မြန်းစေ၍ မွန်အမတ်တို့ဝန်းရံပြီး အင်းဝမင်းထံ

ဆက်သလိုက်ရလေသည်။

ရှင်စောပုသည် အလွန်နူးညံသိမ်မွေ့သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ရုပ်အဆင်းအလွန်လှပသော အမျိုးသမီးဖြစ်သောကြောင့် ဆင်ဖြူရှင်သီ

ဟသူမင်းမှ အလွန်ချစ်မြတ်နိုး၍ ၎င်း၏ဖောင်တော်မှ လက်ကမ်းကြိုကာ အင်းဝသို့ခေါ်ဆောင်သွားပြီး မိဖုရားကြီးအဖြစ်ထားရှိ လိုက်ပါ

တော့သည်။ ဤသို့ဖြင့် ဘုရင်မကြီးရှင်စောပုဖြစ်လာမည့် အမျိုးသမီးလေးရှင်စောပုကို ချစ်မြတ်နိုးသဖြင့် အင်းဝမှဟံသာဝတီသို့

နောက်ထပ်တစ်ကြိမ်စစ်ပြုခြင်းမပြုတော့ပဲ နှစ်ပေါင်း (၄၀) ကြာဖြစ်ပွားနေသော စစ်ပွဲကြီးကိုအဆုံး သတ်ခဲ့ကြပါသည်။

မိဖုရားကြီးရှင်စောပုသည် ဆင်ဖြူရှင်သီဟသူမင်း ကွယ်လွန်ပြီးနောက် မင်းလှငယ်မင်း၊ တောင်ညိုမင်း၊ မိုးညှင်းမင်းတရားတို့လက်ထက်

တွင်လည်း မိဖုရားကြီးအဖြစ် အဆက်ဆက်ချီးမြှောက်ခြင်းခံခဲ့ရပြီး မိဖုရားကြီးအဖြစ် ချီးမြှောက်ခြင်းခံခဲ့ရသည (၇) နှစ်တာကာလအတွင်း

အင်းဝတွင်မပျော်ပဲ ဒဂုံဆံတော်ရှင်စေတီသို့ အမြဲတစ်စေသွားရောက်၍ ဥုပုသ်စောင့်တည်၍သာနေတတ်ပါသည်။ မိုးညှင်းမင်းတရား

လက်ထက်တွင် ဟံသာဝတီမှကြွရောက်လာသည့် မွန်ရဟန်းနှစ်ပါးနှင့်တိုင်ပင်ကာ မြန်မာသက္ကရာဇ် ၇၉၁ ခုနှစ်တွင် ဟံသာဝတီသို့

ထွက်ပြေးလွတ်မြောက်သွားပါသည်။

ထိုအချိန်တွင် ဟံသာဝတီတွင် ၎င်း၏အကိုဗညားရန်းနန်းတက်ဆဲကာလဖြစ်ပြီး မွန်ဘုရင်မှနန်းတော်ထဲတွင် နန်းဆောင်တစ်ဆောင်

ဆောက်လုပ်၍ နေထိုင်စေပါသည်။ ဗညားရမ်းကွယ်လွန်ပြီးနောက် ရှင်စောပု၏သားတော်နန်းတက်လာပြီး (ပထမဆုံးအိမ်ထောင်ဖြစ်သည့်

သမိန်စည်သူနှင့်ရသော သားဖြစ်သည် အင်းဝသားမဟုတ်ပါ) မောင်တော်နှင့်တူတော်တို့ တစ်ဦးကိုတစ်ဦးလုပ်ကြံကြကာ အဆင့်ဆင့်

နန်းတက်ကြပြီး ရှင်စောပု၏တူတော် လွတ်မွတ်ထော်မင်းသည် မင်းကျင့်တရားနှင့်အညီ မနေသောကြောင့် မှူးမတ်တို့မှလုပ်ကြံသဖြင့်

မြန်မာသက္ကရာဇ် (၈၁၄)ခုနှစ်တွင် ဘုရင်မကြီးရှင်စောပုသည် ဟံသာဝတီတွင် နန်းတက်ခဲ့ကာ မြန်မာ့သမိုင်းတွင် တစ်ဦးတည်းသောဘုရင်

မကြီးဖြစ်လာခဲ့ပါသည်။ ဤသို့ဖြင့် အင်းဝ-ဟံသာဝတီ အနှစ် ၄၀ စစ်ပွဲကြီးသည် ဘုရင်မကြီးရှင်စောပု၏အလှကြောင့် အဆုံးသတ်ခဲ့ရ

ပါသည်။

Credit – ဦးနတ်ရဲ – စစ်သမိုင်းများနှင့် စစ်လက်နက်များ

crd