News

အိမ်ကနေ ထွက်လာခဲ့တဲ့ အချိန်တုန်းက တစ်ပတ်လောက်ပါပဲလို့ တွေးခဲ့မိတာလို့ ဆိုလာတဲ့ ပန်ဆယ်လို

အိမ်ကနေ ထွက်လာခဲ့တဲ့ အချိန်တုန်းက တစ်ပတ်လောက်ပါပဲလို့ တွေးခဲ့မိတာလို့ ဆိုလာတဲ့ ပန်ဆယ်လို

အိမ်ကနေ ထွက်လာခဲ့တဲ့ အချိန်တုန်းက တစ်ပတ်လောက်ပါပဲလို့ တွေးခဲ့တယ်။ အဲ့ကတည်းက ဆက်တိုက် မနက်ဖြန် တော်လှန်ရေးအောင်မယ်လို့ပဲ မျှော်ခဲ့တယ်။ နယ်စပ်ရောက်တယ်။

ထွက်ခွင့်ရတဲ့ ဒိတ်မရောက်ခင်အထိ နယ်စပ်ကပဲ လှည့်ပြန်ခွင့်ရမယ် ထင်ခဲ့တယ်။ဒီရောက်လာတော့လည်း ဒီရက်ထဲမှာပဲ အိမ်ပြန်ရမယ် ထင်ခဲ့တယ်။ မျှော်လင့်ချက်ထားတာကို ဘဝမှာ အမှားလို့ ဘယ်တုန်းကမှ မထင်ခဲ့ပေမယ့်

ထင်သလောက် မမြန်တဲ့အခါ မျှော်လင့်ရတာ ပင်ပန်းလာတယ်။ စိတ်ဓါတ်ကျလာတယ်။ မမျှော်လင့်ချင်သလို ဖြစ်လာတယ်။ ဒါဟာ အောင်စိတ်ရဲ့ ဆန့်ကျင်ဘက် ကျစိတ်ပဲ။

ဒီကျစိတ်ကို ဘယ်လိုထိန်းချုပ်ရမလဲ နည်းလမ်းရှာကြည့်တယ်။ တွေ့တယ်။ ဒီတော်လှန်ရေးက အမြစ်ပြတ်နိုင်ကိုနိုင်မယ့် တော်လှန်ရေးလို့ ယုံကြည်တယ်။ ဒါပေမယ့် ဘယ်နေ့နိုင်မလဲ မတွေးတော့ဘူး။ နိုင်တဲ့နေ့ထိ တိုက်မယ် ပါဝင်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

စိတ်သက်သာရာရသွားတယ်။ ပိုအာရုံစူးစိုက်နိုင်လာတယ်။ နိုင်မှရပ်မှာ ဖြစ်တဲ့အတွက် အမြန်နိုင်ဖို့ ပိုကြိုးစားချင်စိတ်ရှိလာတယ်။ နိုင်တဲ့အထိ ပါဝင်မှာလို့ ယတိပြတ်ဆုံးဖြတ်လိုက်တဲ့ အခါမှာ အခုထိ မနိုင်သေးဘူးလား၊ ဘယ်တော့နိုင်မှာလဲ၊ ဘယ်လောက်ထိ စောင့်ရမလဲ၊ နိုင်ပါတော့မလား အတွေးတွေ ပျောက်သွားတယ်။

တော်လှန်ရေးမှာ လုပ်နိုင်သလောက်လုပ်ပြီးပြီ။ တာဝန်ကျေပြီ၊ လိပ်ပြာလုံပြီဆိုတာ ဆင်ခြေပေးတာ။ ကိုယ့်တာဝန်မကျေစိတ်ကို လှည့်ဖြားလိုက်တာ။

တော်လှန်ရေးဆိုတာ၊ တော်လှန်တယ်ဆိုတာ အလကားထိခိုက်နစ်နာ နာကျင်ပေးဆပ်ကြရဖို့ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးဖို့ တော်လှန်တာ။ စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးသွားမှ တော်လှန်ရေးက အောင်မြင်ပြီလို့ ဆိုနိုင်တာ။

တော်လှန်ရေးမှာ ပါဝင်တယ်ဆိုတာကလည်း အောင်မြင်သည်အထိ ပါဝင်မှ တာဝန်ကျေတာ။တော်လှန်တယ်ဆိုတာ လိပ်ပြာလုံရုံအတွက်မဟုတ်ဘူး။ အောင်မြင်ဖို့အတွက် တော်လှန်တာ။

အောင်မြင်သည်အထိ တော်လှန်ပြီးမှသာ တော်လှန်ရေးကို တာဝန်ကျေတယ်ဆိုနိုင်တာ။ ငါတို့က တော်လှန်ပြီးပြီ၊ တာဝန်ကျေပြီ၊ လိပ်ပြာလုံတယ်ဆိုတာ တော်လှန်ရေးအောင်ပြီးမှ ပြောကြရအောင်လား။

ဘယ်နေ့လဲ မမေးနဲ့။ မနက်ဖြန်လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် မနက်ဖြန်မဟုတ်လည်း ဆက်တိုက်ပွဲဝင်ကြရမှာပဲ။

လိပ်ပြာလုံရုံ တော်လှန်ကြတဲ့ တော်လှန်ရေးမဟုတ်ဘူး။ အဓမ္မကို ဓမ္မက မနိုင်ဘူးဆိုတာကို ချိုးဖျက်ပြနိုင်တဲ့အထိ တော်လှန်ကြမယ်။

အရေးတော်ပုံ အောင်ရမယ်။ မလုံလောက်ဘူး
အောင်ကို အောင်ရမယ်။

ပန်ဆယ်လို

Zawgyi

အိမ္ကေန ထြက္လာခဲ့တဲ့ အခ်ိန္တုန္းက တစ္ပတ္ေလာက္ပါပဲလို႔ ေတြးခဲ့မိတာလို႔ ဆိုလာတဲ့ ပန္ဆယ္လို

အိမ္ကေန ထြက္လာခဲ့တဲ့ အခ်ိန္တုန္းက တစ္ပတ္ေလာက္ပါပဲလို႔ ေတြးခဲ့တယ္။ အဲ့ကတည္းက ဆက္တိုက္ မနက္ျဖန္ ေတာ္လွန္ေရးေအာင္မယ္လို႔ပဲ ေမွ်ာ္ခဲ့တယ္။ နယ္စပ္ေရာက္တယ္။

ထြက္ခြင့္ရတဲ့ ဒိတ္မေရာက္ခင္အထိ နယ္စပ္ကပဲ လွည့္ျပန္ခြင့္ရမယ္ ထင္ခဲ့တယ္။ဒီေရာက္လာေတာ့လည္း ဒီရက္ထဲမွာပဲ အိမ္ျပန္ရမယ္ ထင္ခဲ့တယ္။ ေမွ်ာ္လင့္ခ်က္ထားတာကို ဘဝမွာ အမွားလို႔ ဘယ္တုန္းကမွ မထင္ခဲ့ေပမယ့္

ထင္သေလာက္ မျမန္တဲ့အခါ ေမွ်ာ္လင့္ရတာ ပင္ပန္းလာတယ္။ စိတ္ဓါတ္က်လာတယ္။ မေမွ်ာ္လင့္ခ်င္သလို ျဖစ္လာတယ္။ ဒါဟာ ေအာင္စိတ္ရဲ႕ ဆန္႔က်င္ဘက္ က်စိတ္ပဲ။

ဒီက်စိတ္ကို ဘယ္လိုထိန္းခ်ဳပ္ရမလဲ နည္းလမ္း႐ွာၾကည့္တယ္။ ေတြ႕တယ္။ ဒီေတာ္လွန္ေရးက အျမစ္ျပတ္ႏိုင္ကိုႏိုင္မယ့္ ေတာ္လွန္ေရးလို႔ ယုံၾကည္တယ္။ ဒါေပမယ့္ ဘယ္ေန႔ႏိုင္မလဲ မေတြးေတာ့ဘူး။ ႏိုင္တဲ့ေန႔ထိ တိုက္မယ္ ပါဝင္မယ္လို႔ ဆုံးျဖတ္ခ်က္ခ်လိုက္တယ္။

စိတ္သက္သာရာရသြားတယ္။ ပိုအာ႐ုံစူးစိုက္ႏိုင္လာတယ္။ ႏိုင္မွရပ္မွာ ျဖစ္တဲ့အတြက္ အျမန္ႏိုင္ဖို႔ ပိုႀကိဳးစားခ်င္စိတ္႐ွိလာတယ္။ ႏိုင္တဲ့အထိ ပါဝင္မွာလို႔ ယတိျပတ္ဆုံးျဖတ္လိုက္တဲ့ အခါမွာ အခုထိ မႏိုင္ေသးဘူးလား၊ ဘယ္ေတာ့ႏိုင္မွာလဲ၊ ဘယ္ေလာက္ထိ ေစာင့္ရမလဲ၊ ႏိုင္ပါေတာ့မလား အေတြးေတြ ေပ်ာက္သြားတယ္။

ေတာ္လွန္ေရးမွာ လုပ္ႏိုင္သေလာက္လုပ္ၿပီးၿပီ။ တာဝန္ေက်ၿပီ၊ လိပ္ျပာလုံၿပီဆိုတာ ဆင္ေျခေပးတာ။ ကိုယ့္တာဝန္မေက်စိတ္ကို လွည့္ျဖားလိုက္တာ။

ေတာ္လွန္ေရးဆိုတာ၊ ေတာ္လွန္တယ္ဆိုတာ အလကားထိခိုက္နစ္နာ နာက်င္ေပးဆပ္ၾကရဖို႔ မဟုတ္ဘူး။ စစ္အာဏာ႐ွင္စနစ္ အၿပီးတိုင္က်ဆုံးဖို႔ ေတာ္လွန္တာ။ စစ္အာဏာ႐ွင္စနစ္ အၿပီးတိုင္က်ဆုံးသြားမွ ေတာ္လွန္ေရးက ေအာင္ျမင္ၿပီလို႔ ဆိုႏိုင္တာ။

ေတာ္လွန္ေရးမွာ ပါဝင္တယ္ဆိုတာကလည္း ေအာင္ျမင္သည္အထိ ပါဝင္မွ တာဝန္ေက်တာ။ေတာ္လွန္တယ္ဆိုတာ လိပ္ျပာလုံ႐ုံအတြက္မဟုတ္ဘူး။ ေအာင္ျမင္ဖို႔အတြက္ ေတာ္လွန္တာ။

ေအာင္ျမင္သည္အထိ ေတာ္လွန္ၿပီးမွသာ ေတာ္လွန္ေရးကို တာဝန္ေက်တယ္ဆိုႏိုင္တာ။ ငါတို႔က ေတာ္လွန္ၿပီးၿပီ၊ တာဝန္ေက်ၿပီ၊ လိပ္ျပာလုံတယ္ဆိုတာ ေတာ္လွန္ေရးေအာင္ၿပီးမွ ေျပာၾကရေအာင္လား။

ဘယ္ေန႔လဲ မေမးနဲ႔။ မနက္ျဖန္လည္း ျဖစ္ႏိုင္တယ္။ ဒါေပမယ့္ မနက္ျဖန္မဟုတ္လည္း ဆက္တိုက္ပြဲဝင္ၾကရမွာပဲ။

လိပ္ျပာလုံ႐ုံ ေတာ္လွန္ၾကတဲ့ ေတာ္လွန္ေရးမဟုတ္ဘူး။ အဓမၼကို ဓမၼက မႏိုင္ဘူးဆိုတာကို ခ်ိဳးဖ်က္ျပႏိုင္တဲ့အထိ ေတာ္လွန္ၾကမယ္။

အေရးေတာ္ပုံ ေအာင္ရမယ္။ မလုံေလာက္ဘူး
ေအာင္ကို ေအာင္ရမယ္။

ပန္ဆယ္လို