ျပည္တြင္းသတင္း

“ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၆၉ ဦး နုတ်ထွက်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ရပ် ဆိုင်းကာ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပေါ် ပေါက်လာ”

“ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၆၉ ဦး နုတ်ထွက်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ရပ် ဆိုင်းကာ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပေါ် ပေါက်လာ”

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ၆၉ ဦး နုတ်ထွက်သွားပြီး စစ်ကောင်စီ၏ အခြေခံ အုပ်ချုပ်ရေးယန္တရား ရာ နှုန်းပြည့် ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ဒေသသ တင်းရင်းမြစ် Khayan Channel က ပြောသည်။

ခရမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan)က အောက်တိုဘာလ ၃ ရက်နေ့စွဲဖြင့် အုပ်ချုပ်ရေးမှူးများကို တာ၀န်မှနုတ်ထွက်ကြရန် ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီးနောက် ခရမ်းမြို့နယ်တွင် အောက်တိုဘာလ ၆ရက်နေ့မှ ၁၃ရက်နေ့အထိ ၈ ရက်အတွင်း အုပ်ချုပ်ရေးမှူး ၆၉ ဦးလုံး နုတ်ထွက်သွားကြကြောင်း သိရှိရသည်။

နုတ်ထွက်ခဲ့ကြသော အုပ်ချုပ်ရေးမှူးများတွင် မြို့ပေါ် ၁၃ ရပ်ကွက်လုံးပါ၀င်ခဲ့ပြီး ခရမ်းမြို့နယ်တွင် ကျေးရွာများ ၅၆ ရွာမှ အုပ်ချုပ်ရေးမှူးများအား လုံး နုတ်ထွက်သွားကြခြင်းဖြစ်သည်။

ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ နုတ်ထွက်သွားချိန် ခရမ်းမြို့နယ်တွင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

 

*************

“ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္တြင္ အုပ္ခ်ဳပ္ေရးမႉး ၆၉ ဦး ႏုတ္ထြက္ၿပီး စစ္ေကာင္စီ၏ အုပ္ခ်ဳပ္ေရးယႏၲရား ရပ္ ဆိုင္းကာ ၾကားကာလျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ ေပၚ ေပါက္လာ”

ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္တြင္ ရပ္ကြက္ႏွင့္ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ၆၉ ဦး ႏုတ္ထြက္သြားၿပီး စစ္ေကာင္စီ၏ အေျခခံ အုပ္ခ်ဳပ္ေရးယႏၲရား ရာ ႏႈန္းျပည့္ ရပ္ဆိုင္းသြားၿပီျဖစ္ေၾကာင္း ေဒသသ တင္းရင္းျမစ္ Khayan Channel က ေျပာသည္။

ခရမ္းၿမိဳ႕နယ္တြင္ ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PDF Khayan)က ေအာက္တိုဘာလ ၃ ရက္ေန႔စြဲျဖင့္ အုပ္ခ်ဳပ္ေရးမႉးမ်ားကို တာ၀န္မွႏုတ္ထြက္ၾကရန္ ျပင္းျပင္းထန္ထန္သတိေပးခဲ့ၿပီးေနာက္ ခရမ္းၿမိဳ႕နယ္တြင္ ေအာက္တိုဘာလ ၆ရက္ေန႔မွ ၁၃ရက္ေန႔အထိ ၈ ရက္အတြင္း အုပ္ခ်ဳပ္ေရးမႉး ၆၉ ဦးလုံး ႏုတ္ထြက္သြားၾကေၾကာင္း သိရွိရသည္။

ႏုတ္ထြက္ခဲ့ၾကေသာ အုပ္ခ်ဳပ္ေရးမႉးမ်ားတြင္ ၿမိဳ႕ေပၚ ၁၃ ရပ္ကြက္လုံးပါ၀င္ခဲ့ၿပီး ခရမ္းၿမိဳ႕နယ္တြင္ ေက်းရြာမ်ား ၅၆ ရြာမွ အုပ္ခ်ဳပ္ေရးမႉးမ်ားအား လုံး ႏုတ္ထြက္သြားၾကျခင္းျဖစ္သည္။

ရပ္ကြက္ႏွင့္ေက်းရြာအုပ္ခ်ဳပ္ေရးမႉးမ်ား ႏုတ္ထြက္သြားခ်ိန္ ခရမ္းၿမိဳ႕နယ္တြင္ ၾကားကာလ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ကို ေအာက္တိုဘာလ ၁၂ ရက္ေန႔တြင္ ဖြဲ႕စည္းလိုက္ၿပီျဖစ္ေၾကာင္း သိရွိရသည္။

crd