မှုခင်းသတင်း

အင်တာနက်စွဲနေတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးမှ အမေဖြစ်သူကို ပြန်သတ်

ခုဖြစ်ရပ်ဟာ တရုတ်ပြည်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ဖြစ်ပုံမှာ အမေဖြစ်သူက

အင်တာနက်စွဲနေတဲ့သမီးကို ကုသရေးစင်တာ ပို့လိုက်တာကြောင့် ဖြစ်လာခဲ့တာဖြစ်ပါတယ်။

မိဘများက သူမကို ကုသရေးစင်တာပို့ရတဲ့အကြောင်းအရင်းက ကျောင်းမှ ထွက်ရသည့်အထိ

အင်တာနက် အလွန်အကျွံသုံးသောကြောင့် ပို့ခဲ့ခြင်းဖြစ်ပါတယ်။

၁၆ နှစ်တာရှိသေးတဲ့ သူမဟာ ကုသရေးစင်တာမှာ အရိုက်နှက် အနှိပ်စက်ခံခဲ့ရပြီး လေးလအကြာမှ ပြန်လွတ်လာခဲ့ပါတယ်။

သူမကလည်း လွတ်လွတ်ချင်းမှာပင် အမေကို လက်စားပြန်ချေခဲ့ပါတယ်။

သတင်းအရ သူမအမေကို ကုလားထိုင်တွင် တစ်ပတ်ကြာအောင်

အစာငတ်ရေငတ်ထားကာ ချုပ်နှောင်ခဲ့သောကြောင့် သေဆုံးသွားရခြင်း ဖြစ်ပါတယ်။

သူမက ဓာတ်ပုံနှင့် ဗီဒီယိုပင် ရိုက်ကူးထားပြီး အဒေါ်ထံမှဒေါ်လာသောင်းချီ ပို့ပေးရန်တောင်းဆိုခဲ့ပါတယ်။

သူမအဒေါ်မှ တောင်းဆိုသောငွေ ပို့ပေးသော်လည်း အမေဖြစ်သူမှာ သေဆုံးနေပါပြီ။

တာ၀န်ရှိသူပြောကြားချက်အရ ဆယ်ကျော်သက် ၇၀၀၀ ကျော်ဟာ အင်တာနက် စွဲလမ်းမှုရောဂါ ခံစားနေရပါတယ်။

တရုတ်မှ ကုသရေးစင်တာများဟာလည်း စစ်တပ်စည်းကမ်းနှင့် ဆယ်ကျော်သက်များကို

အလွန်အမင်းတင်းကျပ်မှုကြောင့် ဝေဖန်ခံနေရပါတယ်။

သတင်းအရင်းမြစ်: IndiaTv

crd-mmld

crd

unicode















crd-mmld

crd