News

တစ်ချိန်က ကလေးတွေနဲ့ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ခင်ပွန်းရဲ့ Video လေးကြည့်ပြီး လွမ်းမိနေတဲ့ နန်းမြတ်ဖြိုးသင်း

ပရိသတ်ကြီးရေ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းကွယ်လွန်သွားပြီးနောက် ကျန်ခဲ့တဲ့

ကလေးနှစ်ယောက်ရဲ့ ရှေ့ရေးအတွက် စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ မိခင်တစ်ဦး ဖြစ်ပါတနော်။

စိတ်အားငယ်ချိန်တိုင်း ခင်ပွန်းကို အရမ်းသတိရမိကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်မှတစ်ဆင့် ရင်ဖွင့်ရေးသားနေကြပါနော်။

မကြာသေးခင်ကလည်း နန်းမြတ်ဖြိုးသင်းရဲ့ Facebook အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်နော်။

ဒါကတော့ ကလေးနှစ်ယောက်နဲ့ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ခင်ပွန်းဖြစ်သူရဲ့ဗီဒီယိုလေးကို

ဝမ်းနည်းစွာဖြင့် ထုတ်ပြလာတာ ဖြစ်ပါတယ်နော်။

သူမကလည်း ” အရင်ကပျော်စရာအချိန်လေးတွေ💛ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း ဘယ်အရာမှမမြဲပါဘူး

အခုရှိနေတဲ့အချိန်လေးကိုပဲတန်ဖိုးထားဖို့ကြိုးစားရင်း ….” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်နော်။

ပရိသတ်တွေလည်းလက်ရှိ ရှိနေတဲ့ အချိန်လေးကို တန်ဖိုးထားဖို့ တိုက်တွန်းရင်း

နန်းမြတ်ရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

crd















crd