အေထြေထြဗဟုသုတ

အားလုံး သိထားသင့် တဲ့ ဝက်ခြံ အမျိုး အစားနဲ့ ကုသ နည်း များ

အားလုံး သိထားသင့် တဲ့ ဝက်ခြံ အမျိုး အစားနဲ့ ကုသ နည်း များ (တန်ဖိုး ရှိတယ်)

ဝက်ခြံတွေဆိုတာကလည်းလေ။ ဒီတိုင်းနေနေရင် အကောင်း။ သွားစရာ၊ လာစရာရှိပြီး။

အရေးကြီးတဲ့သူတစ်ယောက်ယောက်နဲ့တွေ့ရပြီဆိုတာနဲ့ ဟိုတစ်မျိုး၊ ဒီတစ်မျိုးလှိမ့်ထွက်လာကြတော့တာပါပဲ။

တစ်ချို့ကျတော့ လည်း နှစ်ရည် လများပေါက်နေ တတ်ကြပါတယ်။ ဘယ်လိုပဲပေါက်ပေါက် ဝက်ခြံတွေက အမျိုးအစား အမျိုးမျိုးရှိပြီး ကုသပုံချင်း မတူညီကြပါဘူး။

၁။ ဆားဝက်ခြံ

ဆားဝက်ခြံ မှာ အမဲစေ့နဲ့ အဖြူစေ့ဆိုပြီး နှစ်မျိုးရှိပါတယ်။

အဆီ၊ ဖုန်မှုန့်၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ စုပုံလာပြီး ချွေးပေါက်ပိတ်သွားတဲ့အခါမှာ ဆဲလ်သစ်တွေပြန်မမွေးဖွားနိုင်တော့ဘဲ ဆားဝက်ခြံဖြစ်လာရတာပဲ ဖြစ်ပါတယ်။

ရေနွေးငွေ့နဲ့ ပုံမှန်ပေါင်းတင်ပေးမယ်။ Exfoliate ပုံမှန် လုပ်ပေးမယ်။ မိတ်ကပ် နေ့စဉ်ပုံမှန်ဖျက်ပေး မယ်။

ချွေးပေါက်တွေ ကိုသာ ပုံမှန်ဖွင့်ပေးနေ မယ်ဆိုရင်တော့ ဆားဝက်ခြံ က ပျောက်လွယ် ပါတယ်။

၂။ ဝက်ခြံကြီး

ဒါကတော့ အပြည်တည်တဲ့ဝက် ခြံမျိုးပါ။ အဝါရောင်အလုံးကြီးတွေပေါက်တတ်ပါတယ်။

မပေါက်သေးခင် အသားမှာခြင်ကိုက်သလို အနီစက်လေးလိုလိုအရင် ဖြစ်ပြီးမှ နာနေတတ်ပါတယ်။

သူကပေါက်ပြီးရင် လည်း အာမာရွတ်နည်းနည်းကျန်လွယ်လို့ သတိထားရပါတယ်။

ဒီလိုဖြစ်တာကတော့ မျက်နှာကိုသန့်ရှင်းအောင်မထားတာရယ် အသားစားများတာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။

အဓိက အသီးအနှံများများစားပေးပြီး ခန္တာကိုယ်အတွင်း အဆိပ်အတောက်ကင်းအောင်ထားမယ်။ ဝမ်းပုံမှန်သွားမယ်။

ရေဓာတ်လုံလောက်အောင် ဖြည့်ဆည်းပေးမယ်။ အဆီနဲ့ အညစ်အကြေးကို မကပ်ငြိအောင်ဂရုတစိုက်ထိမ်းသိမ်းပေးမယ်ဆိုရင်တော့ ပျောက်ကင်းလာမှာပါ။

၃။ ဝက်ခြံသေး

ဒီဝက်ခြံလေးတွေကတော့ အပြည်လည်းမတည်၊ ညှစ်ရလည်းမလွယ်ဘဲ နဖူးနဲ့ မေးစေ့လိုနေရာမျိုးမှာ သေးသေးလေးတွေ အများကြီးရှိနေတတ်ပါတယ်။

ဒီလိုအခါမျိုးကျရင်တော့ တိုနာကိုသာ နိုင်နိုင်သုံးပေးပြီး သန့်ရှင်းတဲ့မိတ်ကပ်ပစ္စည်းတွေကိုသာ ပြန်လည်အသုံးပြုစေချင်ပါတယ်။

သူလည်းဝက်ခြံကြီးလိုပဲ ဂရုစိုက်ရမယ့်အချက်တွေများပြီး စားသောက်နေထိုင်ပုံတွေ ဆင်ခြင်ဖို့ လိုပါတယ်။

Cream type ထက် ရေဓာတ်ပါဝင်မှုများတဲ့ Sheet mask လေးတွေကို ညတိုင်းပုံမှန်သောက်ပေးပြီး ရှင်းလင်းပေးလို့ရပါတယ်။

အားလုံး သိထားသင့္ တဲ့ ဝက္ၿခံ အမ်ိဳး အစားနဲ႔ ကုသ နည္း မ်ား (တန္ဖိုး ရွိတယ္)

ဝက္ၿခံေတြဆိုတာကလည္းေလ။ ဒီတိုင္းေနေနရင္ အေကာင္း။ သြားစရာ၊ လာစရာရွိၿပီး။

အေရးႀကီးတဲ့သူတစ္ေယာက္ေယာက္နဲ႔ေတြ႕ရၿပီဆိုတာနဲ႔ ဟိုတစ္မ်ိဳး၊ ဒီတစ္မ်ိဳးလွိမ့္ထြက္လာၾကေတာ့တာပါပဲ။

တစ္ခ်ိဳ႕က်ေတာ့ လည္း ႏွစ္ရည္ လမ်ားေပါက္ေန တတ္ၾကပါတယ္။ ဘယ္လိုပဲေပါက္ေပါက္ ဝက္ၿခံေတြက အမ်ိဳးအစား အမ်ိဳးမ်ိဳးရွိၿပီး ကုသပုံခ်င္း မတူညီၾကပါဘူး။

၁။ ဆားဝက္္ၿခံ

ဆားဝက္ၿခံ မွာ အမဲေစ့နဲ႔ အျဖဴေစ့ဆိုၿပီး ႏွစ္မ်ိဳးရွိိပါတယ္။

အဆီီ၊ ဖုန္မႈန႔္၊ အညစ္အေၾကးနဲ႔ ဘက္တီးရီးယားေတြ စုပုံလာၿပီး ေခြၽးေပါက္ပိတ္သြားတဲ့အခါမွာ ဆဲလ္သစ္ေတြျပန္မေမြးဖြားႏိုင္ေတာ့ဘဲ ဆားဝက္ၿခံျဖစ္လာရတာပဲ ျဖစ္ပါတယ္။

ေရေႏြးေငြ႕နဲ႔ ပုံမွန္ေပါင္းတင္ေပးမယ္္။ Exfoliate ပုံမွန္ လုပ္ေပးမယ္။ မိတ္ကပ္ ေန႔စဥ္ပုံမွန္ဖ်က္ေပး မယ္။

ေခြၽးေပါက္ေတြ ကိုသာ ပုံမွန္ဖြင့္ေပးေန မယ္ဆိုရင္ေတာ့ ဆားဝက္ၿခံ က ေပ်ာက္လြယ္ ပါတယ္။

၂။ ဝက္ၿခံႀကီး

ဒါကေတာ့ အျပည္တည္တဲ့ဝက္္ ၿခံမ်ိဳးပါ။ အဝါေရာင္အလုံးႀကီးေတြေပါက္တတ္ပါတယ္။

မေပါက္ေသးခင္ အသားမွာျခင္ကိိုက္သလို အနီစက္ေလးလိုလိုအရင္ ျဖစ္ၿပီးမွ နာေနတတ္ပါတယ္။

သူကေပါက္ၿပီးရင္ လည္း အာမာ႐ြတ္နည္းနည္းက်န္လြယ္လို႔ သတိထားရပါတယ္။

ဒီလိိုျဖစ္တာကေတာ့ မ်က္ႏွာကိုသန႔္ရွင္းေအာင္မထားတာရယ္ အသားစားမ်ားတာရယ္ေၾကာင့္ပဲ ျဖစ္ပါတယ္။

အဓိိက အသီးအႏွံမ်ားမ်ားစားေပးၿပီး ခႏၲာကိုယ္အတြင္း အဆိပ္အေတာက္ကင္းေအာင္ထားမယ္။ ဝမ္းပုံမွန္သြားမယ္။

ေရဓာတ္လုံေလာက္ေအာင္ ျဖည့္ဆည္းေပးမယ္။ အဆီနဲ႔ အညစ္အေၾကးကို မကပ္ၿငိေအာင္ဂ႐ုတစိုက္ထိမ္းသိမ္းေပးမယ္ဆိုရင္ေတာ့ ေပ်ာက္ကင္းလာမွာပါ။

၃။ ဝက္ၿခံေသး

ဒီိဝက္ၿခံေလးေတြကေတာ့ အျပည္လည္းမတည္၊ ညႇစ္ရလည္းမလြယ္ဘဲ နဖူးနဲ႔ ေမးေစ့လိုေနရာမ်ိဳးမွာ ေသးေသးေလးေတြ အမ်ားႀကီးရွိေနတတ္ပါတယ္။

ဒီလိုအခါမ်ိဳးက်ရင္ေတာ့ တိုနာကိုသာ ႏိုင္ႏိုင္သုံးေပးၿပီး သန႔္ရွင္းတဲ့မိတ္ကပ္ပစၥည္းေတြကိုသာ ျပန္လည္အသုံးျပဳေစခ်င္ပါတယ္။

သူလည္းဝက္ၿခံႀကီးလိုပဲ ဂ႐ုစိုက္ရမယ့္အခ်က္ေတြမ်ားၿပီး စားေသာက္ေနထိုင္ပုံေတြ ဆင္ျခင္ဖို႔ လိုပါတယ္။

Cream type ထက္ ေရဓာတ္ပါဝင္မႈမ်ားတဲ့ Sheet mask ေလးေတြကို ညတိုင္းပုံမွန္ေသာက္ေပးၿပီး ရွင္းလင္းေပးလို႔ရပါတယ္။