ျပည္တြင္းသတင္း

အင္းစိန္က ရာအိမ္မွဴး ငရဲျပည္ပို႕ခံရပီး မႏၱေလးက ဒလန္ ေျခေထာက္ျဖတ္ခံရ

အင္းစိန္ ယိုးဒယားေဈးတြင္ စစ္ေကာင္စီခန႔္ ရာအိမ္မႉး မ်ိဳးျမင့္ ေသနတ္ပစ္သတ္ခံရၿပီး မႏၲေလးတြင္ သတင္းေပးဒလန္ ၁ ဦး ဓါးျဖင့္ ခုတ္ခံရ၍ ေျခေထာက္ျပတ္

ရန္ကုန္၊ ေအာက္တိုဘာ ၁၅

ရန္ကုန္တိုင္း၊ အင္းစိန္၊ ေတာင္သူကုန္းရပ္ကြက္ရွိ ယိုးဒယားေဈးတြင္ ယေန႔ ေအာက္တိုဘာလ ၁၅ ရက္ နံနက္ပိုင္း စစ္ေကာင္စီခန႔္ ရာအိမ္မႉးမ်ိဳးျမင့္

ေသနတ္ျဖင့္ ေလးခ်က္ ပစ္ခံရၿပီး ေနရာတြင္ ေသဆုံးေၾကာင္း မ်က္ျမင္ေဒသခံမ်ားထံမွ သိရသည္။

ယိုးဒယားေဈးအတြင္း ရာအိမ္မႉးမ်ိဳးျမင့္ကို ေသနတ္သမား တစ္ေယာက္က လာေရာက္ပစ္ခတ္သြားေၾကာင္း၊

ေနရာတြင္ ေသဆုံးေၾကာင္းႏွင့္ အခင္းျဖစ္ရာအနီးတြင္ ေသနတ္က်ည္ခြံ ေလးခု ေတြ႕ရေၾကာင္း မ်က္ျမင္ေဒသခံတစ္ဦးက ေျပာသည္။

မႏၲေလး ေဈးခ်ိဳအနီးတြင္ ၈၄ လမ္း၊ ၂၈လမ္းႏွင့္ ၂၉ လမ္းၾကားတြင္ စစ္ေကာင္စီသတင္းေပး ဒလန္ဟု ယူဆရသူတစ္ဦး ဓါးျဖင့္ ခုတ္ခံရၿပီး ေျခေထာက္ျပတ္သြားကာ ေသဆုံးနိုင္ဖြယ္ရွိေၾကာင္း သတင္းရရွိသည္။

“သူက ဒလန္လုပ္ေနတာ၊ သူ႔အိမ္ကိုလည္း ရဲေတြ အဝင္အထြက္အျမဲရွိတယ္။ ဒီမနက္ ၁၁ နာရီေလာက္မွာ ဓါးနဲ႔ခုတ္ခံရတာ။ ေျခေထာက္ကေတာ့ ျပတ္ထြက္သြားတယ္၊ ေသဖို႔မ်ားပါတယ္။ ေဆး႐ုံကားနဲ႔ ေခၚသြားၿပီ။

အရပ္ဝတ္စစ္ေခြးေတြ ေသနတ္ေတြလြယ္ၿပီး ေရာက္ေနတယ္” ဟု ျဖစ္စဥ္ကို ေတြ႕ရွိခဲ့သည့္ ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ဓါတ္ပုံ – မႏၲေလးတြင္ ဒလန္ ဓါးျဖင့္ခုတ္ခံရၿပီးေနာက္ ေရာက္ရွိလာေသာ အရပ္ဝတ္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား

source khit thit

unicode

အင်းစိန် ယိုးဒယားဈေးတွင် စစ်ကောင်စီခန့် ရာအိမ်မှူး မျိုးမြင့် သေနတ်ပစ်သတ်ခံရပြီး မန္တလေးတွင် သတင်းပေးဒလန် ၁ ဦး ဓါးဖြင့် ခုတ်ခံရ၍ ခြေထောက်ပြတ်

ရန်ကုန်၊ အောက်တိုဘာ ၁၅

ရန်ကုန်တိုင်း၊ အင်းစိန်၊ တောင်သူကုန်းရပ်ကွက်ရှိ ယိုးဒယားဈေးတွင် ယနေ့ အောက်တိုဘာလ ၁၅ ရက် နံနက်ပိုင်း စစ်ကောင်စီခန့် ရာအိမ်မှူးမျိုးမြင့်

သေနတ်ဖြင့် လေးချက် ပစ်ခံရပြီး နေရာတွင် သေဆုံးကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။

ယိုးဒယားဈေးအတွင်း ရာအိမ်မှူးမျိုးမြင့်ကို သေနတ်သမား တစ်ယောက်က လာရောက်ပစ်ခတ်သွားကြောင်း၊

နေရာတွင် သေဆုံးကြောင်းနှင့် အခင်းဖြစ်ရာအနီးတွင် သေနတ်ကျည်ခွံ လေးခု တွေ့ရကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

မန္တလေး ဈေးချိုအနီးတွင် ၈၄ လမ်း၊ ၂၈လမ်းနှင့် ၂၉ လမ်းကြားတွင် စစ်ကောင်စီသတင်းပေး ဒလန်ဟု ယူဆရသူတစ်ဦး ဓါးဖြင့် ခုတ်ခံရပြီး ခြေထောက်ပြတ်သွားကာ သေဆုံးနိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

“သူက ဒလန်လုပ်နေတာ၊ သူ့အိမ်ကိုလည်း ရဲတွေ အဝင်အထွက်အမြဲရှိတယ်။ ဒီမနက် ၁၁ နာရီလောက်မှာ ဓါးနဲ့ခုတ်ခံရတာ။ ခြေထောက်ကတော့ ပြတ်ထွက်သွားတယ်၊ သေဖို့များပါတယ်။ ဆေးရုံကားနဲ့ ခေါ်သွားပြီ။

အရပ်ဝတ်စစ်ခွေးတွေ သေနတ်တွေလွယ်ပြီး ရောက်နေတယ်” ဟု ဖြစ်စဉ်ကို တွေ့ရှိခဲ့သည့် ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓါတ်ပုံ – မန္တလေးတွင် ဒလန် ဓါးဖြင့်ခုတ်ခံရပြီးနောက် ရောက်ရှိလာသော အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ

crd