ပြည်တွင်းသတင်း













အရူးထက် စဉ်းစားဥာဏ်မရှိသူတွေ… ကိုကြည့်ရင်း ပြုံးမိတယ်…ဒီမနက်


kotin Soe

unicode

အရူး​တွေက ဒလန်ဖြစ်​နေပြီလား ယနေ့မနက်..၉နာရီကျော်.. ရန်ကုန်. တာမွေ…

အရှေ့မြင်းပြိုင်ကွင်း.လမ်းဘေးတစ်နေရာ..အရူးတစ်ယောက်က စစ်ကားကိုတားကာ သတင်းပေးတယ်..

………ရပ်ကွက်ထဲ .. .လမ်း(…..) နာမည်(……) လက်နက်တွေအိမ်မှာ ဝှက်ထားတယ်..

မြေအောက်လှုပ်ရှားနေတယ်တဲ့.. သူသိတဲ့ လူနာမည်..လမ်းနာမည် သူ့ပါးစပ်ထဲရှိတာ.လျောက်ပြောလိုက်တာ.စစ်ကားတစ်စီး ကျွန်တော်နေတဲ့ ရပ်ကွက်ထဲ အရှိန်အဟုန်နဲ့ အပြင်းမောင်းဝင်လာတယ်…အရူးပြောတဲ့

နာမည် နဲ့ လမ်းထဲ.ရောက်တယ်.. အရူးကတော့ စစ်ကားပေါ်မှာ. အခန့်သားထိုင်လို့ … ကားပေါ်ကတောင် မဆင်းဘူး.အဲ့အိမ်ပဲတဲ့.မေးပဲငေါ့ပြလိုက်တာ…

အဲ့ အိမ်ရှေ့ ရောက်တယ်ဆိုရင်ပဲ.စစ်သားတွေကားပေါ်က ခုန်ဆင်း.အိမ်ကို ပတ်လည်ဝိုင်းထား..သေနတ်တွေနဲ့ချိန်…

အိမ်ထဲကို ဗိုလ်ကြီးတစ်ယောက်က ဦးဆောင်ပြီး..အဖွဲ့လိုက် အတင်းဝင်..အိမ်ရှင်တွေကို

ငုတ်တုပ်လေးတွေ ထိုင်ခိုင်းထား..တစ်အိမ်လုံးဝင်ရောက်မွေနှောက် .ရှာဖွေလိုက်တာ. ဘာမှလည်းမတွေ့ဘူး..

အိမ်ရှင်က တစ်လုံးထဲ​ပြောလိုက်ပါတယ် ဗိုလ်ကြီးတို့ကို သတင်းပေးတဲ့သူဟာ

အရူးဆိုတာ တစ်ရပ်ကွက်လုံးသိပါတယ်တဲ့…ဘေးအိမ်ကလည်းထောက်ခံပြောဆိုပေးကြတယ်…

ဗိုလ်ကြီးဆိုတဲ့သူက ရှက်ရမ်း.ရမ်းပြီး အရူးကို ပါးတွေနားတွေချ..ဆောင်ကန့်ထားခဲ့လေရဲ့..ဒေါသတွေက သူဆီရောက်သွားပုံ.ရတယ်.

အရူးထက် စဉ်းစားဉာဏ်မရှိသူတွေ… ကိုကြည့်ရင်း ပြုံးမိတယ်…ဒီမနက်

တစ်ကယ်အပျက်.ကိုယ်တွေ့ပါ… ကိုယ့်အိမ်တော့ မဟုတ်ဖူး..အိမ်နားက😊😊

kotin Soe