ျပည္တြင္းသတင္း

စစ်ကောင်စီကိုတော်လှန်ဖို့ နိုင်ငံခြားသင်္ဘောသားဘဝကို စွန့်လွှတ်ခဲ့တဲ့လူငယ်လေး

စစ္ေကာင္စီကိုေတာ္လွန္ဖို႔ ႏိုင္ငံျခားသေဘၤာသားဘဝကို စြန႔္လႊတ္ခဲ့တဲ့ ကရင္နီလူငယ္

အသက္ ၂၂ ႏွစ္အ႐ြယ္ရွိတဲ့ ကရင္နီလူငယ္ ဦးရယ္ဟာ ႏိုင္ငံျခားသေဘၤာသားအလုပ္ကို စြန႔္လႊတ္ၿပီး အာဏာသိမ္းစစ္ေကာင္စီကို ခုခံတိုက္

ခိုက္ဖို႔ ကရင္နီတပ္မေတာ္ KA မွာ စစ္သင္တန္းတက္ေနပါတယ္။သူဟာ အာဏာမသိမ္းခင္က ထိုင္ဝမ္မွာ သေဘၤာသားအလုပ္ကို တစ္ႏွစ္လုပ္ခဲ့ပါ

တယ္။ အဲဒီေနာက္ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ႀကဳံရခ်ိန္ ေနရပ္ကိုျပန္လာၿပီး လက္နက္ကိုင္ လမ္းစဥ္ေ႐ြးခ်ယ္ခဲ့တာပါ။

“က်ေနာ့္မွာ အလုပ္ရွိတယ္။ ဒါေပမဲ့ က်ေနာ့္အလုပ္ကို ပစ္ထားၿပီးေတာ့မွ က်ဴးေက်ာ္ေနတဲ့ စစ္အာဏာ ရွင္ေတြကို တစ္ဖက္တစ္လွမ္းကေန တိုက္

ထုတ္ခ်င္တယ္။ အဲလုပ္ရပ္ေတြ မမွန္ကန္ေၾကာင္း အသိ အမွတ္မျပဳႏိုင္ဘူးေပါ့။

သူတို႔အခု လူေတြကို ဒုကၡေပးေနတယ္။ အဲဒါကို မေက်နပ္ဘူး။ ၿပီးေတာ့ သူတို႔ကို လက္နက္ကိုင္ ေတာ္လွန္ခ်င္တယ္ေပါ့။”အခုေတာ့ ဦး

ရယ္ဟာ ကရင္နီတပ္မေတာ္ (KA) ရဲ႕ အပတ္စဥ္ ၇၂ စစ္သင္တန္းကို ၃ လနီးပါးၾကာ တက္ခဲ့ၿပီး ေအာက္တိုဘာလ ၉ ရက္ေန႔က သင္တန္းဆင္း

ခဲ့ပါတယ္။

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ ေမ ၂၁ ရက္ေန႔ကစၿပီးေတာ့ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္

ဖြဲ႕ေတြအၾကား တိုက္ပြဲေတြ ေန႔စဥ္ဆိုသလို ျဖစ္ပြားလာခဲ့ပါတယ္။

အဲဒီအခ်ိန္ကတည္းက ဦးရယ္တစ္ေယာက္လည္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္တစ္ဦးအေနနဲ႔ တိုက္ပြဲေတြမွာ ပါဝင္လာခဲ့တာလို႔ ဆိုပါတယ္

ဒါေပမဲ့ အဲဒီတိုက္ပြဲေတြမွာ ဦးရယ္ကိုင္ထားတဲ့ တူမီးေသနတ္က စစ္ေကာင္စီရဲ႕လက္နက္ေတြကို ဘယ္လိုမွ မယွဥ္ႏိုင္တာေၾကာင့္ အခုလို

ကရင္နီတပ္မေတာ္ထဲကို ဝင္ေရာက္ခဲ့တာလို႔ ဦးရယ္က ေျပာပါတယ္။”

အစပိုင္းကေတာ့ PDF အေနနဲ႔ပဲ တိုက္ျဖစ္ပါတယ္။ လက္နက္ အဆင္မေျပဘူးေလ။ ပြိဳင့္ 2 တို႔ ယမ္းေထာင္းတို႔နဲ႔ ေနာက္ၿ

ပီး အားမရဘူးေပါ့ ကိုယ့္စိတ္ထဲမွာ။ သူတို႔ကို ေတြ႕တဲ့ေနရာမွာ ေဆာ္မယ္။

အဲေလာက္အထိ စိတ္ထဲမွာရွိတယ္။ ေနာက္ၿပီး အဆင္မေျပဘူး။ လက္နက္ရခ်င္တဲ့ စိတ္တစ္ခုတည္းနဲ႔ ေနာက္ၿပီး သူတို႔ကို မေၾကာက္ဘူးေ

ပါ့။ လုံးဝပဲ။ အေသေခ်မႈန္းမယ္ဆိုၿပီးေတာ့ ဒီကိုလာလိုက္တာ”

ေအာက္တိုဘာလ ၉ ရက္ေန႔မွာ ကရင္နီတပ္မေတာ္ကေန ဦးရယ္ အပါအဝင္ သင္တန္းသား ၃၇၄ ဦး သင္တန္းဆင္းခဲ့ပါတယ္။ ဒါဟာ ကရင္နီတ

ပ္မေတာ္ကေပးခဲ့တဲ့ စစ္သင္တန္းေတြထဲမွာ သင္တန္းသား အမ်ားဆုံး အပတ္စဥ္တစ္ခုလည္း ျဖစ္ပါတယ္။

လူငယ္ေတြ ႏိုင္ငံျခားကေနျပန္လာၿပီး လက္နက္ကိုင္ေတာ္လွန္ဖို႔ ဆုံးျဖတ္ခဲ့တာဟာ ျပည္သူေတြ ဒုကၡ ေရာက္ေနတာမခံႏိုင္လို႔ ျ

ဖစ္တယ္လို႔ ကရင္နီတပ္မေတာ္ KA ရဲ႕ ဒုစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ေအာင္ျမတ္က ေျပာပါတယ္။

“မ်ိဳးခ်စ္စိတ္ေပါ့။ ႏိုင္ငံျခားေရာက္တာေတာင္မွ မေလးရွားတို႔၊ ထိုင္းတို႔၊ စင္ကာပူတို႔ ေရာက္ၿပီး ျပန္လာၿပီးေတာ့မွ တိုက္ပြဲဝင္ဖို႔ သူ

တို႔ဆုံးျဖတ္တယ္။

အဲဒါက သူ႔အမ်ိဳးသားေတြ တအားဒုကၡ ေရာက္တဲ့အတြက္ သူတို႔က ႏိုင္ငံျခားမွာ ေရာက္ေနေပမယ့္လို႔ မခံႏိုင္လို႔ျပန္လာတာေ

ပါ့”

လက္နက္ကိုင္လမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့တဲ့ ဦးရယ္ဟာ အာဏာမသိမ္းခင္က ႏိုင္ငံျခားသေဘၤာသားဘဝနဲ႔ မိဘေတြကို အလုပ္အေကြၽးျပဳရင္း

ဘဝကို ေအးေအးခ်မ္းခ်မ္းျဖတ္သန္းဖို႔ ရည္မွန္းခဲ့ပါတယ္။

ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ သူရဲ႕ရည္မွန္းခ်က္ဟာ အာဏာရွင္ကိုေတာ္လွန္ၿပီး ႏိုင္ငံအတြက္အက်ိဳးရွိေစမယ့္ စစ္သားေကာင္းတစ္ေယာ

က္ ျဖစ္ဖို႔ပါပဲ။

“က်ေနာ္ အဲဒီအိပ္မက္ေတြ မရွိသေလာက္ျဖစ္ေနၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္အာဏာရွင္ေၾကာင့္ အသက္လည္း ႀကီးသြားၿ

ပီေလ။ သူတို႔ မသိတဲ့လူေတြက်ေတာ့ တစ္ႏွစ္ေလာက္ပဲ။

သူတို႔ အာဏာသိမ္းတာ ဘာမွမျဖစ္ဘူး ဆိုေပမယ့္ က်ေနာ့္အတြက္ေတာ့ အလုပ္လည္းအဆင္ေျပေတာ့မွာ မဟုတ္ဘူး။ ရည္႐ြယ္ ခ်

က္ေတြ ဆိုရင္လည္း မေအာင္ျမင္ေတာ့ဘူး။

ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္ အခုလည္း ႐ိုး႐ိုးသန္မာလူ မဟုတ္ေတာ့ဘူး။ စစ္သား တစ္ေယာက္ျဖစ္ေနၿပီ စစ္သားဆိုတာ စီးပြားေ

ရးဘက္ သိပ္ၿပီးေတာ့ မပါခ်င္ ေတာ့ဘူး။ ႏိုင္ငံအတြက္ အက်ိဳးျပဳတဲ့ဟာ အဲဟာပဲ လုပ္ခ်င္တယ္။ အဲေလာက္ပဲ”

ႏိုင္ငံတကာအသိုင္းအဝိုင္းကေတာ့ ျမန္မာႏိုင္ငံမွာ တစ္ေန႔တစ္ျခားျပင္းထန္လာေနတဲ့ ျပည္တြင္းေရး ပဋိပကၡေတြကို လ

က္နက္ကိုင္နည္းလမ္းနဲ႔ ေျဖရွင္းမယ့္ဆုံးျဖတ္ခ်က္ကို အားမေပးပါဘူး။

ဒါေပမဲ့ ျပည္တြင္း မွာ ႀကဳံေတြ႕ေနရတဲ့ စစ္ေကာင္စီရဲ႕ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈကို ႏိုင္ငံတကာက မဟန႔္တားႏိုင္တာေၾကာင့္ လူငယ္ေတြ

ဟာ ကိုယ့္ျပည္တြင္းအေရးကို ကိုယ္တိုင္ေျဖရွင္းမယ့္ ေသြးထြက္သံယို လက္နက္ကိုင္ လမ္းစဥ္ကို ေ႐ြးခ်ယ္ ထားၾကပါတယ္။source

– RFA

စစ်ကောင်စီကိုတော်လှန်ဖို့ နိုင်ငံခြားသင်္ဘောသားဘဝကို စွန့်လွှတ်ခဲ့တဲ့ ကရင်နီလူငယ်

အသက် ၂၂ နှစ်အရွယ်ရှိတဲ့ ကရင်နီလူငယ် ဦးရယ်ဟာ နိုင်ငံခြားသင်္ဘောသားအလုပ်ကို စွန့်လွှတ်ပြီး အာဏာသိမ်းစစ်ကောင်စီကို ခုခံ

တိုက်ခိုက်ဖို့ ကရင်နီတပ်မတော် KA မှာ စစ်သင်တန်းတက်နေပါတယ်။

သူဟာ အာဏာမသိမ်းခင်က ထိုင်ဝမ်မှာ သင်္ဘောသားအလုပ်ကို တစ်နှစ်လုပ်ခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ကြုံ

ရချိန် နေရပ်ကိုပြန်လာပြီး လက်နက်ကိုင် လမ်းစဉ်ရွေးချယ်ခဲ့တာပါ။

“ကျနော့်မှာ အလုပ်ရှိတယ်။ ဒါပေမဲ့ ကျနော့်အလုပ်ကို ပစ်ထားပြီးတော့မှ ကျူးကျော်နေတဲ့ စစ်အာဏာ ရှင်တွေကို တစ်ဖက်တစ်လှမ်းက

နေ တိုက်ထုတ်ချင်တယ်။

အဲလုပ်ရပ်တွေ မမှန်ကန်ကြောင်း အသိ အမှတ်မပြုနိုင်ဘူးပေါ့။ သူတို့အခု လူတွေကို ဒုက္ခပေးနေတယ်။ အဲဒါကို မကျေနပ်ဘူး။ ပြီးတော့ သူ

တို့ကို လက်နက်ကိုင် တော်လှန်ချင်တယ်ပေါ့။”

အခုတော့ ဦးရယ်ဟာ ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဉ် ၇၂ စစ်သင်တန်းကို ၃ လနီးပါးကြာ တက်ခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့

က သင်တန်းဆင်းခဲ့ပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ မေ ၂၁ ရက်နေ့ကစပြီးတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား

တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားလာခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက ဦးရယ်တစ်ယောက်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ တိုက်ပွဲတွေမှာ ပါဝင်လာခဲ့တာလို့ ဆိုပါ

တယ်

ဒါပေမဲ့ အဲဒီတိုက်ပွဲတွေမှာ ဦးရယ်ကိုင်ထားတဲ့ တူမီးသေနတ်က စစ်ကောင်စီရဲ့လက်နက်တွေကို ဘယ်လိုမှ မယှဉ်နိုင်တာကြောင့် အခုလို

ကရင်နီတပ်မတော်ထဲကို ဝင်ရောက်ခဲ့တာလို့ ဦးရယ်က ပြောပါတယ်။”

အစပိုင်းကတော့ PDF အနေနဲ့ပဲ တိုက်ဖြစ်ပါတယ်။ လက်နက် အဆင်မပြေဘူးလေ။ ပွိုင့် 2 တို့ ယမ်းထောင်းတို့နဲ့ နောက်ပြီး အားမရဘူး

ပေါ့ ကိုယ့်စိတ်ထဲမှာ။

သူတို့ကို တွေ့တဲ့နေရာမှာ ဆော်မယ်။ အဲလောက်အထိ စိတ်ထဲမှာရှိတယ်။ နောက်ပြီး အဆင်မပြေဘူး။ လက်နက်ရချင်တဲ့ စိတ်တစ်ခုတည်း

နဲ့ နောက်ပြီး သူတို့ကို မကြောက်ဘူးပေါ့။ လုံးဝပဲ။ အသေချေမှုန်းမယ်ဆိုပြီးတော့ ဒီကိုလာလိုက်တာ”

အောက်တိုဘာလ ၉ ရက်နေ့မှာ ကရင်နီတပ်မတော်ကနေ ဦးရယ် အပါအဝင် သင်တန်းသား ၃၇၄ ဦး သင်တန်းဆင်းခဲ့ပါတယ်။ ဒါဟာ

ကရင်နီတပ်မတော်ကပေးခဲ့တဲ့ စစ်သင်တန်းတွေထဲမှာ သင်တန်းသား အများဆုံး အပတ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

လူငယ်တွေ နိုင်ငံခြားကနေပြန်လာပြီး လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ပြည်သူတွေ ဒုက္ခ ရောက်နေတာမခံနိုင်လို့ ဖြစ်တယ်

လို့ ကရင်နီတပ်မတော် KA ရဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် အောင်မြတ်က ပြောပါတယ်။

“မျိုးချစ်စိတ်ပေါ့။ နိုင်ငံခြားရောက်တာတောင်မှ မလေးရှားတို့၊ ထိုင်းတို့၊ စင်ကာပူတို့ ရောက်ပြီး ပြန်လာပြီးတော့မှ တိုက်ပွဲဝင်ဖို့ သူတို့

ဆုံးဖြတ်တယ်။

အဲဒါက သူ့အမျိုးသားတွေ တအားဒုက္ခ ရောက်တဲ့အတွက် သူတို့က နိုင်ငံခြားမှာ ရောက်နေပေမယ့်လို့ မခံနိုင်လို့ပြန်လာတာပေါ့”

လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ ဦးရယ်ဟာ အာဏာမသိမ်းခင်က နိုင်ငံခြားသင်္ဘောသားဘဝနဲ့ မိဘတွေကို အလုပ်အကျွေးပြုရင်း

ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းဖို့ ရည်မှန်းခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ သူရဲ့ရည်မှန်းချက်ဟာ အာဏာရှင်ကိုတော်လှန်ပြီး နိုင်ငံအတွက်အကျိုးရှိစေမယ့် စစ်သားကောင်းတစ်ယောက်

ဖြစ်ဖို့ပါပဲ။

“ကျနော် အဲဒီအိပ်မက်တွေ မရှိသလောက်ဖြစ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်ကြောင့် အသက်လည်း ကြီးသွားပြီလေ။ သူတို့ မ

သိတဲ့လူတွေကျတော့ တစ်နှစ်လောက်ပဲ။

သူတို့ အာဏာသိမ်းတာ ဘာမှမဖြစ်ဘူး ဆိုပေမယ့် ကျနော့်အတွက်တော့ အလုပ်လည်းအဆင်ပြေတော့မှာ မဟုတ်ဘူး။ ရည်ရွယ် ချက်တွေ

ဆိုရင်လည်း မအောင်မြင်တော့ဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကျနော် အခုလည်း ရိုးရိုးသန်မာလူ မဟုတ်တော့ဘူး။ စစ်သား တစ်ယောက်ဖြစ်နေပြီ စစ်သားဆိုတာ စီးပွားရေးဘက်

သိပ်ပြီးတော့ မပါချင် တော့ဘူး။ နိုင်ငံအတွက် အကျိုးပြုတဲ့ဟာ အဲဟာပဲ လုပ်ချင်တယ်။ အဲလောက်ပဲ”

နိုင်ငံတကာအသိုင်းအဝိုင်းကတော့ မြန်မာနိုင်ငံမှာ တစ်နေ့တစ်ခြားပြင်းထန်လာနေတဲ့ ပြည်တွင်းရေး ပဋိပက္ခတွေကို လက်နက်ကိုင်နည်း

လမ်းနဲ့ ဖြေရှင်းမယ့်ဆုံးဖြတ်ချက်ကို အားမပေးပါဘူး။

ဒါပေမဲ့ ပြည်တွင်း မှာ ကြုံတွေ့နေရတဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို နိုင်ငံတကာက မဟန့်တားနိုင်တာကြောင့် လူငယ်တွေ ဟာ ကိုယ့်

ပြည်တွင်းအရေးကို ကိုယ်တိုင်ဖြေရှင်းမယ့် သွေးထွက်သံယို လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ် ထားကြပါတယ်။


source – RFA