နိုင်ငံတကာသတင်း

အာဏာရှင် ကင်မ်ဂျုံအန်းရဲ့ရှေ့မှောက်မှာ သူ့ရဲ့အထူးတပ်ဖွဲ့က ရက်စက်ကြမ်းကြုတ်တဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့တဲ့ ရုပ်သံဖိုင်

စစ်ကောင်စီ သံတမန်ကို အသိအမှတ်ပြုရာ မရောက်ရန် အာဆီယံနှင့် အစည်းအဝေးအား ကုလသမဂ္ဂ ရွှေ့ဆိုင်း မြန်မာစစ်တပ်၏ သံတမန်နှင့် အွန်လိုင်းအစည်းအဝေးတွင် တစ်တန်းတည်း ရှိခြင်းအားဖြင့် မြန်မာစစ်အစိုးရအား အသိအမှတ်ပြုရာ ရောက်မည်ကို မလိုလားသည့်အတွက် ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရပ်စ်က အရှေ့တောင်အာရှ ဝန်ကြီးများနှင့် အွန်လိုင်းအစည်းအဝေးတစ်ရပ်ကို ရွှေ့ဆိုင်းရန် နောက်ဆုံးမိနစ်အလို၌ တိုက်တွန်းပြောဆိုခဲ့ကြောင်း ကုလသမဂ္ဂ သံတမန်များက ပြောသည်။

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင်ဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့၏ အစည်းအဝေးကို သောကြာနေ့ နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့ရာတွင် ထိုရက်မရောက်မီ၌ ဂူတာရပ်စ်က ရှိနေဆဲ နိုင်ငံတကာနှင့် ဒေသတွင်း အရေးပေါ် တွန်းအားများအပေါ် ချင့်ချိန်လျက် “အပြန်အလှန် သဘောတူညီမှု ဖွဲ့တည်ခြင်း ရှိလာသည်အထိ” အစည်းအဝေးကို ရွှေ့ဆိုင်းထားရန် အာဆီယံအား တိုက်တွန်းလာခြင်း ဖြစ်သည်။ အပြန်အလှန် သဘောတူညီမှု ဖော်ဆောင်နိုင်ရေးတွင် အာဆီယံအဖွဲ့ဝင်များ၌ နှောင့်နှေးလျက် ရှိနေသည်ဟု အာဆီယံ ဥက္ကဋ္ဌ ဘရူးနိုင်းနိုင်ငံ၏ အောက်တိုဘာ ၈ ရက် မှတ်ချက်ပြုစာကို ရိုက်တာသတင်းက မြင်တွေ့ထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ကိုယ်စားပြုနေရာတွင် မည်သူအား ထားရှိမည်ကို ကုလအဖွဲ့ဝင် နိုင်ငံများ မဆုံးဖြတ်ရသေးခင် ဂူတာရပ်စ်အနေဖြင့် ဆုံးဖြတ်သလို ဖြစ်မည်ကို မလိုလားကြောင်း အမည်မဖော်သည့် ကုလသမဂ္ဂ သံတမန်များက ပြောကြသည်။ ကုလသမဂ္ဂ မြန်မာကိုယ်စားပြုနေရာ၌ စစ်အစိုးရနှင့် အရပ်သားအစိုးရ ခန့်အပ်သော လက်ရှိ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကြား ယှဉ်ပြိုင်အရေးဆိုလျက် ရှိထားခြင်း ဖြစ်သည်။

စစ်တပ်သည် ဖေဖော်ဝါရီလက အာဏာသိမ်းလိုက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ရွေးကောက်ခံ အစိုးရခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းထားသည်။ ကုလသမဂ္ဂ၏ အသိအမှတ်ပြုမှုသည် အစိုးရတစ်ရပ်အတွက် အရေးသာစေမည် ဖြစ်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက လာမည့် ထိပ်သီးအစည်းအဝေး၌ စစ်အစိုးရ အကြီးအကဲ မင်းအောင်လှိုင်ကို ဖယ်ချန်ထားရေး သောကြာနေ့၌ သီးခြားစည်းဝေးရန် ရှိနေချိန်နှင့် သဘောတူထားသော ငြိမ်းချမ်းရေးလမ်းပြမြေပုံကို လိုက်နာစေရေးအတွက် အာဏာသိမ်းစစ်အစိုးရအား ဖိအားများ တည်ဆောက်နေချိန်၌ ဂူတာရပ်စ်အနေဖြင့် စစ်အာဏာသိမ်းအစိုးရ သံတမန်နှင့် အစည်းအဝေးတစ်ခုတည်း၌ ရှိရမည်ကို တွန့်ဆုတ်နေပုံ ရှိသည်။

ဧပြီလအတွင်းက ဘုံသဘောတူညီချက် ငါးရပ်ကို မင်းအောင်လှိုင်နှင့် အာဆီယံတို့ သဘောတူညီခဲ့ကြသော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့က စစ်ကောင်စီသည် ယင်းကို အကောင်အထည်ဖော်ရန် ပျက်ကွက်သည်ဟု ဝေဖန်ကြသည်။ စစ်ကောင်စီသည် ဘရူးနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သည့် အာဆီယံ ဒေသတွင်းသံတမန် အာရီဝန် ယူဆွတ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်လည်း ခွင့်မပြုပေ။

အတွင်းရေးမှူးချုပ် ဂူတာရပ်စ်သည် အာဆီယံဝန်ကြီးများနှင့် ၎င်း၏ တွေ့ဆုံမှုကို ရွှေ့ဆိုင်းရန် မေတ္တာရပ်ခံခဲ့ကြောင်း သောကြာနေ့နှောင်းပိုင်း၌ ကုလသမဂ္ဂ ပြောခွင့်ရသူ စတီဖင် ဒူရာရစ်က သတင်းထောက်များအား ပြောသော်လည်း ဂူတာရပ်စ်အနေဖြင့် မည်သည့်အတွက် ရွှေ့ဆိုင်းလိုသည်ကိုမူ ရှင်းပြခြင်း မရှိပေ။

မြန်မာစစ်တပ်မှ သံတမန်တစ်ဦး ပါဝင်အာဏာရွင္ ကင်မ်ဂျုံအန်းရဲ့ရှေ့မှောက်မှာ သူ့ရဲ့အထူးတပ်ဖွဲ့က ရက်စက်ကြမ်းကြုတ်တဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့တဲ့ ရုပ်သံဖိုင်

အောက်တိုဘာ (၁၃) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား စစ်ရေးပြသမှုနှင့် လက်နက်ပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တက်ရောက်ကြည့်ရှုခဲ့ကြောင့် နိုင်ငံတကာ သတင်းများကဖော်ပြလာခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ ဖျော်ဖြေရေးတစ်ရပ်အနေနဲ့ အထူးတပ်ဖွဲ့က ရက်စက်ကြမ်းကြုတ်တဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့တယ်လို့ ဆိုပါတယ်။ ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့အတူ အဆိုပါအခမ်းအနားမှာ အရာရှိများ၊ သူ့ရဲ့အစ်မနှင့်အနီးကပ်အကြံပေး

Kim Yo Jong တို့လည်း ရှိနေခဲ့တာဖြစ်ပါတယ်။ အထူးစစ်တပ်ရဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသမှုတွေကိုလည်း ကင်မ်ဂျုံအန်းက သဘောကျခဲ့ပြီး ချီးမွမ်းခဲ့ကြောင်းလည်း ထည့်သွင်းဖော်ပြပေးခဲ့ပါတယ်။ ယခုအခမ်းအနားဟာ အာဏာရအလုပ်သမားပါတီတည်ထောင်ခြင်းနှစ်ပတ်လည်အထိမ်းအမှတ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ နိုင်ငံသတင်းများရဲ့ ဖော်ပြလာခဲ့တဲ့

ရုပ်သံဖိုင်တွေအရ အင်္ကျီမပါတဲ့ အထူးစစ်သည်တော်များဟာ ဖန်ပုလင်းများအား ထုခွဲပြသခြင်း ၊ ရင်ဘတ်ပေါ်တွင် ထူတဲ့ကွန်ကရစ်တုံးတစ်ခုကိုတင်ပြီး အခြားစစ်သားက ထုခွဲပြသခြင်း ၊ ဦးခေါင်းတွေကို တုတ်ဖြင့် ရိုက်ချိုးပြသခြင်း၊

လည်ပင်းနှင့် သံချောင်းကို ကွေးအောင်းလုပ်ပြကြတဲ့အပြင် ခန္ဓာကိုယ်ပေါ်က သံကြိုးတွေကို ဖြတ်တောက်ပြခြင်းများဖြင့် ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။ သတင်းအရင်းမြစ်: Source – The National

crd-mmload