News

Non CDM နာမည်ကျော် ဆရာဝန်စာရေးဆရာ လင်္ကာရည်ကျော်ကိုပြည်သူတွေဒဏ်ခတ်တော့မည်

Zawgyi

စစ္ေကာင္စီဘက္ေတာ္သား နာမည္ေက်ာ္ ဆရာ၀န္စာေရးဆရာ လကၤာရည္ေက်ာ္ကိုျပည္သူေတြဒဏ္ခတ္ေတာ့မည္
လကၤာရည္ေက်ာ္၏ “ႀကိဳးၾကာေတာင္ပံခတ္သံ” ဝတၳဳကို ျမန္မာစာသင္႐ိုးမွ ဖယ္ရွားေပးရန္ ေတာင္းဆို

အမ်ိဳးသားစာေပဆု ရရွိထားသည့္ လကၤာရည္ေက်ာ္၏ “ႀကိဳးၾကာေတာင္ပံခတ္သံ” ဝတၳဳကို ျမန္မာစာအထူးျပဳ သင္႐ိုးမွ ဖယ္ရွားေပးရန္ အထက္ျမန္မာျပည္ ျမန္မာစာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အသင္းက အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ပညာေရးဝန္ႀကီးဌာနသို႔ ေအာက္တိုဘာလ ၁၆ ရက္ေန႔ ရက္စြဲျဖင့္ စာ‌ပို႔ ေတာင္းဆိုလိုက္သည္။

“ႀကိဳးၾကာေတာင္ပံခတ္သံ” ဝတၳဳသည္ ၂၀၀၇ ခုႏွစ္အတြက္ အမ်ိဳးသားစာေပ (လူငယ္စာေပ) ဆုရရွိခဲ့ၿပီး တတိယႏွစ္ ျမန္မာစာ အထူးျပဳ သင္႐ိုးအျဖစ္ ၂၀၁၄ ခုႏွစ္မွ စ၍ ျပဌာန္းခဲ့သည္။

“ႀကိဳးၾကာေတာင္ပံခတ္သံ” ဝတၳဳကို ေရးသားသည့္ လကၤာရည္ေက်ာ္ (ေဆးဘက္ဆိုင္ရာ ပါေမာကၡ ေဒါက္တာရဲျမင့္ေက်ာ္) သည္ ျပည္သူႏွင့္အတူ အမွန္တရားဘက္က ပါဝင္ ရပ္တည္ျခင္း မရွိသည့္အျပင္ ရာထူးႏွင့္အာဏာ တည္ၿမဲေရးကို ေရွ႕တန္းတင္ကာ စစ္အာဏာရွင္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း ေပးပို႔စာတြင္ ေရးသားထားသည္။

“ကြၽႏ္ုပ္တို႔ အထက္ျမန္မာျပည္ ျမန္မာစာအထူးျပဳ ေက်ာင္းသူ၊ေက်ာင္းသားမ်ားသည္ စစ္အာဏာရွင္ႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္ေနေသာ ေလာက္ေကာင္ ရဲျမင့္ေက်ာ္၏ “ႀကိဳးၾကာေတာင္ပံခတ္သံ” ဝတၳဳ အပါအဝင္ မည္သည့္စာအုပ္ကိုမွ် မဝယ္ယူျခင္း၊ မဖတ္ရႈျခင္းျဖင့္ ဆန႔္က်င္သြားမည္ ျဖစ္ပါသည္” ဟု အထက္ျမန္မာျပည္ ျမန္မာစာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အသင္း၏ ေပးပို႔စာတြင္ ပါရွိသည္။

ထို ဝတၳဳျဖင့္ ရရွိထားသည့္ အမ်ိဳးသားစာေပ (လူငယ္စာေပ) ဆုကိုလည္း ျပန္လည္ ႐ုပ္သိမ္း ေပးရန္ ေပးပို႔စာတြင္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားက ေတာင္းဆိုထားသည္။

ယင္းအျပင္ ပါေမာကၡ ေဒါက္တာရဲျမင့္ေက်ာ္၏ မည္သည့္ကေလာင္အမည္ျဖင့္ ျဖစ္ေစ ထုတ္ေဝေသာစာေပမ်ားကို ေက်ာင္းသုံးစာအုပ္မ်ား၊ သင္႐ိုးၫႊန္းတမ္းမ်ားတြင္ ထည့္သြင္းျခင္း မျပဳရန္လည္း အထက္ျမန္မာျပည္ ျမန္မာစာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အသင္းက ထည့္သြင္း ေတာင္းဆိုထားသည္။

MIZZIMA

Unicode

စစ်ကောင်စီဘက်တော်သား နာမည်ကျော် ဆရာဝန်စာရေးဆရာ လင်္ကာရည်ကျော်ကိုပြည်သူတွေဒဏ်ခတ်တော့မည်

လင်္ကာရည်ကျော်၏ “ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထုကို မြန်မာစာသင်ရိုးမှ ဖယ်ရှားပေးရန် တောင်းဆို

အမျိုးသားစာပေဆု ရရှိထားသည့် လင်္ကာရည်ကျော်၏ “ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထုကို မြန်မာစာအထူးပြု သင်ရိုးမှ ဖယ်ရှားပေးရန် အထက်မြန်မာပြည် မြန်မာစာ ကျောင်းသား၊ ကျောင်းသူများ အသင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနသို့ အောက်တိုဘာလ ၁၆ ရက်နေ့ ရက်စွဲဖြင့် စာ‌ပို့ တောင်းဆိုလိုက်သည်။

“ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထုသည် ၂၀၀၇ ခုနှစ်အတွက် အမျိုးသားစာပေ (လူငယ်စာပေ) ဆုရရှိခဲ့ပြီး တတိယနှစ် မြန်မာစာ အထူးပြု သင်ရိုးအဖြစ် ၂၀၁၄ ခုနှစ်မှ စ၍ ပြဌာန်းခဲ့သည်။

“ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထုကို ရေးသားသည့် လင်္ကာရည်ကျော် (ဆေးဘက်ဆိုင်ရာ ပါမောက္ခ ဒေါက်တာရဲမြင့်ကျော်) သည် ပြည်သူနှင့်အတူ အမှန်တရားဘက်က ပါဝင် ရပ်တည်ခြင်း မရှိသည့်အပြင် ရာထူးနှင့်အာဏာ တည်မြဲရေးကို ရှေ့တန်းတင်ကာ စစ်အာဏာရှင်နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပေးပို့စာတွင် ရေးသားထားသည်။

“ကျွန်ုပ်တို့ အထက်မြန်မာပြည် မြန်မာစာအထူးပြု ကျောင်းသူ၊ကျောင်းသားများသည် စစ်အာဏာရှင်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသော လောက်ကောင် ရဲမြင့်ကျော်၏ “ကြိုးကြာတောင်ပံခတ်သံ” ဝတ္ထု အပါအဝင် မည်သည့်စာအုပ်ကိုမျှ မဝယ်ယူခြင်း၊ မဖတ်ရှုခြင်းဖြင့် ဆန့်ကျင်သွားမည် ဖြစ်ပါသည်” ဟု အထက်မြန်မာပြည် မြန်မာစာ ကျောင်းသား၊ ကျောင်းသူများ အသင်း၏ ပေးပို့စာတွင် ပါရှိသည်။

ထို ဝတ္ထုဖြင့် ရရှိထားသည့် အမျိုးသားစာပေ (လူငယ်စာပေ) ဆုကိုလည်း ပြန်လည် ရုပ်သိမ်း ပေးရန် ပေးပို့စာတွင် ကျောင်းသူ၊ ကျောင်းသားများက တောင်းဆိုထားသည်။

ယင်းအပြင် ပါမောက္ခ ဒေါက်တာရဲမြင့်ကျော်၏ မည်သည့်ကလောင်အမည်ဖြင့် ဖြစ်စေ ထုတ်ဝေသောစာပေများကို ကျောင်းသုံးစာအုပ်များ၊ သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းခြင်း မပြုရန်လည်း အထက်မြန်မာပြည် မြန်မာစာ ကျောင်းသား၊ ကျောင်းသူများ အသင်းက ထည့်သွင်း တောင်းဆိုထားသည်။

MIZZIMA