ျပည္တြင္းသတင္း

ခမရ ၅၉၈ ကားေပၚက တပ္ရင္းမႉးကေတာ္နဲ႔ စစ္သား ၅ ဦး

က်ိဳက္ထိုၿမိဳ႕နယ္ သိမ္ဇရပ္ၿမိဳ႕ ဇလုံရြာမွာ စစ္ေကာင္စီ ကားတစ္စီးတိုက္ ခိုက္ခံရ၊ ၅ ဦးေသဆုံး

မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္ သိမ္ဇရပ္ၿမိဳ႕ ဇလုံရြာရွိ ခမရ ၅၉၈ တပ္ဖြဲ႕သည္ အုတ္လာဝယ္ၿပီး အျပန္လမ္းမွာ

KNLA တပ္ဖြဲ႕က တိုက္ခိုက္ခဲ့သျဖင့္ ကားေပၚမွာ လိုက္ပါလာသည့္ စစ္သားယာဥ္ေမာင္း အပါအဝင္ စစ္သား ၅ ဦးႏွင့္ စစ္သည္

အမ်ိဳးသမီး တစ္ဦးေသဆုံးခဲ့တယ္လို႔ KNLA သတင္းရင္းျမစ္က ေျပာပါတယ္

ပစ္ခတ္မႈအတြင္းေသဆုံးခဲ့သည့္ အမ်ိဳးသမီးမွာ တပ္ရင္းမႉး ကေတာ္ျဖစ္တယ္လို႔ KNLA တပ္မႉးတစ္ဦးက ေျပာပါတယ္

ေသဆုံးတဲ့ထဲမွာ ျပန္တမ္းဝင္အမွတ္ ၾကည္း ၇၄၀၇၁ ဒုတိယ ဗိုလ္အဆင့္ရွိသူ ေက်ာ္ထြန္းေအာင္ ပါဝင္တယ္လို႔ သူကေျပာပါတယ္

KNLA တပ္ဖြဲ႕က လက္နက္တစ္လက္သိမ္း ဆည္းရမိတယ္လို႔ ဆိုပါတယ္ စစ္ေကာင္စီတပ္ဖြဲ႕ သည္ ပဲခူးတိုင္း ဇလုံေက်းရြာမွာရွိတဲ့

ခမရ ၅၉၈ ျဖစ္ၿပီး သိမ္ဇရပ္ကေန အုတ္ခဲဝယ္ၿပီး ျပန္လာတာ ျဖစ္တယ္လို႔ ဆိုပါတယ္ ပစ္ခတ္မႈျဖစ္ၿပီး ေနာက္ညေန ၅ နာရီ ၃၀ မိနစ္အခ်ိန္မွာ

သိမ္ဇရပ္မွာရွိတဲ့ စစ္ေကာင္စီ ခမရ ၂၀၇ တပ္ဖြဲ႕ႏွင့္ ခမရ ၅၉၈ တပ္ဖြဲ႕တို႔ ပူးေပါင္းၿပီး နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ခဲ့ၾကတယ္လို႔ ထိုတပ္မႉးက ေျပာပါတယ္

စစ္ေကာင္စီယာဥ္ေမာင္းသည္ တပ္ၾကပ္ ဝင္းေဌးျဖစ္တယ္လို႔ သိမ္းဆည္းရမိသည့္ အေထာက္အထားမ်ားအရ သိရတယ္လို႔ KNLA တပ္မႉးက ေျပာပါတယ္

ဓာတ္ပုံ – တိုက္ခိုက္ခံရသည့္စ စ္ေကာင္စီကား ကိုေတြ႕ရစဥ္ , Ref: Salween Press

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဇလုံရွာမှာ စစ်ကောင်စီ ကားတစ်စီးတိုက် ခိုက်ခံရ၊ ၅ ဦးသေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဇလုံရွာရှိ ခမရ ၅၉၈ တပ်ဖွဲ့သည် အုတ်လာဝယ်ပြီး အပြန်လမ်းမှာ

KNLA တပ်ဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် ကားပေါ်မှာ လိုက်ပါလာသည့် စစ်သားယာဉ်မောင်း အပါအဝင် စစ်သား ၅ ဦးနှင့် စစ်သည်

အမျိုးသမီး တစ်ဦးသေဆုံးခဲ့တယ်လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်

ပစ်ခတ်မှုအတွင်းသေဆုံးခဲ့သည့် အမျိုးသမီးမှာ တပ်ရင်းမှူး ကတော်ဖြစ်တယ်လို့ KNLA တပ်မှူးတစ်ဦးက ပြောပါတယ်

သေဆုံးတဲ့ထဲမှာ ပြန်တမ်းဝင်အမှတ် ကြည်း ၇၄၀၇၁ ဒုတိယ ဗိုလ်အဆင့်ရှိသူ ကျော်ထွန်းအောင် ပါဝင်တယ်လို့ သူကပြောပါတယ်

KNLA တပ်ဖွဲ့က လက်နက်တစ်လက်သိမ်း ဆည်းရမိတယ်လို့ ဆိုပါတယ် စစ်ကောင်စီတပ်ဖွဲ့ သည် ပဲခူးတိုင်း ဇလုံကျေးရွာမှာရှိတဲ့

ခမရ ၅၉၈ ဖြစ်ပြီး သိမ်ဇရပ်ကနေ အုတ်ခဲဝယ်ပြီး ပြန်လာတာ ဖြစ်တယ်လို့ ဆိုပါတယ် ပစ်ခတ်မှုဖြစ်ပြီး နောက်ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မှာ

သိမ်ဇရပ်မှာရှိတဲ့ စစ်ကောင်စီ ခမရ ၂၀၇ တပ်ဖွဲ့နှင့် ခမရ ၅၉၈ တပ်ဖွဲ့တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြတယ်လို့ ထိုတပ်မှူးက ပြောပါတယ်

စစ်ကောင်စီယာဉ်မောင်းသည် တပ်ကြပ် ဝင်းဌေးဖြစ်တယ်လို့ သိမ်းဆည်းရမိသည့် အထောက်အထားများအရ သိရတယ်လို့ KNLA တပ်မှူးက ပြောပါတယ်


ဓာတ်ပုံ – တိုက်ခိုက်ခံရသည့်စ စ်ကောင်စီကား ကိုတွေ့ရစဉ် , Ref: Salween Press