ပြည်တွင်းသတင်း

မြန်မာပြည်အာ ဏာသိမ်းမှုကြောင့် ကျဆုံးရသူများကို အမေရိကန်သံရုံး ဒုတိယအကြီးအကဲ ဂုဏ်ပြု

စစ်အာဏာသိမ်းမှုကြောင့် ကျဆုံးရသူများကို အမေရိကန်သံရုံး ဒုတိယအကြီးအကဲ ဂုဏ်ပြု

အသစ်ရောက်ရှိလာသည့် သံရုံးဒုတိယအကြီးအကဲ ဒက်ဘ်လင်း သည်မြန်မာနိုင်ငံ၌ ကျဆုံးခဲ့ရသောသူရဲကောင်းများအား မကြာသေးခင်က ဂုဏ်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

“အမေရိကန်သံရုံးရှိ ကျဆုံးသူများအမှတ်တရအထိမ်းအမှတ်သည် စစ်အာဏာသိမ်းမှုကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားခြင်းဖြစ်ပါသည်” ဟုလည်း ဆိုသည်။

ယင်းအမှတ်တရအထိမ်းအမှတ်နေရာတွင် ယနေ့အထိကျောက်တုံးပေါင်း ၁၃၀၀ ကျော်ရှိနေပြီဖြစ်ပြီး ကျောက်တုံးတစ်တုံးစီသည် ကျဆုံးခဲ့ရသူတစ်ဦးချင်းစီကို ကိုယ်စားပြုပါသည်ဟုလည်း အမေရိကန်သံရုံးကဖော်ပြခဲ့သည်။

Zawgyi/

crd

unicode



