ြမိတ်ကျွန်းစု လန်ပိနှင့် လငန်းကျွန်းအနီးတွင် ကျောက်ငါးများ ဆက်တိုက်သေဆုံးနေ
ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာအုပ်စု အနီးတစ်ဝိုက်က ပင်လယ်ပြင်မှာ ကျောက်ငါး အများအပြားသေဆုံးမှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲလို ကျောက်ငါးသေဆုံးမှု ဖြစ်ပေါ်နေတာ တစ်လ နီးပါး အထိ ရှိနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီကျောက်ငါးတွေက ပင်လယ်ထဲမှာ ရေပေါ် ပေါ်ပြီး သေတာက အခု ဆိုလျှင် တစ်လလောက်ကို ရှိနေပြီး၊ ဘာကြောင့် သေမှန်းလည်း မသိဘူး အရင်က အခုလိုမျိုး သေတာ မကြုံဖူးဘူး”လို့ ဘုတ်ပြင်းမြို့နယ် မကြုံဂလတ် ကျေးရွာက ဦးခင်မောင်ထွေး ပြောပါတယ်။
ကျောက်ငါးသေဆုံးမှုတွေဟာ လန်ပိအဏ္ဍဝါ အမျိုးသားဥယျာဉ်နဲ့ LMMA ဧရိယာ (ဒေသခံများ ပူးပေါင်း ပါဝင်သော ရေပြင် ထိန်းသိမ်းရေး ဧရိယာ) ထဲမှာ ဖြစ်ပွား နေတာလို့ သိရပါတယ်။ “ပထမ စသေတာက လန်ပိဘက်က ညောင်ဝီးဘက်မှာ ဖြစ်တယ်၊ အခုက လငန်း၊ ပုလဲကျွန်းစတဲ့ ကျွန်းတွေမှာပါ ဖြစ်လိုက် လာတယ်”လို့ လငန်းကျေးရွာနေ ဦးမြင့်လွင် က ပြောပါတယ်။
သေဆုံးမှု ဖြစ်ပွားနေတဲ့ ကျောက်ငါး အရွယ်အစားတော့ တစ်ကောင်ကို (၂) ကီလိုကနေ (၃)ကီလို အရွယ်ရှိသလို ကီလို (၁၂၀) အရွယ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးနေတဲ့ ကျောက်ငါးတွေကို ဒေသခံ တချို့က ကောက်ယူပြီး ထိုင်းနိုင်ငံဘက်ကို တင်ပို့ ရောင်းချနေတာတွေရှိနေတယ်လို့လည်း သိရပါတယ်။
ကျောက်ငါးတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနက ငါးနှင့် ရေ နမူနာတွေကို ရယူပြီး ရန်ကုန် သာကေတ ဓါတ်ခွဲခန်းနှင့် ငါးရောဂါ ဌာနကို ပို့ဆောင် စစ်ဆေးနေတယ်လို ခရိုင် ဦးစီးမှူး ဦးသန့်ဇင်က ပြောပါတယ်။ အခုလို ကျောက်ငါးသေဆုံးမှုတွေဟာ ဗုံးခွဲ ငါးဖမ်းသူတွေကြောင့် သေဆုံးရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပေမယ့် အခု သေဆုံးမှုကတော့ ဗုံးခွဲငါးဖမ်းမှုကြောင့် သေဆုံးတဲ့ လဏ္ခာမျိုး မဟုတ်သလို အခုလို ဖြစ်စဉ်မျိုးလည်း မှ မမြင်ဘူးဖူးလို့ ဒေသခံတွေက ပြောကြား ပါတယ်။
မိတ်ကျွန်းစု လန်ပိနှင့် လငန်းကျွန်းအနီးတွင် ကျောက်ငါးများ ဆက်တိုက်သေဆုံးနေ
ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာအုပ်စု အနီးတစ်ဝိုက်က ပင်လယ်ပြင်မှာ ကျောက်ငါး အများအပြားသေဆုံးမှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲလို ကျောက်ငါးသေဆုံးမှု ဖြစ်ပေါ်နေတာ တစ်လ နီးပါး အထိ ရှိနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
“ဒီကျောက်ငါးတွေက ပင်လယ်ထဲမှာ ရေပေါ် ပေါ်ပြီး သေတာက အခု ဆိုလျှင် တစ်လလောက်ကို ရှိနေပြီး၊ ဘာကြောင့် သေမှန်းလည်း မသိဘူး အရင်က အခုလိုမျိုး သေတာ မကြုံဖူးဘူး”လို့ ဘုတ်ပြင်းမြို့နယ် မကြုံဂလတ် ကျေးရွာက ဦးခင်မောင်ထွေး ပြောပါတယ်။
ကျောက်ငါးသေဆုံးမှုတွေဟာ လန်ပိအဏ္ဍဝါ အမျိုးသားဥယျာဉ်နဲ့ LMMA ဧရိယာ (ဒေသခံများ ပူးပေါင်း ပါဝင်သော ရေပြင် ထိန်းသိမ်းရေး ဧရိယာ) ထဲမှာ ဖြစ်ပွား နေတာလို့ သိရပါတယ်။ “ပထမ စသေတာက လန်ပိဘက်က ညောင်ဝီးဘက်မှာ ဖြစ်တယ်၊ အခုက လငန်း၊ ပုလဲကျွန်းစတဲ့ ကျွန်းတွေမှာပါ ဖြစ်လိုက် လာတယ်”လို့ လငန်းကျေးရွာနေ ဦးမြင့်လွင် က ပြောပါတယ်။
သေဆုံးမှု ဖြစ်ပွားနေတဲ့ ကျောက်ငါး အရွယ်အစားတော့ တစ်ကောင်ကို (၂) ကီလိုကနေ (၃)ကီလို အရွယ်ရှိသလို ကီလို (၁၂၀) အရွယ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးနေတဲ့ ကျောက်ငါးတွေကို ဒေသခံ တချို့က ကောက်ယူပြီး ထိုင်းနိုင်ငံဘက်ကို တင်ပို့ ရောင်းချနေတာတွေရှိနေတယ်လို့လည်း သိရပါတယ်။
ကျောက်ငါးတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနက ငါးနှင့် ရေ နမူနာတွေကို ရယူပြီး ရန်ကုန် သာကေတ ဓါတ်ခွဲခန်းနှင့် ငါးရောဂါ ဌာနကို ပို့ဆောင် စစ်ဆေးနေတယ်လို ခရိုင် ဦးစီးမှူး ဦးသန့်ဇင်က ပြောပါတယ်။ အခုလို ကျောက်ငါးသေဆုံးမှုတွေဟာ ဗုံးခွဲ ငါးဖမ်းသူတွေကြောင့် သေဆုံးရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပေမယ့် အခု သေဆုံးမှုကတော့ ဗုံးခွဲငါးဖမ်းမှုကြောင့် သေဆုံးတဲ့ လဏ္ခာမျိုး မဟုတ်သလို အခုလို ဖြစ်စဉ်မျိုးလည်း မှ မမြင်ဘူးဖူးလို့ ဒေသခံတွေက ပြောကြား ပါတယ်