News
ယနေ့ထောင်ကလွတ်လာတဲ့ သူတွေရဲ့ အပြုံးနဲ့ ကြိုဆိုသူတွေရဲ့အပြုံးများ(ရုပ်သံ)
unicode
ဒီကနေ့အောက်တိုဘာလ ၁၉ ရက်နေ့တွင်လည်း ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်အကျဉ်းထောင်ရှေ့တွင်
လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာမည့် သူများကို ကြိုဆိုနေသည့်သူများနှင့် စည်ကားလျှက်ရှိပါတယ်။
လာရောက် စောင့်ဆိုင်း ကြိုဆိုနေကြသူများက မိုးလင်းကတည်းကလာရောက်စောင့်ဆိုင်း နေကြတာဖြစ်ပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်မှစတင်ကာ အင်းစိန်အကျဉ်းထောင်မှ
ဖမ်းဆီးထိန်းသိမ်းခံထားရသူ တချို့ကို တင်ဆောင်ထားသည့် YBS ကားများ စတင်ထွက်ရှိလျှက် ရှိပါတယ်။
လွတ်မြောက်လာသူများထဲတွင် သာကေတ ၊ သင်္ကန်းကျွန်း ၊ တာမွေ ၊ တောင်ဒဂုံ အစရှိသည့် အရှေ့ပိုင်းခရိုင် အတွင်း၌ရှိသော
မြို့နယ် ရဲစခန်းအသီးသီးမှ မတရားသဖြင့် တရားစွဲဆို ဖမ်းဆီးခံရသူများ ပါဝင်ကြောင်း သိရှိရပါတယ်။
အကျဉ်းထောင်အတွင်းမှ ကားများစတင်ထွက်ရှိလာသည်နှင့် တစ်ပြိုင်နက် လာရောက်ကြိုဆိုသူများက
မိမိတို့ မိသားစုဝင်များကို အချက်ပြသည့်အနေဖြင့် စာရွက်လေးတွေပေါ်မှာ နာမည်လေးတွေ ရေးပြီး ထောင်ပြနေကြပါတယ်။
လွတ်မြောက်လာသူများသည်လည်း စောင့်ဆိုင်းနေကြသော မိသားစုဝင်များ ချစ်ခင်ရသူများနှင့်
ပြန်လည်တွေဆုံရပြီဖြစ်တာကြောင့် ဝမ်းမြောက်ပျော်ရွှင်နေကြပါတယ်။
crd
crd