ပြည်တွင်းသတင်း

ယခု စတုတ္ထအကြိမ် အခြေခံလူတန်းစား ငွေကြေးထောက်ပံ့မှု အတွက် ငွေကျပ် ၁၆၃ ဘီလီယံကျော် ထောက်ပံ့မည်

Stay at Home အတွင်းရှိသော အိမ်ထောင်စု (၁)စုလျှင် (၄၀၀၀၀)ကျပ်နှုန်း နှင့် Stay at Home ပြင်ပတွင် ရှိသော အိမ်ထောင်စု (၁)စုလျှင် (၂၀၀၀၀)ကျပ်နှုန်း ထောက်ပံ့နေပြီး ယခု စတုတ္ထအကြိမ် အခြေခံလူတန်းစား ငွေကြေးထောက်ပံ့မှု အတွက် ငွေကျပ် ၁၆၃ ဘီလီယံကျော် ထောက်ပံ့သွားမယ်လို့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ထုတ်ပြန်လိုက်ပါတယ်။

COVID-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့ရာတွင် အိမ်ထောင်စုများထံ လက်ဝယ်အရောက် စနစ်တကျ ပေးအပ်နိုင်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နိုဝင်ဘာ ၁၀ ရက်နေ့ကတည်းက စတင်ဆောင်ရွက်‌လျက်ရှိတယ်လို့ဆိုပါတယ်။

Image may contain: 1 person, sitting and indoor

ဒေါပုံမြို့နယ် ကြည်စုရပ်ကွက် ရတနာသီရိလမ်းနေ ဦးရဲနောင်က “ ဒီဘက်အခြမ်းမှာ ရပ်ကွက် ၂ ခုပေါ့။ မြို့သစ်၊ ကြည်စုဆိုပြီးရှိတယ်။ မြို့သစ်ရပ်ကွက်လူတွေ အကုန်လုံးရတယ်။ ကြည်စုရပ်ကွက် က ဘာအသံမကြားဘူး။ ပေးတာလား။မပေးတာလား။ ဘယ်လိုလူတွေကို ပေးသလဲ ။ ဘယ်လို အိမ်ထောင်စု မျိုးကိုပေးသလဲဆိုတာ မသိရဘူး။ အစိုးရက ထောက်ပံ့တာ ၄ ကြိမ်ရှိပြီလို့ပြောတယ်။ တစ်ခါမှ မရဘူး” လို့ မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။

Image may contain: 3 people, people sitting and child

ယခုအကြိမ် ထောက်ပံ့ခြင်းသည် နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ်မြောက် ထောက်ပံ့ခြင်း ဖြစ်ပြီး Stay at Home ပြင်ပတွင် ရှိသော အိမ်ထောင်စု (၁)စုလျှင် (၂၀၀၀၀)ကျပ်နှုန်း၊ Stay at Home အတွင်းရှိသော အိမ်ထောင်စု (၁)စုလျှင် (၄၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၆.၁)သန်းခန့် အတွက် ကျပ်(၁၆၃.၉၀၅)ဘီလီယံကို နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသွားမှာဖြစ်ပြီး လက်ရှိတွင် နိုင်ငံတော်အစိုးရအနေဖြင့် COVID-19 ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုများကို ဖြေလျှော့ နိုင်ရန် ထုတ်ပြန်ထားသည့် “အားလုံးတစ်ပေါင်းတည်းကျော်လွှားခြင်း- ကိုဗစ်၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်(COVID-19 Economic Relief Plan-CERP)” ပါ လုပ်ငန်းစဉ်များအရ အခြေခံ စားကုန် (၅)မျိုး ဖြန့်ဝေခြင်းကို အိမ်ထောင်စုပေါင်း (၄.၆) သန်းအတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် လည်းကောင်း၊ အခြေခံစားကုန် (၅)မျိုး ဖြန့်ဝေရာ၌ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သော အိမ်ထောင်စုများကို ငွေကျပ် (၁၅,၀၀ဝိ)နှုန်းဖြင့် ၂၀၂၀ပြည့်နှစ်၊ ဇွန်လတွင်လည်းကောင်း ထောက်ပံ့ ပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

Image may contain: one or more people and people sitting

Myanma Platform