အနုပညာသတင်း

အရမ်းကိုချစ်ရတဲ့သမီးလေးရဲ့ (၁) လပြည့်မွေးနေ့လေးမှာ အလှူအတန်းတွေများစွာပြုလုပ်ပြီးကုသိုလ်ယူခဲ့ကြတဲ့ နက္ခတ်တို့ဇနီးမောင်နှံ






Source – နက္ခတ်

Credit ; CeleZone

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားချော နက္ခတ်ကတော့ ပြီးခဲ့တဲ့ တစ်လက သမီးဦးလေးကို မွေးဖွားခဲ့ပြီး ဖခင်တစ်ယောက်ဖြစ်သွားခဲ့တာပရိသတ်တွေသိရှပြီးသားဖြစ်မယ်ထင်ပါတယ်နော်။ ဒီနေ့ အောက်တိုဘာလ(၁၉)ရက်နေ့လေးကတော့ နက္ခတ်ရဲ့ သမီးလေး (၁)လပြည့်မြောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

ဒီနေ့သမီးလေးရဲ့ မွေးနေ့အတွက်ကိုတော့ နက္ခတ်က သမီးလေးရဲ့ မွေးနေ့အထိမ်အမှတ်အနေနဲ့ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ပါတယ်။ နဂါရုံဘုရားတွင် သမီးလေး(၁)လပြည့်မွေးနေ့အလှူအနေနဲ့ သက်သက်လွတ်ဆွမ်းကပ်လှူခြင်း၊ ပုပ္ပါး တောင်ကလပ်ရှိ အဘဘိုးမင်းခေါင်အတွက် ကန်တော့ပွဲ နှင့် ဆေးပေါ့လိပ် တို့ကိုကပ်လှူခြင်းစတဲ့ အလှူဒါနတွေကိုပြုလုပ်ခဲ့ပါတယ်။


Happy Birthday ပါ သမီးလေး အက္ခရာသွန်းခြယ်ရေ။ မိဘအားကိုးအားထားပြုရတဲ့ သမီးလိမ္မာလေးတစ်ယောက်ဖြစ်ပါစေလို့ ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေလည်း သမီးလေး အက္ခရာသွန်းခြယ်အတွက် မွေးနေ့ဆုတောင်းလေးတွေတောင်းပေးခဲ့ကြပါဦးနော်။

Source – နက္ခတ်