နိုင္ငံတကာသတင္း

ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် ကုလတောင်းဆို

စစ်ကောင်စီက အကျဉ်းသားတွေလွှတ်ပေးလိုက်တာနဲ့ပတ်သက်လို့ ကုလသမဂ္ဂက အသေးစိတ် အချက်လက်တွေကို သိအောင် လုပ်သွားမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်ပြီးလွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ စတက်ဖနီဒူဂျာရစ်က အောက်တိုဘာ ၁၈ မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုကို အဆုံးသတ်ဖို့၊ ဖိနှိပ်မှုကို အဆုံးသတ်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကြေညာချက်ထဲမှာ နိုင်ငံရေးအရ ပြစ်ဒဏ်ကျခံနေရသူ ၁,၃၁၆ ယောက်ကို ကန့်သတ်ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သလို အမှုရင်ဆိုင်နေရဆဲ ဖမ်းဆီးထိန်းသိမ်းထား သူ ၄,၃၂၀ ကို အမှုတွေ ပိတ်သိမ်းပြီး ပြန်လွှတ်ပေးမယ်လို့ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ကတော့ နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

မနေ့က ရန်ကုန် အင်းစိန်ထောင်က အကျဉ်းသား ၆၄၇ ဦး၊ မန္တလေး အိုးဘိုထောင်က အယောက် ၈၀၊ ဘားအံထောင်က ၇၁ ယောက်၊ ကော့သောင်းထောင်မှ အချုပ်သား ၄၆ ဦး၊ သာယာဝတီထောင်မှာ ၁၂ ဦး၊ ပဲခူးအချုပ်ထောင်မှာ ၇ ဦး စသဖြင့်ပြန်လွတ်လာပြီး မိတ္ထီလာထောင်မှ လွတ်မြောက်လာသူ ၃၈ ဦးအနက် ၁၁ ဦး ပြန်အဖမ်းခံရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ စာရင်းတွေအရတော့ နွေဦးတော်လှန်ရေးကာလအတွင်း မနေ့ကအထိ ပြည်သူ ၉၀၄၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၃၅၅ ယောက်ကတော့ လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၅၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

unicode

စစ္ေကာင္စီက အက်ဥ္းသားေတြလႊတ္ေပးလိုက္တာနဲ႔ပတ္သက္လို႔ ကုလသမဂၢက အေသးစိတ္ အခ်က္လက္ေတြကို သိေအာင္ လုပ္သြားမွာ ျဖစ္သလို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ နိုင္ငံေရးအက်ဥ္းသားအားလုံး ျပန္ၿပီးလႊတ္ေပးဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ေတာင္းဆိုေၾကာင္း အတြင္းေရးမႉးခ်ဳပ္႐ုံး ေျပာခြင့္ရသူ စတက္ဖနီဒူဂ်ာရစ္က ေအာက္တိုဘာ ၁၈ မွာ ေျပာပါတယ္။

ျမန္မာနိုင္ငံမွာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္ အပါအဝင္ နိုင္ငံေရးအရ ဖမ္းဆီးထားသူ အားလုံးကို ျပန္လႊတ္ေပးဖို႔၊ အၾကမ္းဖက္မႈကို အဆုံးသတ္ဖို႔၊ ဖိႏွိပ္မႈကို အဆုံးသတ္ဖို႔ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့တယ္လို႔ ဆိုပါတယ္။

စစ္ေကာင္စီရဲ့ ေၾကညာခ်က္ထဲမွာ နိုင္ငံေရးအရ ျပစ္ဒဏ္က်ခံေနရသူ ၁,၃၁၆ ေယာက္ကို ကန႔္သတ္ခ်က္နဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳလိုက္သလို အမႈရင္ဆိုင္ေနရဆဲ ဖမ္းဆီးထိန္းသိမ္းထား သူ ၄,၃၂၀ ကို အမႈေတြ ပိတ္သိမ္းၿပီး ျပန္လႊတ္ေပးမယ္လို႔ ေဖာ္ျပထားပါတယ္။

ေအာက္တိုဘာ ၁၈ ရက္ေန႔ကေတာ့ နိုင္ငံတဝန္း အက်ဥ္းေထာင္ေတြမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ သတင္းသမားေတြ၊ နိုင္ငံေရးလႈပ္ရွားသူေတြ အပါအဝင္ နိုင္ငံေရးအက်ဥ္းသားေတြ ျပန္လည္လြတ္ေျမာက္ခဲ့ပါတယ္။

မေန႔က ရန္ကုန္ အင္းစိန္ေထာင္က အက်ဥ္းသား ၆၄၇ ဦး၊ မႏၲေလး အိုးဘိုေထာင္က အေယာက္ ၈၀၊ ဘားအံေထာင္က ၇၁ ေယာက္၊ ေကာ့ေသာင္းေထာင္မွ အခ်ဳပ္သား ၄၆ ဦး၊ သာယာဝတီေထာင္မွာ ၁၂ ဦး၊ ပဲခူးအခ်ဳပ္ေထာင္မွာ ၇ ဦး စသျဖင့္ျပန္လြတ္လာၿပီး မိတၳီလာေထာင္မွ လြတ္ေျမာက္လာသူ ၃၈ ဦးအနက္ ၁၁ ဦး ျပန္အဖမ္းခံရပါတယ္။

နိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း(ေအေအပီပီ)ရဲ့ စာရင္းေတြအရေတာ့ ေႏြဦးေတာ္လွန္ေရးကာလအတြင္း မေန႔ကအထိ ျပည္သူ ၉၀၄၃ ေယာက္ ဖမ္းဆီးခံခဲ့ရကာ ၇၃၅၅ ေယာက္ကေတာ့ လက္ရွိ ခ်ဳပ္ေႏွာင္ခံထားရဆဲျဖစ္ၿပီး အဲဒီထဲက ၃၅၄ ေယာက္ကေတာ့ ေထာင္ဒဏ္ ခ်မွတ္ခံထားရပါတယ္။

crd