ယနေ့ ကိုဗစ်-၁၉ ကုသရေး အတွက် သွေးရည်ကြည်ကို ဆေးသုတေသနမှာ လှူဒါန်းခဲ့ပါတယ်ရှင်။ သွေးရည်ကြည်လှူဒါန်းရာတွင် (စာကို သေချာလေးဖတ်ပေးနော်) ကိုဗစ် ရောဂါ ပျောက်ကင်းပြီး ဆေးရုံဆင်းလက်မှတ်နှင့်အတူ နေအိမ်တွင် ၂၈ ရက်အတွင်း ကျန်းမာစွာ နေထိုင်ပြီးသူ ဖြစ်ရပါမယ်။ ပေါင်ချိန် ၁၂၀ အနည်းဆုံးရှိရပါမယ်။ ကျန်တဲ့စည်းမျည်းစည်းကမ်းက ပုံမှန် ရိုးရိုးသွေးလှူတာနဲ့ အတူတူပါပဲ။
Appointment က တော့ နှစ်ခါယူရပါတယ်ရှင့်။ ပထမတစ်ခါမှာ သွေးနမူနာယူခြင်း၊ ပေါင်ချိန်ခြင်း၊ Form ဖြည့်ခြင်းတို့ လုပ်ရပါတယ်။ ယူထားတဲ့သွေးနမူနာကို ဓာတ်ခွဲစစ်ဆေးပြီး Antibody အရေအတွက်ကို စစ်တယ်ပြောပါတယ်။ နှစ်ရက်အကြာမှာ ဖုန်းဆက်ပြီး လှူလို့ ရ/မရ ကို အကြောင်းကြားပါတယ်။ ညီမက ကံကောင်းစွာနဲ့ပဲ လှူခွင့်ရခဲ့ပါတယ်။ တစ်လခြားတစ်ခါ လှူလို့ရတယ် ပြောပါတယ်ရှင့်။ ညီမ တို့ကတော့ သားအဖ သုံးယောက်လုံး ကိုဗစ် ဖြစ်ခဲ့ရာမှာ အဖေက ပေါင်မပြည့်လို့ မလှူခဲ့ရပေမဲ့ ညီမနဲ့ ညီမရဲ့အကို ကတော့ လှူခွင့်ရခဲ့ပါတယ်။ ညီမ လို အလားတူ ကိုဗစ် ပျောက်ကင်းပြီး ကျန်းမာလျက်ရှိနေသူများကို သွေးရည်ကြည်လှူဒါန်း ဒါနပြုရန် တိုက်တွန်းပါတယ်ရှင်။
“အသက်ကယ်မ၊ မြတ်ဒါနဟု ကိုယ်မှဖြစ်တည်၊ သွေးရည်ကြည်ကို ပီတိစိတ်ထား၊ မေတ္တာပွားကာ အားဖြစ်ပါစေ၊ လူနာတွေဖို့ ဤမြေကမ္ဘာ၊ ပန်သစ္စာ၍ ဒါနမြတ်မျိုး၊ မော်ကွန်းထိုး” ဤကဗျာကို ခရက်ဒစ် ပေးပါတယ် အာကာမိုး လင်းခန့် (မြန်မာစာ)
ယနေ့ ကိုဗစ်-၁၉ ကုသရေးအတွက် သွေးရည်ကြည် မြတ်ဒါနပြု သွားရောက်လှူဒါန်းခဲ့ပါသည်။ (ToeToe Khaing)