ပြည်တွင်းသတင်း

ဒေါ်လာသန်း ၂၁၀၀ ကုန်ကျမယ့် ဂျပန် – မြန်မာ ပူးပေါင်း တည်ဆောက်မယ့် ရန်ကုန်ဘူတာကြီးစီမံကိန်း

၂၀၁၅ ခုနှစ်မှာတင်ဒါစခေါ်ခဲ့တဲ့ ဒီဘူတာကြီးအဆင့်မြင့်စီမံကိန်းကိုတရုတ်၊စင်ကာပူ၊မြန်မာ ဖက်စပ်အုပ်စုတစ်ခုက ၂၀၁၈ ခုနှစ်မှာအောင်မြင်ခဲ့ပေမယ့်၊ငွေရေးကြေးရေးပြသနာတွေကြောင့်၊ မြန်မာအစိုးရဟာ ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ဆူမီတိုမိုကုမ္ပဏီနဲ့ ၂၀၁၉ ခုနှစ်ကုန်ခါနီးမှာ အစားထိုးခဲ့ရပါတယ်။

မူလဒီဇိုင်းကိုမပြောင်းလဲဘဲ ဆောက်မယ့်ဒီဘူတာကြီးစီမံကိန်းဟာဒေါ်လာသန်း ၂၁၀၀ ကုန်ကျမှာဖြစ်ပြီး၊ ဆောက်လုပ်ချိန် ၈ နှစ်ကြာမြင့်မှာဖြစ်ပါတယ်။

၁၈၇၇ ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီး၊ ၁၉၂၀ မှာ ပြန်ဆောက်ခဲ့ရတဲ့ ဒီသမိုင်းဝင်ရန်ကုန်ဘူတာကြီးကိုမူလလက်ရာများမပျက်စီးစေဘဲ ပြန်လည်တည်ဆောက်ကြရမှာဖြစ်ပါတယ်။စီမံကိန်းအကျယ် ၆၃.၅ ဧက ရှိပြီး၊ ဘူတာကြီးအပြင် ပါတ်ခြာလည်မှာအဆင့်မြင့်ရုံးခန်း၊ ဟော်တယ်၊ ကွန်ဒို၊ ရှော့ပင်းမော၊ ပန်းခြံနဲ့ ရထားပြတိုက်တွေပါအုံးမှာမို့လာမယ့် ၈ နှစ်အတွင်း ရန်ကုန်မြို့ထဲက သွားလာလည်ပါတ်စရာကောင်းတဲ့နေရာတစ်ခုဖြစ်လာအုံးမှာ‌သေခြာနေပါတော့တယ်။

ယခုတင်ဒါတင်ထားသူတွေကို စိစစ်နေတာမို့၊ များမကြာခင်တင်ဒါအောင်သူကို ကြေငြာပေးသွားပါတော့မှာပဲ ဖြစ်ပါတယ်။ရွှေပြည်ကြီးမှာကဖြင့် မင်္ဂလာသတင်းတွေက နေ့တိုင်းကြားလာနေရပါတော့တယ်။တရုတ်ကုမ္ပဏီကို ကန်ထုတ်ပြီး၊ ဂျပန်ကုမ္ပဏီကို အစားထိုးလာတာကလည်းမြန်မာအစိုးရသစ်နဲ့ ဂျပန်အစိုးရတို့ရဲ့ အပြန်အလှန်ယုံကြည်ကိုးစားမှုကိုပြသရာရောက်နေတာမို့ ပြည်သူအများ စိတ်ချမ်းသားစရာသတင်းပါပဲ။

Ref: Project Bank, MMTimes, Aseantravel – Zin Min Nyein

zawgyi version