ပြည်တွင်းသတင်း

ဒီမိုကရေစီ ဆန္ဒတွေ အမြန်ဆုံး ပြည့်ပါစေလို့ ဗြိတိသျှ သံရုံး တာဝန်ခံသီတင်းကျွတ် ဆုတောင်း

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒတွေ အမြန်ဆုံး ပြည့်ပါစေလို့ ဗြိတိသျှ သံရုံး တာဝန်ခံ ဆုတောင်းစကား ပြောကြား

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒတွေ အမြန်ဆုံး ပြည့်ပါစေလို့ မြန်မာနိုင်ငံဆိုင်ရာ

ဗြိတိသျှ သံရုံး (ရန်ကုန်)ယာယီတာဝန်ခံက သီတင်းကျွတ် ဆုတောင်းစကား ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဗြိတိသျှ သံရုံး ရန်ကုန် ယာယီ တာဝန်ခံ ရူရစ်ခ် မာစ်ဒန်က “သီတင်းကျွတ်အခါသမယမှာ

မြန်မာပြည်သူတွေအားလုံး ဘေးကင်းလုံခြုံ၊ ကျန်းမာပြီး ဒီမိုကရေစီဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့

ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ယင်းအပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်အသက်၀င်ရေးအတွက် ကျွန်တော်တို့ယူကေအစိုးရက

ဆက်လက်ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်လို့လည်း ပြောကြားထားပါတယ်။

credit

unicode









credit