ျပည္တြင္းသတင္း

လူနာတင္ယာဥ္ဆိုၿပီး ေပါ့ဆမိလို႕ ဆားေတာင္PDF စခန္း ၀င္စီးခံရ

ဆားေတာင္ PDF စခန္းကို လူနာတင္ယာဥ္သုံးၿပီး စစ္ေကာင္စီတပ္ ဝင္စီး

စစ္ကိုင္းၿမိဳ႕နယ္၊ ဆားေတာင္ၿမိဳ႕ ေဒသခံကာကြယ္ေရးအဖြဲ႕ (PDF) ယာယီသင္တန္းစခန္းေနရာကို ေအာက္တိုဘာ ၁၇ တြင္ စစ္ေကာင္စီတပ္က ဝင္ေရာက္စီးနင္း တိုက္ခိုက္ရာ PDF ၂ ဦး ေသဆုံးၿပီး တစ္ဦး ဖမ္းဆီးခံရသည္။

မနက္ ၅ နာရီဝန္းက်င္၌ ဆားေတာင္ၿမိဳ႕အနီး ၃ မိုင္ခန႔္အကြာရွိ ေတာတြင္းစခန္းကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃၀ ခန႔္က လူမႈကူညီေရးအသင္းကားတစ္စီးအပါအဝင္ ဆိုင္ကယ္မ်ားျဖင့္ ေရာက္ရွိလာျခင္းျဖစ္သည္ဟု သိရသည္။

တစ္နာရီနီးပါးၾကာ အျပန္အလွန္ပစ္ခတ္မႈအတြင္း PDF အဖြဲ႕ဝင္ အသက္ ၂၃ ႏွစ္အရြယ္ ကိုေဇာ္ထက္ေအာင္ႏွင့္ အသက္ ၃၀ အရြယ္ ကိုမ်ိဳးကိုကိုတို႔ ေသဆုံးၿပီး အဖြဲ႕ဝင္တစ္ဦး အဖမ္းခံခဲ့ရသည္ဟု ဆားေတာင္ၿမိဳ႕၊ ေဒသခံကာကြယ္ေရးအဖြဲ႕မွ အဖြဲ႕ေခါင္းေဆာင္ ကိုယကၡက ေျပာသည္။

“ကိုမ်ိဳးကိုကိုက ေပါင္ကို ထိတယ္။ (ေပါင္ထိၿပီးေနာက္) သူက ခံပစ္ေတာ့မယ္၊ က်န္တဲ့လူေတြ လြတ္ေအာင္ေျပးဆိုၿပီး ခံပစ္ရင္း၊ ကိုယ့္ရဲေဘာ္ေတြ လြတ္ရာ ေျပးခိုင္းၿပီး ခံပစ္ေပးတဲ့အခါမွာ ရင္ဘတ္ထိတယ္။ အဲ့ဒီကေန က်ဆုံးသြားတာေပါ့။ သူ (ကိုေဇာ္ထက္ေအာင္) လည္း ခံပစ္ရင္းနဲ႔ က်ည္သင့္သြားတာ” ဟု ကိုယကၡက ေျပာျပသည္။

က်န္အဖြဲ႕ဝင္မ်ားမွာ ေဘးလြတ္ရာသို႔ ေရွာင္တိမ္းနိုင္ခဲ့ၿပီး ပစၥည္းတခ်ိဳ႕ကိုလည္း အခ်ိန္မီ ယူေဆာင္ေရႊ႕ေျပာင္းနိုင္ခဲ့သည္ဟု သူက ဆက္ေျပာသည္။

ေသဆုံးသြားခဲ့ရသည့္ PDF အဖြဲ႕ဝင္ ကိုေဇာ္ထက္ေအာင္သည္ စစ္ကိုင္းနည္းပညာတကၠသိုလ္၊ စက္မႈအင္ဂ်င္နီယာဌာန ပဥၥမႏွစ္ေက်ာင္းသားျဖစ္ၿပီး အာဏာရွင္ေတာ္လွန္ေရး၊ ဖက္ဒရယ္ဒီမိုကေရစီ နိုင္ငံေတာ္တည္ေဆာက္ေရးတို႔အတြက္ ႀကိဳးပမ္းစဥ္ ေသဆုံးခဲ့ေၾကာင္း စစ္ကိုင္းနည္းပညာတကၠသိုလ္ေက်ာင္းသားသမဂၢက ထုတ္ျပန္ထားသည္။

“သူက ေက်ာင္းမွာတုန္းက ပရဟိတလႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့တဲ့သူပါ။ အေနေအးတဲ့ေက်ာင္းသားလို႔ ေျပာလို႔ရပါတယ္” ဟု စစ္ကိုင္းနည္းပညာတကၠသိုလ္ေက်ာင္းသားသမဂၢဥကၠ႒က မွတ္ခ်က္ျပဳသည္။

PDF အဖြဲ႕ဝင္ ၂ ဦး၏ ႐ုပ္အေလာင္းမ်ားကို စစ္တပ္ဘက္က သယ္ေဆာင္သြားသည္ဟု သိရသည္။

စစ္ပြဲတြင္ အသာစီးရလိုသျဖင့္ လူနာတင္ယာဥ္အသုံးျပဳေသာ စစ္တပ္၏ လုပ္ရပ္ကို ရႈတ္ခ်ေၾကာင္း ကိုယကၡက ေျပာသည္။

“လူမႈကူညီေရးအသင္းကားေတြဆိုတာ စစ္တိုက္တဲ့ေနရာမွာ သုံးဖို႔ ထားတာမဟုတ္ဘူး။ ဒါေၾကာင့္ စကစအေနနဲ႔ ဒါမ်ိဳးလုပ္ျခင္းဟာ စစ္ရာဇဝတ္မႈက်ဴးလြန္တယ္လို႔ ကၽြန္ေတာ္တို႔ကေတာ့ သတ္မွတ္တယ္” ဟု ၎ PDF အဖြဲ႕ေခါင္းေဆာင္ က ဆိုသည္။

“ပရဟိတကား ယူသုံးၿပီး တိုက္တယ္ဆိုတာက အင္မတန္မွ စက္ဆုပ္ရြံရွာဖြယ္ရာေကာင္းတဲ့လုပ္ရပ္ပဲ”

လက္နက္ကိုင္ခုခံမႈအားေကာင္းသည့္ ေနရာမ်ားတြင္ စစ္တပ္က လူနာတင္ယာဥ္မ်ား၊ လူမႈကူညီေရးအသင္းကားမ်ားကို အသြင္ယူစီးနင္းေနၾကၿပီး ဇူလိုင္ ၂၈ ကလည္း ကနီၿမိဳ႕နယ္၊ ေအာင္မဂၤလာေက်းရြာအနီး လူနာတင္ကားေပၚ လိုက္ပါလာသည့္ စစ္ေကာင္စီအဖြဲ႕ဝင္မ်ားက ပစ္ခတ္ခဲ့၍ ေဒသခံတစ္ဦး ေသဆုံးခဲ့သည္။

unicode

ဆားတောင် PDF စခန်းကို လူနာတင်ယာဉ်သုံးပြီး စစ်ကောင်စီတပ် ဝင်စီး

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) ယာယီသင်တန်းစခန်းနေရာကို အောက်တိုဘာ ၁၇ တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ PDF ၂ ဦး သေဆုံးပြီး တစ်ဦး ဖမ်းဆီးခံရသည်။

မနက် ၅ နာရီဝန်းကျင်၌ ဆားတောင်မြို့အနီး ၃ မိုင်ခန့်အကွာရှိ တောတွင်းစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်က လူမှုကူညီရေးအသင်းကားတစ်စီးအပါအဝင် ဆိုင်ကယ်များဖြင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။

တစ်နာရီနီးပါးကြာ အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF အဖွဲ့ဝင် အသက် ၂၃ နှစ်အရွယ် ကိုဇော်ထက်အောင်နှင့် အသက် ၃၀ အရွယ် ကိုမျိုးကိုကိုတို့ သေဆုံးပြီး အဖွဲ့ဝင်တစ်ဦး အဖမ်းခံခဲ့ရသည်ဟု ဆားတောင်မြို့၊ ဒေသခံကာကွယ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုယက္ခက ပြောသည်။

“ကိုမျိုးကိုကိုက ပေါင်ကို ထိတယ်။ (ပေါင်ထိပြီးနောက်) သူက ခံပစ်တော့မယ်၊ ကျန်တဲ့လူတွေ လွတ်အောင်ပြေးဆိုပြီး ခံပစ်ရင်း၊ ကိုယ့်ရဲဘော်တွေ လွတ်ရာ ပြေးခိုင်းပြီး ခံပစ်ပေးတဲ့အခါမှာ ရင်ဘတ်ထိတယ်။ အဲ့ဒီကနေ ကျဆုံးသွားတာပေါ့။ သူ (ကိုဇော်ထက်အောင်) လည်း ခံပစ်ရင်းနဲ့ ကျည်သင့်သွားတာ” ဟု ကိုယက္ခက ပြောပြသည်။

ကျန်အဖွဲ့ဝင်များမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင်ခဲ့ပြီး ပစ္စည်းတချို့ကိုလည်း အချိန်မီ ယူဆောင်ရွှေ့ပြောင်းနိုင်ခဲ့သည်ဟု သူက ဆက်ပြောသည်။

သေဆုံးသွားခဲ့ရသည့် PDF အဖွဲ့ဝင် ကိုဇော်ထက်အောင်သည် စစ်ကိုင်းနည်းပညာတက္ကသိုလ်၊ စက်မှုအင်ဂျင်နီယာဌာန ပဥ္စမနှစ်ကျောင်းသားဖြစ်ပြီး အာဏာရှင်တော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် ကြိုးပမ်းစဉ် သေဆုံးခဲ့ကြောင်း စစ်ကိုင်းနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားသည်။

“သူက ကျောင်းမှာတုန်းက ပရဟိတလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့သူပါ။ အနေအေးတဲ့ကျောင်းသားလို့ ပြောလို့ရပါတယ်” ဟု စစ်ကိုင်းနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌက မှတ်ချက်ပြုသည်။

PDF အဖွဲ့ဝင် ၂ ဦး၏ ရုပ်အလောင်းများကို စစ်တပ်ဘက်က သယ်ဆောင်သွားသည်ဟု သိရသည်။

စစ်ပွဲတွင် အသာစီးရလိုသဖြင့် လူနာတင်ယာဉ်အသုံးပြုသော စစ်တပ်၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ကိုယက္ခက ပြောသည်။

“လူမှုကူညီရေးအသင်းကားတွေဆိုတာ စစ်တိုက်တဲ့နေရာမှာ သုံးဖို့ ထားတာမဟုတ်ဘူး။ ဒါကြောင့် စကစအနေနဲ့ ဒါမျိုးလုပ်ခြင်းဟာ စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ ကျွန်တော်တို့ကတော့ သတ်မှတ်တယ်” ဟု ၎င်း PDF အဖွဲ့ခေါင်းဆောင် က ဆိုသည်။

“ပရဟိတကား ယူသုံးပြီး တိုက်တယ်ဆိုတာက အင်မတန်မှ စက်ဆုပ်ရွံရှာဖွယ်ရာကောင်းတဲ့လုပ်ရပ်ပဲ”

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် နေရာများတွင် စစ်တပ်က လူနာတင်ယာဉ်များ၊ လူမှုကူညီရေးအသင်းကားများကို အသွင်ယူစီးနင်းနေကြပြီး ဇူလိုင် ၂၈ ကလည်း ကနီမြို့နယ်၊ အောင်မင်္ဂလာကျေးရွာအနီး လူနာတင်ကားပေါ် လိုက်ပါလာသည့် စစ်ကောင်စီအဖွဲ့ဝင်များက ပစ်ခတ်ခဲ့၍ ဒေသခံတစ်ဦး သေဆုံးခဲ့သည်။